» သတင်း

အစ္စရေးနိုင်ငံ၏တိုက်ခိုက်မှုများကို အီရန်နိုင်ငံဘက်က ချက်ချင်းလက်တုံ့ပြန်ရန်အလားလာနည်း ဟုဆို

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက Isfahan မြို့ကို အစ္စရေးနိုင်ငံက ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်လည်း အီရန်၏လေကြောင်းရန်ကာကွယ်ရေးစနစ်များက ပစ်ချကာကွယ်နိုင်ခဲ့သည့်အတွက် ထိခိုက်ပျက်စီးခြင်းများမရှိခဲ့ကြောင်း ပြောသည်။

မြန်မာအရေးအတွက် တရုတ်နှင့် အာဆီယံကြား ပိုမိုပူးပေါင်းဆောင်ရွက်ရမည် ဟုဆို

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရေးအငြင်းပွားမှုများတွင် ပါဝင်နေသည့်အဖွဲ့စည်းများအပေါ် သြဇာလွမ်းမိုးမှုရှိနေသည့် အဓိကနိုင်ငံဖြစ်ပြီး ပြီးခဲသောဇန်နဝါရီလက သက်ဆိုင်ရာအဖွဲ့စည်းများကြား အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် ကြားဝင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိသည်။

မြန်မာနယ်စပ်ဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်အကြမ်းဖက်မှုများ ရပ်တန့်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တိုက်တွန်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ဧပြီ ၁၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံရေးအခက်ခဲတွင်ပါဝင်နေသော လက်နက်ကိုင်အဖွဲ့စည်းအားလုံးအား အကြမ်းဖက်မှုများလျော့ချရန်နှင့် နယ်စပ်ဒေသများတွင် တိုက်ပွဲများမဖြစ်စေရန် သည်းခံချုပ်တည်းရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်လွှတ်တော်၏ခွင့်ပြုချက်မရပါက ယူကရိန်းတွင် ဒုတိယအစီအစဉ်မရှိဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဆို

အမေရိကန်အစိုးရသည် ရုရှားနှင့်စစ်ဖြစ်နေသည့် ယူကရိန်းကို အမေရိကန်ဒေါ်လာ ဘီလျံ ၆၀ကျော် ထပ်မံကူညီပေးရန် စီစဉ်ခဲ့သော်လည်း အောက်လွှတ်တော်၏ကန့်ကွက်မှုများ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အစ္စရေးကိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အီရန်စစ်တပ်တာဝန်ရှိသူများနှင့် ကုမ္မဏီများကို အမေရိကန်နှင့် ဗြိတိန်တို့ ပိတ်ဆို့မှုများချမှတ်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းသည် ဂျီ ၇ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုချမှတ်ခြင်းကို သ တင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးက အီရန်နိုင်ငံကိုလက်တုံ့ပြန်တိုက်ခိုက်

အမေရိကန်အခြေစိုက် အေဘီစီသတင်းဌာနက အစ္စရေးဒုံးကျည်များသည် အီရန်နိုင်ငံအတွင်းရှိနေရာများကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။ အီရန်နိုင်ငံပိုင် ရုပ်သံ ဌာနကတော့ အီရန်နိုင်ငံပိုင်ဝေဟင်တွင် ပျံသန်းနေသည့်ဒရုန်းသုံးစင်းကို တွေ့မြင်ခဲ့ကြောင်း၊ အီရန်နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ဒရုန်းများကို ပစ်ချဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၄၇ ဦး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာ

ဘင်္ဂလားဒေရှ့်နှင့် နယ်စပ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်တွင် နစကတပ်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ဘင်္ဂ လားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခြင်းများရှိခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံကိုကာကွယ်ရန် ကိုယ်တိုင်ဆုံးဖြတ်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

အီရန်နှင့် အစ္စရေးနိုင်ငံကြား တင်းမာမှုများဖြစ်ပွားနေချိန်တွင် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုများက အစ္စရေးနိုင်ငံဘက်ခြမ်းကို ဧပြီ ၁၈ ရက်နေ့တွင် ရော့ကဒ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၈ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

မြန်မာနယ်စပ်တွင် စစ်ရေးလေ့ကျင့်ခန်း ထပ်မံလုပ်ဆောင်မည်ဟု တရုတ်စစ်တပ် သတင်းထုတ်ပြန်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သောနှစ်၊ အောက်တိုဘာလက တိုက်ပွဲများစတင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်စစ်တပ်သည် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ရာ ယခုပြုလုပ်မည့် စစ်ရေးလေ့ကျင့်ခန်းက သုံးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့်အခုတ်ခံရ

"အခု ဓားနဲ့အခုတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကိစ္စတွေမှာ ဦးဆောင်လုပ်နေတာ။ သု့ကို အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး လူငယ်တွေကမကျေနပ်ကြတာရှိတယ်လေ။ အခုအုပ်ကြီးက လူမုန်းအရမ်းများတာ။ အခုတော့ ဒီလိုဓားထိုးခံရတာပဲ။ မသေသေးဘူး ဆေးရုံတော့တင်လိုက်ရတယ်တဲ့။" ဟု ၎င်းကဆက်ပြောသည်။