» သတင်း

ရွှေပြည်သာတွင် ယာဥ်သုံးစီးဆင့်တိုက်မှုဖြစ်ပွား ၂၂ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းမ​ပေါ်၊ ငါးကန်လမ်းထိပ်တွင် ဧပြီ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်က သာဓုကန်ဘုရားပွဲသို့လာသည့်ယာဥ်နှင့် ​မော်​တော်ယာဥ်သုံးစီး ဆင့်ကဲတိုက်မှုဖြစ်ပွားခဲ့ရာ လူ ၂၂ ဦး…

ထိုင်းတွင် တရားမဝင်ငွေသား ဘတ်သန်း ၈၀ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်​၊ တာ့ခ်ခရိုင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဧပြီ ၇ ရက်တွင် မသင်္ကာဖွယ်ရာကားတစ်စီးအား တားဆီးစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသို့ တရားမဝင်​ပေးပို့မည့် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ဆက်စပ်သည့် ငွေသားဘတ်သန်း ၈၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအ​ခြေစိုက် ဘန်​ကောက်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အစ္စရေးကို တိုက်ခိုက်မှုများအတွက် အီရန်ကိုအမေရီကန်နှင့် မဟာမိတ်များ ပစ်မှတ်ထားပိတ်ဆို့မည်

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်က အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ၏ ဒုံးကျည်နှင့် ဒရုန်းအစီစဉ်များကိုပစ်မှတ်ထားပြီး လာမည့်ရက်ပိုအတွင်း ပိတ်ဆို့မှုချမှတ်သွားမည်ဖြစ်ကြောင်း ပြောသည်။

တစ်ရက်လျှင် ယူကရိန်းနိုင်ငံသား မည်မျှသေဆုံးနေသည်ကို အမေရိကန်နိုင်ငံရေးသမားများ ဂရုမစိုက်ကြောင်း ယူကရိန်းသမ္မတ ဆို

အမေရိကန်နိုင်ငံရေးသမားများသည် ယူကရိန်းကို အကူညီပေးရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးကစားပွဲကို ကစားနေကြောင်း၊ ယူကရိန်းနိုင်ငံသား ဘယ်နှစ်ဦးအထိ သေဆုံးမည်ဆိုသောအချက်ကို အမေရိကန်နိုင်ငံရေးသမားများ ဂရုမစိုက်ကြောင်း သမ္မတဇီလန်စကီးက ဝေဖန်ပြစ်တင်လိုက်သည်။

ဧရာဝတီတိုင်းတွင် မတ်လအတွင်း မီးလောင်မှုကြောင့် နေအိမ် ၆၀ ထက်မနည်း ဆုံးရှုံးခဲ့ပြီး ၆ ဦးထိခိုက်ဒဏ်ရာရ

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် မတ်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း မီးလောင်မှုများကြောင့် လူနေအိမ်အလုံး ၆၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရပြီး၊ လူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူဦးရေ ၁၅၀ ထက်မနည်း မီးဘေးသင့်ခဲ့ရကြောင်း…

အီရန်ကို လက်တုံ့ပြန်မည်ဟု အစ္စရေးကာကွယ်ရေးဦးစီးချုပ် ဆို

အီရန်သည် ဧပြီ ၁၃ ရက်နေ့က အစ္စရေးနိုင်ငံကို ပစ်မှတ်ထားပြီး ဒုံးကျည်များနှင့် ဒရုန်းအစင်းရေပေါင်း ၃၀၀ ကျော်နှင့် တိုက်ခိုက်ခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အ မေရိကန်၊ ဗြိတိန်စစ်အခြေစိုက်စခန်းများမှ ပစ်ချပေးခဲ့သလို၊ အစ္စရေးနိုင်ငံကိုယ်တိုင်ကလည်း ပစ်ချခဲ့ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းတွင် မတည်ငြိမ်မှုများကို တားဆီးမည်ဟု အမေရိကန်စစ်ဘက် ဆို

အီရန်သည် ပြီးခဲ့သော ဧပြီ ၁၃ ရက်နေ့တွင် အစ္စရေးနိုင်ငံကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက အီရန်နိုင်ငံကပစ်ခတ်လိုက်သော ဒုံးကျည်များနှင့် ရာနှင့်ချီသော ဒရုန်းများကို အစ္စရေးပိုင်နက်အတွင်းမရောက်ခင် ကြားဖြတ်ပစ်ချခဲ့ကြောင်း သိရသည်။

မဟာသင်္ကြန်ရက်အတွင်း သွားနှင့်ခံတွင်းလူနာ ၄၀၃ ဦးကို အခမဲ့ကုသ​ပေး

"ဧပြီ ၁၂ ရက်က​နေ ဧပြီ ၁၆ ရက်ထိ ​​လေးရက်အတွင်းမှာ သွားနဲ့ခံတွင်း​​ရောဂါကို ​နေ့စဥ် နံနက် ၇ နာရီမှ ည​နေ ၄ နာရီထိ အခမဲ့စမ်းသပ်ကုသ​ပေးခဲ့ပါတယ်။ အထူးကုဆရာဝန်​တွေနဲ့ ကျန်းမာ​ရေးဝန်ထမ်း ၃၁ ဦး…

ဝိုင်ဘီအက်စ်ယာဥ်လိုင်းအချို့ နှစ်ဆန်းတစ်ရက်​​နေ့တွင် အခမဲ့ပြေးဆွဲ​ပေး​

"ဝိုင်ဘီအက်စ် ယာဥ်လိုင်း​တွေ ​နေ့စဥ်နဲ့အမျှစီးနင်း​နေတဲ့ မိဘပြည်သူ​တွေကို ခရီးသွားကုသိုလ်ပြုအ​နေနဲ့ ​ပြေးဆွဲ​ပေးလျက်ရှိတာက ဝိုင်ဘီအက် ၃၅၊ ဝိုင်ဘီအက်စ် ၂၇၊ ဝိုင်ဘီအက်စ် ၄၂ နဲ့ ဝိုင်ဘီအက်စ် ၆၃ ယာဥ်လိုင်းတို့ အခမဲ့​ပြေးဆွဲ​ပေးခဲ့ခြင်းဖြစ်ပါတယ်။" ဟု YRTA က…

ဧရာဝတီတိုင်းတွင် စားအုန်းဆီတစ်ပိသာ ၉၅၀၀ ကျပ်အထိ ဈေးမြင့်တက်

စားအုန်းဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဧပြီလ၊ ဒုတိယအပတ်အတွက် စားအုန်းဆီအခြေခံရည်ညွှန်းဈေးသည် တစ်ပိဿာ ၅၀၀၀ ကျော်အဖြစ်သတ်မှတ်ထားပြီး ပြင်ပဈေးကွက်အတွင်း တစ်ပိဿာ ၉၅၀၀ ကျပ်အထိဈေးပေါက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။