» သတင်း

မွန်နှင့် ကရင်ပြည်နယ်အစပ်တွင် တိုက်ပွဲပြင်းထန်နေမှုကြောင့် ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ရ

လတ်တလော တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းကြောင့် ကော့ကရိတ််မြို့နယ်၊ ကော့ဘိန်း၊ ကော့ပေါက်ကျေးရွာ၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသ၊ တရနာ စသည့်ကျေးရွာများ အပါအဝင် ကျေးရွာငါးရွာထက်မနည်းမှ ဒေသခံ ၅၀၀၀ ခန့်မှာ ဂျိုင်းမြစ်အားဖြတ်ကူး၍ တစ်ဖက်ကမ်းရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများခွင့်ပြုရန် အစ္စရေးနိုင်ငံကို ICJ တောင်းဆို

နိုင်ငံတကာရာဇဝတ်တရားရုံးက "အစ္စရေးနိုင်ငံဟာ နှောင့်နေးမှုမရှိဘဲ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးတာတွေကို ခွင့်ပြုပေးရမယ်။ ဆေးဝါးနဲ့ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပစ္စည်းတွေကို ကူညီထောက်ပံ့ပေးခွင့် ချက်ချင်းခွင့်ပြုရမယ်။" ဟု ပြောသည်။

တရုတ်နိုင်ငံကို ခယအောက်ကျို့နေမည်မဟုတ်ကြောင်း ဖိလစ်ပိုင်စစ်တပ် ဆို

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက "မကြာသေးမီက တရုတ်အစိုးရရဲ့ထုတ်ပြန်ချက်တွေဟာ ကမ္ဘာကြီးမှာအထီးကျန်နိုင်ငံဖြစ်နေတာကို ပြသလိုက်တာပါ။ တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရားဝင်စေ့စပ်ဆွေးနွေးတာ၊ ပွင့်လင်းမြင်သာအောင်လုပ်ဆောင်တာ၊ မလုပ်ဆောင်နိုင်ဘူးဆိုတာပြနေတယ်။ အခြားနိုင်ငံငယ်တွေအပေါ်အနိုင်ကျင့်ဖို့ ကြိုးပမ်းနေတာ ပေါ်လွင်နေတယ်။" ဟု ပြောသည်။

မန္တလေးတွင် ရဲအယောင်ဆောင်သူလူတစ်စုက ပန်းတိမ်ဆိုင်အား ဓါးပြတိုက်

ရဲအယောင်ဆောင်ကာ ဓါးပြတိုက်သူလေးဦးမှာ ခန့်မှန်းအသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားများဖြစ်ပြီး ဓါးပြတိုက်ပြီးနောက် ၂၂ လမ်းအတိုင်း မော်တော်ယာဉ်အားမောင်းနှင်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

သိန္ဒီတွင် SSPP နှင့် MNDAA တိုက်ပွဲဖြစ်နေ

မတ် ၂၆ ရက်မှစ၍ သိန္ဒီမြို့နယ်၊ နမ့်စလပ်ကျေးရွာနှင့် စယ်အူကျေးရွာတို့အနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့နှင့် ယနေ့တို့တွင်လည်း တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်တွင် အမျိုးသားကဇနီးကို သံပိုက်လုံးဖြင့်ရိုက်သတ်ပြီး အလောင်းဖျောက်

"အမေသူဖြစ် အသတ်ခံရတာကို သားကသိပြီး ရဲစခန်းမှာတိုင်တန်းလိုက်လို့ ဖြစ်စဉ်အမှန်က ပေါ်ပေါက်သွားတာ။ ပိုင်ဆိုင်မှုခွဲပေးဖို့ကိစ္စပြောရင်း လင်ကမယားကိုအခုလို သတ်ဖြတ် အလောင်းဖျောက်တာလို့ သိရတယ်။" ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အက်ဖ် ၁၆ တိုက်လေယာဉ်များကို ပစ်ချမည်ဟု ရုရှားသမ္မတ သတိပေး

ရုရှားသမ္မတပူတင်က "ကျွန်တော်တို့ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ရန်လိုတဲ့ကျူးကျော်တိုက်ခိုက်မှုမျိုး မလုပ်ပါဘူး။ ဒါပေမယ့် ရုရှားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ပိုလန်၊ ချက်နဲ့ ဘော်တစ်နိုင်ငံတွေဟာ စိုးရိမ်နေကြတယ်။ အဲဒီထင်မြင်ယူဆချက်က မှန်ကန်မှုမရှိဘူး။" ဟု ပြောသည်။

မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဒေသများကို ခြံစည်းရိုးခတ်ရန်အတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၄ ဘီလျံနီးပါး သုံးစွဲဖွယ်ရှိနေ

အိန္ဒိယအစိုးရသည် ၎င်းတို့နိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်မှုများနှင့် မှောင်ခိုတင်သွင်းခြင်းများကို တားဆီးနိုင်ရန်အတွက် နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်ဆောင်ရွက်လာခဲ့ခြင်းဖြစ်ပြီး ၁၀ နှစ်အတွင်း အပြီးတည်ဆောက်သွားဖွယ်ရှိနေသည်ဟု သိရသည်။

ယူကရိန်းသမ္မတက အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအကြီးအကဲကို ရာထူးမှထုတ်ပယ်

ယူကရိန်းသမ္မတသည် ရုရှားအပေါ် ပြုလုပ်နေသော ထိုးစစ်ဆင်တိုက်ခိုက်မှုများ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သောလအတွင်း ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကို ရာထူးအပြောင်းအလဲလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့်သဘောထားကွဲလွဲခဲ့ပြီးနောက် အစ္စရေးက ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်

ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ရေးနှင့်ပတ်သက်ပြီး အစ္စရေးနှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့ပြီး အပြန်အလှန်ဆွေးနွေးရန် နှောင့်နေးခဲ့ပြီးနောက် အစ္စရေးက မတ်လ ၂၈ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။