» သတင်း

ကျောင်းထိုင်ဆရာ​တော်အား အရက်မူးပြီး ​ဓားဖြင့်ထိုးရန်ပြုလုပ်သဖြင့် လူဝတ်လဲဖမ်းဆီး

"မြို့နယ်ဥက္ကဌဆရာ​တော်ကြီးက ဖုန်းဆက်ညွှန်ကြားလို့ အုတ်တွင်းမြို့၊ မဲကုန်းရပ်ကွက်၊ ကံ​တော်​ကျောင်းမှာ လာ​ရောက်သီတင်းသုံးတဲ့ သံဃာ​တော်နှစ်ပါးက ​ကျောင်းထိုင်ဆရာ​တော်ကြီးကို ဓားနဲ့ထိုးမယ်လုပ်တယ်။ ဒါ​ကြောင့် ဒီကိုယ်​တော်နှစ်ပါးကို သိက္ခာချ လူဝတ်လဲပြီး သက်ဆိုင်ရာကို လွှဲအပ်လိုက်ပါပြီ။"

၁၂ ဘီးကာတစ်စီးအရှိန်လွန်ကာ လမ်း​ဘေးဓာတ်မီးတိုင်ကိုဝင်တိုက်ပြီး ချောင်းထဲထိုးကျ

"မွန်းလွဲ ၁ နာရီ​လောက်က ကုန်တင် ၁၂ ဘီးကား အရှိန်လွန်ပြီး လမ်း​ဘေးကဓာတ်တိုင်​တွေ ဝင်တိုက်ပြီး ​ချောင်းအတွင်းကို ထိုးကျမှုဖြစ်​ပေါ်ခဲ့ပါတယ်။ လမ်း​ဘေးဓာတ်တိုင်​တော်​တော်များများ ခါးပိုင်းကျိုးသွားပါတယ်။ ယာဥ်​မောင်းက ထိခိုက်ဒဏ်ရာ အနည်းကျဥ်းရရှိသွားပါတယ်။ ​မြေပြင်​ဆေးကုသမှု​ပေးလိုက်ပါတယ်။"

စစ်ပွဲအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြင်သစ်ရေတပ်ဗိုလ်ချုပ် ဆို

"ကမ္ဘာကြီးဟာ ခြိမ်းခြောက်မှုတွေ တဖြည်းဖြည်းတိုးလာနေတယ်လို့ ခံစားမိတယ်။ ရေတပ်တိုက်ပွဲတွေ တိုးမြှင့်လုပ်ဆောင်ရဖွယ်ရှိနေတယ်။ ပြင်သစ်ရေတပ်တပ်ဖွဲ့ဝင်တွေဟာ ကျွန်တော်တို့နိုင်ငံကို ဖျက်ဆီးဖို့လိုလားနေတဲ့ရန်သူကို ဆန့်ကျင့်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်တွေနဲ့ လက်တွေ့စစ်ရေးလေ့ကျင့်နေတာဖြစ်တယ်။"

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို အမေရိကန်သတိပေး

အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၁၉၅၀ ခုနှစ်က အပြန်အလှန်ကာကွယ်ရေးကူညီပေးရေးစာချုပ် ချုပ်ဆိုထားပြီး ယင်းစာချုပ်အရ တစ်နိုင်ငံတိုက်ခိုက်ခံရမည်ဆိုလျှင် အခြားတစ်နိုင်ငံက ကူညီပေးရမည်ဆိုသော အချက်ပါဝင်နေကြောင်း သိရသည်။

ပြည်ကြီးတံခွန်တွင် မီနီအိုးဝေမောင်းသူ အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိ သေဆုံးနေ

"မီနီအိုး​ဝေ​မောင်းတဲ့ အမျိုးသားတစ်ဦး ၅၇ လမ်း၊ ၁၂၆ နဲ့ ၁၂၇ လမ်းမှာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေတယ်ဆိုပြီး အကြောင်းကြားလာတာကြောင့် သွားရောက်ကူညီခဲ့တာပါ။ ​သေ ဆုံးသူအမျိုးသား အသက်ခန့်မှန်း ၃၅ နှစ်​လောက်ရှိမယ်။" ဟု ရွှေမဉ္ဇူ လူမှုကူညီရေးအသင်းမှ…

ရွှေဈေးမြင့်တက်နေခြင်းကြောင့် ဧရာဝတီတိုင်းကရွှေဆိုင်များ ဝယ်ယူမရှိဘဲ ရောင်းချသူများနေ

လာရောက်ရောင်းချသူများသာ များနေခြင်းကြောင့် ကာလပေါက်ဈေးထက် ရွှေ ၁ ကျပ်သားကို အနည်းဆုံးကျပ် ၅၅,၀၀၀ အထိ ဈေးလျော့ချဝယ်ယူနေရကြောင်း ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပုသိမ်မြို့တွင် သင်္ကြန်ရေကစားပစ္စည်းများ အဝယ်မရှိသလောက်နည်း

ပုသိမ်မြို့တွင် သင်္ကြန်ကာလအတွင်း ကလေးများဆော့ကစားသည့် ရေသေနတ်အပါအဝင် ရေခွက်၊ ပန်းကုံး၊ ရေပြွတ်၊‌ ခေါင်းစွပ်၊ အရုပ်‌ပြောင်နှင့် ဆံပင်တုအမျိုးမျိုး စသည်တို့မှာ ဝယ်သူမရှိသလောက် နည်းပါးနေကြောင်း ပုသိမ်မြို့ရှိ သင်္ကြန်ရေကစားပစ္စည်းအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ဝိုင်ဘီအက်စ် ၆၈ ပေါ်တွင် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့လုယက်ခံရ

ဝိုင်ဘီအက်စ် ယာဥ်လိုင်းစီးနင်းသူအများအစုက စက်ရုံ၊ အလုပ်ရုံ၊ ကျပန်းလုပ်သားများနှင့် ​ကျောင်းသား၊​ ကျောင်းသူများသာ စီးနင်း​နေကြခြင်းဖြစ်ပြီး ယခုကဲ့သို့ အုပ်စုဖွဲ့လုယက်မှုအ​ပေါ် ခရီးသည်များက စိုးရိမ်ပူပန်မှုများရှိလာခဲ့​ကြောင်း သိရသည်။

အီရန်နိုင်ငံ၏တိုက်ခိုက်မှုရန်မှ အစ္စရေးကိုကူညီမည်ဖြစ်ကြောင်း အမေရိကန် ဆို

အီရန်နိုင်ငံအနေဖြင့် ၎င်းတို့ဗိုလ်ချုပ်နှစ်ဦးသေဆုံးစေခဲ့သော ဆီးရီးယားရှိ အီရန်သံရုံးတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံကို လက်တုံ့ပြန်ဖွယ်ရှိနေသည်ဟု အမေရိကန် ထောက်လှမ်းရေးအဖွဲ့က ပြီးခဲ့သောရက်ပိုင်းတွင် သတိပေးခဲ့သည်။

မော်လမြိုင်-ရန်ကုန် အမှတ် ၆၈၆ အစုန်​ကျောက်ရထားလမ်းပိုင်း မိုင်းခွဲခံရ

"မ​နေ့က နံနက်ပိုင်းမှာ မော်လမြိုင်-ရန်ကုန် အစုန်​ကျောက်ရထားလမ်းပိုင်းကို မိုင်းခွဲဖျက်ဆီးခံရတယ်။ အမှတ် ၆၈၆ အစုန် ကျောက်ရထား သိမ်ဆိပ်ဘူတာနဲ့ ဒုံးဝန်းဘူတာကြားအရောက်မှာ မိုင်းပေါက်ကွဲမှုကြောင့် ရထားလမ်းနှင့်တွဲများ ပျက်ဆီးခဲ့ပြီး လမ်းပိုင်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပါတယ်။"