» သတင်း

အီရန်သည် အမေရိကန်နှင့် အစ္စရေးနိုင်ငံသားများကို လာမည့်သီတင်းပတ်အတွင်း ပစ်မှတ်ထားတိုက်ခိုက်ဖွယ်ရှိနေ ဟုဆို

အီရန်သည် အစ္စရေးသံရုံးနှင့် သံရုံးဝန်ထမ်းအိမ်ယာများကို ရှာဟတ် ကာမီကာဇီဒရုန်း၊ ခရုဇ်ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရက ပြော သည်။

ပြီးခဲ့သည့်တစ်လအတွင်း မအူပင်မြို့နယ်တွင် လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းမှု ၁၇ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ ဟုဆို

"မအူပင်မှာ လုယက်၊ ဓားပြတိုက်၊ ခိုးယူတဲ့ဖြစ်စဉ်တွေက တနေ့ထက်တနေ့ ပိုအဖြစ်များလာတယ်။ အာဏာပိုင်တွေကလည်း ဒုစရိုက်သမားတွေကို ဖမ်းဆီးစစ်ဆေးနှိမ်နင်းတာ အတော်အားနည်းတယ်။ ကမ်းနားလမ်းအတိုင်းလျောက်လာတဲ့ ကောင်မလေးဆို ဆိုင်ကယ်မောင်းလာတဲ့အဖွဲ့ရဲ့ ဆွဲကြိုးဖြတ်လုတာကို ခံရတာ။ ကောင်မလေးရဲ့ လည်ပင်းတောင် ဒဏ်ရာတွေမနည်းရသွားသေးတယ်။" ဟု ၎င်းကဆက်ပြောသည်။

အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်သော တရုတ်နိုင်ငံသား ၃၅၂ ဦးကို မြန်မာရဲတပ်ဖွဲ့က ပြန်လည်လွှဲပြောင်းပေး

မြန်မာနိုင်ငံ၊ မူဆယ်မြို့တွင် တရုတ်ရဲတပ်ဖွဲ့ နှင့် မြန်မာရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသူများကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းချိန်အတွင်း နယ်စပ်ဒေသတွင် အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသူများအဖြစ် သံသယရှိသူ ၈၀၇ ဦးကို ပြီးခဲ့သောရက်ပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဆီးရီးယားရှိ အီရန်ဗိုလ်ချုပ်တစ်ဦး ထပ်မံသေဆုံး

အစ္စရေးသည် ပြီးခဲ့သောရက်ပိုင်းတွင် ဆီးရီးယားနိုင်ငံ၊ ဒမ္မစကက်မြို့ရှိ အီရန်သံရုံးအဆောက်အဦးကို တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားသတင်းဌာနတစ်ခုဖြစ်သော (SANA)က ဖော်ပြထားသည်။ အီရန်မီဒီယာများကလည်း အစ္စရေးသည် အီရန်သံတမန်အဆောက်အဦးများကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားများ လိုက်ပါလာသော လော်ရီကားတိမ်းမှောက်

လော်ရီကားအပေါ်တွင် မြန်မာနိုင်ငံသားစုစုပေါင်း ၂၉ ဦးလိုက်ပါလာခဲ့ပြီး ကားအက်ဆီဒန့်ကြောင့် ၁၄ ဦးဒဏ်ရာရခဲ့ကာ ၅ ဦးက စိုးရိမ်ရသောအခြေနေမျိုးတွင်ရှိနေကြောင်း ထိုင်း သတင်းတွင် ဖော်ပြထားသည်။

သင်္ကြန်ပိတ်ရက်ကာလအတွက် ချောင်းသာနှင့် ငွေဆောင်တွင် ဟိုတယ်အခန်းများ ကြိုတင်အမှာများပြားနေ ဟုဆို 

"အခုလည်း လာအပန်းဖြေတဲ့သူတွေရှိနေတယ်။ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေကိုလေ။ နွေရာသီကျောင်းပိတ်ရက်ဖြစ်တာကြောင့် အပန်းဖြေတဲ့သူများနေတာ။ နေ့ချင်းပြန်လာတဲ့သူတွေများတယ်။ လက်ရှိမှာလည်း အဲ့ဒီသင်္ကြန်ကာလတွေအတွက် ဟိုတယ်များမှာ အခန်းကြိုတင်မှာတဲ့သူတွေ များနေပါတယ်။" ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

က​လေးငယ်တစ်ဦးအား ဝိုင်ဘီအက်စ်တက်ကြိတ် နေရာတွင်​သေဆုံး

"က​လေးနဲ့ မိခင်က ကား​ပေါ်ကဆင်း​နေချိန်မှာ ယာဥ်​မောင်းက ​နောက်ကားနဲ့ပြိုင်​မောင်းဖို့လုပ်​နေတာ။ က​လေးငယ်က ကားဘီး​အောက်​ရောက်သွား​တော့ ​နောက်ဘီးနဲ့ ကြိတ်မိသွားတာပါ။ မြင်ရတာ အ​တော်​လေးစိတ်မချမ်း​မြေ့ပါဘူး။ က​​လေးငယ်က ​နေရာမှာတင်ဦး​​ခေါင်းပွင့်ပြီး ဆုံးသွားတာပါ။"ဟု က​လေးငယ်၏ဖခင်က ယ​နေ့​ခေတ်သို့ ​ပြောသည်။

တရုတ်နှင့် အငြင်းပွားနေချိန် မဟာမိတ်နိုင်ငံများနှင့်ပူးပေါင်းပြီး သံတမန်ရေး၊ ကာကွယ်ရေးပိုင်း တိုးမြှင့်မည်ဟု ဖိလစ်ပိုင်အစိုးရ ဆို

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ အန္တရာယ်ရှိသောတိုက်ခိုက်မှုများ၊ ရန်စမှုများနှင့် တရားမဝင်လုပ်ရပ်များကို တုံ့ပြန်နိုင်မည့်အစီမံများလုပ်ဆောင်မည်ဟု ပြောဆိုခဲ့သည်။

မြန်မာနယ်စပ်တစ်လျှောက်တွင် စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်မည်ဟု တရုတ်စစ်တပ် ဆို

တရုတ်စစ်တပ်သည် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ဧပြီ ၂ ရက်၊ နံနက် ၈ နာရီမှ ဧပြီ ၃ ရက်၊ ည ၆နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး ယူနန်ပြည်နယ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ​ရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာတွင် ပါရမည်ဟုဆိုကာ ငွေ​ကြေးလိမ်လည်နေ

အကျဥ်းဦးစီးဌာနလက်​အောက်ရှိ အကျဥ်း​ထောင်များတွင် အကျဥ်းကျခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံသို့ နိုင်ငံ​တော်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်နိုင်ဖို့ ပိုက်ဆံပေးရမည်ဟုဆိုပြီး ဖုန်းဆက်ကာ လိမ်လည်မှုများရှိလာ​ကြောင်း နိုင်ငံ​ရေးအကျဥ်းသားတချို့၏ မိသားစုဝင်များထံက သိရသည်။