» သတင်း

လှိုင်းဘွဲမြို့နယ်တွင် ကားတစ်စီးတိမ်း​မှောက် ၂၁ ဦး ထိခိုက်ဒဏ်ရာရ

"​ဒေသခံ​တွေ သတင်း​ပေးပို့ချက်အရ သွား​ရောက်ကူညီကယ်ဆယ်​ရေး​တွေ ​ဆောင်ရွက်​ပေးခဲ့ပါတယ်။ အခုယာဥ်တိမ်း​မှောက်မှုက အနီ​ရောင်အဆင့်၊ အဝါ​ရောင်အဆင့်နဲ့ အစိမ်း​ရောင်အဆင့်ဆိုပြီး အ​ရောင်သုံး​ရောင်ခွဲလိုက်ရပါတယ်။ အနီး​ရောင်အဆင့်က အ​ရေး​ပေါ်ပါ။ အဝါ​ရောင်အဆင့်က ထိခိုက်ဒဏ်ရာ​ပေါ့။ အစိမ်း​ရောင်ဆိုတာက ပွန်းပဲ့ဒဏ်ရာ​လောက်ကို ဆိုလိူတာပါ။"

မြစ်ကြီးနားတွင် အသက် ၄၀ ခန့်ရှိ အမျိုးသားတစ်ဦးကို ​သေဆုံးလျက်​တွေ့ရှိ

"​ဒေသခံ ပြည်သူ​တွေရဲ့ သတင်း​ပေးပို့ချက်အရ သွား​ရောက်ပြီး ကူညီကယ်ဆယ်​ရေးလုပ်​ပေးခဲ့ပါတယ်။ ​ရောက်တဲ့အချိန်မှာ အသက် ၄၀ ခန့်ရှိတဲ့ အမျိုးသားတစ်ဦးက အသက်မရှိ​တော့ပါဘူး။ ဘယ်ချိန်ကတည်းက ​သေဆုံး​နေလဲမသိဘူး။ လူတစ်ကိုယ်လုံး ​တောင့်​​နေတယ်။" ဟု ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ​ယ​နေ့​ခေတ်သို့…

အမြန်လမ်းတွင် ခရီးသည်တင် Express နှင့် Hijet တို့တိုက်မိ၊ ၆ ဦးထိခိုက်ဒဏ်ရာရ

​နေပြည်​တော်၊ ဧပြီ ၁၄ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉၂/၇) နှင့် (၁၉၃/၀) ဖာလုံအကြားတွင် ဧပြီ ၁၃ ရက်၊ နံနက် ၃ နာရီခွဲက ခရီးသည်တင် Express နှင့် Hijet တို့…

ကျုံပျော်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

သေနတ်ဖြင့်ပစ်သတ်ခံရသည့် မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် အသက် ၆၀ နှစ်ဝန်းကျင်ရှိ ဦးဖိုးဆောင်းဆိုသူဖြစ်ပြီး မဲဂရက်-ရှားခဲလမ်းမပေါ်၌ ဆိုင်ကယ်ဖြင်ထွက် လာချိန်သေနတ်ဖြင့် ၁၂ ပစ်ခတ်ခံခဲ့ရပြီး အခင်းဖြစ်ရာနေရာမှာ ပင်သေဆုံးခဲ့သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းသို့လာသည့် ကားများနေခြင်းကြောင့် ရန်ကုန်-ပုသိမ်ကားလမ်းပိတ်ဆို့

ညောင်တုန်းမြို့နယ် ပန်တိုင်ဂိတ်တွင် ယာဉ်စစ်ဆေးရေးဂိတ်ရှိခြင်းကြောင့် ဆင်းလာသည့် ကားအရေအတွက်များသည့်အတွက် စစ်ဆေးသည့်နေရာတွင် ကြန့်ကြာပြီး ယခုကဲ့သို့ကားများပိတ်ဆို့နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မော်လမြိုင်တွင် ဆိုင်ကယ်ဖြင့် လမ်းတားတုံးကိုဝင်တိုက် အမျိုးသားတစ်ဦး သေဆုံး

"လမ်းတံတားကို ဆိုင်ကယ်နဲ့ဝင်တိုက်မိတာလို့ ပတ်ဝန်းကျင်က ​ပြောကြတယ်။ ဆိုင်ကယ်​မောင်းသူက အရှိန်ပြင်းတယ်ထင်တယ်။ ဘိုဘိုဝင်း အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က မော်လမြိုင်ဆေးရုံကြီးကို အချိန်မီပို့​ဆောင်​ပေမယ့် ​ဆေးရုံအ​ရောက်မှာပဲ ​သေဆုံးသွားပါတယ်။"

အီရန်နိုင်ငံကို နိုင်ပွဲရယူနိုင်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု ဆို

အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီရတ်၊ ယီမင်နှင့် အီရန်နိုင်ငံဘက်ခြမ်းမှ အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်များ၊ ဒရုန်းအများအပါအဝင် တာဝေးပစ်လက်နက် ၃၀၀ ကျော်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သို့သော်လည်း ၎င်းတို့ပစ်ခတ်ခဲ့သော ဒုံးကျည်နှင့် ဒရုန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် ထိုင်းနိုင်ငံကစေ့စပ်ပေးရန် အဆင့်သင့်ရှိနေကြောင်း ထိုင်းအစိုးရ ဆို

ထိုအပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့အနေဖြင့် နယ်စပ်ဒေသတွင် တိုက်ပွဲများအရှိန်မြင့်ဖြစ်လာမည်ကို မတွေ့မြင်လိုသည့်အချက်ကို နစကတာဝန်ရှိသူများကိုတိုက်တွန်းတောင်းဆိုထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ပဲခူးတွင် အမျိုးသမီးတစ်ဦး ခွေးရူးပြန်ရောဂါ​​ဖြင့် သေဆုံး

အဆိုပါ ခွေးရူးပြန်ရောဂါဝေဒနာခံစားရသူ မိသားစုက ပဲခူးရိုးမ မြိုင်​ဟေဝန်ဆင်စခန်း၌ နေထိုင်ကြသူများဖြစ်ပြီး သေဆုံးသူအမျိုးသမီးငယ်က ခွေးပေါက်စလေးကို လက်ပွန်းတ တီး ပွေ့ချီစနောက်မိရာမှ ခွေးသွားဖြင့်ခြစ်မိသည့် သွေးစို့ဒဏ်ရာ အနည်းငယ်ရရှိခဲ့​ခြင်းဖြစ်ကြောင်း ၎င်းမိသားစုဝင်များက ​​ပြောသည်။

ထိုင်းတွင် နှစ်ရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၆၃ ဦး သေဆုံးပြီး လူ ၅၀၀ ​ကျော်ထိခိုက်ဒဏ်ရာရ ဟုဆို

"​ထိုင်းနိုင်ငံရဲ့ ရိုးရာဆုတ်ခရမ် ​ရေကစားပွဲ​တော်မှာ ဧပြီ ၁၂ ရက်​နေ့မှာကတည်းက ယာဉ်တိုက်မှု ၃၀၇ မှုရှိခဲ့ပြီး၊ လူ ၃၈ ဦးသေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရ လူနာက ၂၉၉ ဦးထိရှိခဲ့ပါတယ်။" ဟု ထိုင်းယာဉ်အန္တရာယ်တားဆီးရေးနှင့် လျှော့ချရေးကွပ်ကဲမှုစင်တာ၏ တာဝန်ရှိသူတစ်ဦးက…