» သတင်း

စစ်ပွဲအတွက် ယခင်ထက်ပိုမိုပြင်ဆင်ရမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ဆို

မြောက်ကိုရီးယားနိုင်ငံတွင် ကင်ဂျုံအမ်ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သည့်နှစ်များအတွင်း ခေတ်မီလက်နက်များ ပိုမိုပိုင်ဆိုင်နိုင်ရန် အရှိန်မြင့်ကြိုးပမ်းလာခဲ့ပြီး နိုင်ငံ၏ စစ်လက်နက်ပစ္စည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကထားလုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

လှည်းကူးတွင် ​လေပြင်းတိုက်ခိုက်မှု​ကြောင့် နှစ်ချို့ပင်များနှင့် ဓာတ်တိုင်များ​ပြိုလဲကျ လမ်းပိတ်ဆို့မှုဖြစ်

"ည ၇ နာရီ ၅၀ မိနစ်က ​လေပြင်းတိုက်ခိုက်မှု အ​တော်​လေးပြင်းထန်ပါတယ်။ နှစ်ချို့သစ်ပင်နဲ့ ဓာတ်တိုင်​တွေပြိုလဲကျတယ်။ လမ်းပိတ်ဆို့မှုဖြစ်​ပေါ်​နေတာ​ကြောင့် ညတွင်းချင်း အလျင်အမီ ဖြတ်​တောက်ရှင်းလင်း​ရေး ​ဆောင်ရွက်​ပေးခဲ့ပါတယ်။ ​လေပြင်းတိုက်ခိုက်မှု​ကြောင့် လူထိခိုက်​သေဆုံးမှု မရှိခဲ့ပါဘူး။"

ခရီးသည်ယာဥ်နှင့် ဂတ်စ်အိုးများသယ်ဆောင်လာသည့် ကုန်တင်ယာဥ်တို့ တိုက်မှုဖြစ်ပွား

"ခရီးသည်ယာဥ်နဲ့ ဂတ်စ်အိုး​တွေ သယ်​ဆောင်လာတဲ့ကား တိုက်မှုဖြစ်တယ်။ ဂတ်စ်အိုး​တွေသယ်​ဆောင်လာတဲ့ယာဥ် တိမ်း​မှောက်သွားပါတယ်။ ဂတ်စ်အိုး​တွေ ​ပေါက်ကွဲပျက်စီးမှုမဖြစ်​အောင် အချိန်မီ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လူထိခိုက်​သေဆုံးမှု မရှိခဲ့ပါဘူး။"

ထိုင်ဝမ်နှင့်တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို မည့်သူမျှရပ်တန့်လို့မရနိုင်ကြောင်း တရုတ်သမ္မတ ဆို

Ma Ying-jeou သည် ထိုင်ဝမ်သမ္မတအဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သမ္မတအဖြစ်တာဝန်ယူခဲ့ဖူးပြီး တရုတ်နိုင်ငံကို သွားရောက်လည်ပတ်သော ထိုင်ဝမ်၏ပထမဆုံးသမ္မတဖြစ်လာခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ် အောင်ဆန်းမှတ်တိုင်တွင် ယာဥ်ငါးစီးဆင့်တိုက် ၁၅ ဦး ထိခိုက်ဒဏ်ရာရ

"ည​နေ အလုပ်သမား​​တွေ ရုံးဆင်းချိန်မှာ အင်းစိန်ကဖြတ်လာတော့ ယာဉ်တိုက်မှုကဖြစ်တာ မြင်တယ်။ ဝိုင်ဘီအက်စ်နှစ်စီး၊ Probox တစ်စီးရယ်၊ အခြား​မော်​တော်ယာဥ်နှစ်စီးရယ်။ ​မော်​​တော်ယာဥ်ငါးစီးဆင့်တိုက်တာ တွေ့ရတယ်။ အ​ရေး​​ပေါ် Ambulance ကားတွေလည်း ​လေးစီးလောက်လာတာတွေ့တယ်။ ထိခိုက်တဲ့သူတွေရှိမယ်ထင်တယ်။ ကားလမ်းတွေလည်း တော်တော်ပိတ်နေတယ်။"

ရှမ်းတောင်တွင် လမ်းလျှောက်နေသူ အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံး

"ကားပျက်လို့ အမျိုးသားတစ်ဦးက ကားပြင်​နေတာ ​တွေ့မိ​သေးတယ်ဗျ။ သူပြင်​နေရင်း ​ညောင်းညာကိုက်ခဲလို့ လမ်းထွက်​လျှောက်​နေချိန်မှာ အရှိန်ပြင်းထန်စွာနဲ့ အ​နောက်က ဝင်တိုက်ခံရပြီး ​သေဆုံးသွားတာပါ။ တိုက်တဲ့ကား ​ပြေးထွက်သွားပါတယ်။ ​သေချာမမှတ်မိလိုက်ရပါဘူး"

အနောက်အုပ်စုနိုင်ငံများ၏ စစ်ရေးနည်းပညာများက ရုရှားကိုအနိုင်ရရန် ကူညီပေးနိုင်ဖွယ်ရှိနေဟု ယူကရိန်းသမ္မတ ဆို

အနောက်အုပ်စုနိုင်ငံများသည် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရန်အတွက် ယူကရိန်းစစ်သားများ စစ်လက်နက်ပစ္စည်းများအသုံးပြုပုံ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။

Chevron ကုမ္မဏီထွက်သွားသည့်အတွက် ရတနာဓါတ်ငွေ့စီမံကိန်းတွင် ထိုင်းစွမ်းအင်ကုမ္မဏီက ရှယ်ယာအများဆုံးပိုင်ဆိုင်သော ကုမ္မဏီဖြစ်လာ

အမေရိကန်စွမ်းအင်ကုမ္မဏီ Chevron သည် ရတနာဓါတ်ငွေ့စီမံကိန်းတွင် ရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းရှိနေပြီး ရှယ်ယာများကို အခြားကုမ္မဏီများကို ပြန်လည်ပေးဝေခဲ့ရာ ထိုင်းစွမ်းအင်ကုမ္မဏီက ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်လာခဲ့ကြောင်း သိရသည်။

နစကအဖွဲ့အကြီးအကဲနှင့် စေ့စပ်ဆွေးနွေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဆန္ဒရှိ ဟုဆို

ဟွန်ဆန်သည် လက်ရှိအချိန်တွင် ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ယူနေပြီး ပြီးခဲ့သောရက်ပိုင်းက ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စေ့စပ်ဆွေးနွေးရန် ကမ်းလှမ်းလိုက်ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။

မြန်မာနေရပ်စွန့်ခွာသူ ၁သိန်းကို လက်ခံဖွယ်ရှိနေဟု ထိုင်းအစိုးရ ဆို

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက "ပဋိပက္ခတွေမှာ ကြားနေနိုင်ငံအဖြစ်သာရပ်တည်မှာပါ။ ငြိမ်းချမ်းရေးကို ဖန်တီးနိုင်အောင် သက်ဆိုင်တဲ့အဖွဲ့စည်းအားလုံး စေ့စပ်ဆွေးနွေးဖို့ တိုက်တွန်းလိုတယ်။" ဟု ပြောသည်။