» သတင်း

လူပေါင်း ၁၄၀ ကျော်သေဆုံးခဲ့သော ပစ်ခတ်မှုတွင်ပါဝင်သူအားလုံးကို အပြစ်ပေးမည်ဟု ရုရှားသမ္မတပူတင် ဆို

မော်စကိုမြို့ရှိ Crocus City Hall ခန်းမတွင် မတ်လ ၂၃ ရက်နေ့က သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ သေဆုံးသူလူပေါင်း ၁၄၃ ဦးအထိမြင့်တက်လာခဲ့ပြီး အနည်းဆုံးလူပေါင်း ၁၂၀ ကျော်ဒဏ်ရာရခဲ့ပြီးနောက် ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

လုံခြုံရေးအရ ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲမှု ယာယီရပ်နား

"လမ်းပိုင်းကတော့ မနေ့ကပြင်ပြီးသွားတာ။ တချို့နေရာတွေမှာ ဗုံးခွဲတာ၊ ဒရုန်းနဲ့ တိုက်တာတွေရှိနေတော့ လုံခြုံရေးက စိတ်မချရသေးတဲ့ အနေအထားမှာတော့ရှိတယ်။ လုံခြုံရေးအဆင်ပြေရင် ရထားလမ်းအမြန်ဆုံးပြန်ဖွင့်မှာပါ။" ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုသိမ်မြို့နယ်တွင် အိမ်ထောင်စုစာရင်းများ ကောက်ယူ၊ ရွေးကောက်ပွဲအတွက် ဟုဆို

"ရပ်ကွက်ထဲကိုလာပြီး စာရင်းလာကောက်သွားတာ။ ထွေအုပ်၊ ရပ်ကျေးစာရေးတွေနဲ့ အုပ်ကြီးတွေကလိုက်ကောက်တာ။ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းတွေ ကောက်ခိုင်းလို့ကောက်တာတဲ့။ အိမ်ထောင်စုစာရင်းမရှိတဲ့သူတွေနဲ့ ပျောက်ပျက်သွားတဲ့လူတွေရှိရင် အသစ်လုပ်ပေးမယ်လို့ပြောသွားတယ်။" ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

မြောင်းမြမြို့တွင် မီးလောင်မှုကြောင့် ဆိုင်ခန်းသုံးခန်းနှင့် နေအိမ်တစ်လုံး ပျက်စီး

အဆိုပါ မီးလောင်မှုသည် မြောင်းမြမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဦးဘချိုလမ်းရှိ ကြင်စားသောက်ဆိုင်က ထမင်းပေါင်းအိုးမီးခလုတ် မပိတ်မိသောကြောင့် ထမင်းပေါင်းအိုး အပူရှိန်လွန်ကဲပြီး စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုရှားက ယူကရိန်းကို လာမည့်နွေရာသီတွင် ကြီးမားသော ထိုးစစ်ဆင်ရန် ပြင်ဆင်နေ ဟုဆို

ယူကရိန်းဗိုလ်ချုပ်ကြီးက "ရုရှားရဲ့ထိုးစစ်ဆင်မှုတွေက လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ရုရှားဟာ တိုက်ပွဲတွေမှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့တပ်ဖွဲ့တွေကို ပြန်လည်အင်အားဖြည့်တင်းနေတယ်။ နွေရာသီလောက်ဆိုရင် ယူကရိန်းကို ထိုးစစ်ဆင်မှုအသစ် ထပ်မံလုပ်ဆောင်လာဖွယ်ရှိနေပါတယ်။" ဟု ပြောသည်။

အစ္စရေးနိုင်ငံ အထီးကျန်ဖြစ်လာမည်ဟု အမေရိကန်အစိုးရ ထပ်မံသတိပေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "ဟားမက်စ်အဖွဲ့ကို အနိုင်ရယူနိုင်ရေးအတွက် အစ္စရေးရဲ့ ရည်မှန်းချက်တွေကို ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ရာဖယ်မြို့ကို မြေပြင်ထိုးစစ်ဆင်မယ်ဆိုရင် အစ္စရေးဟာ အထီးကျန်နိုင်ငံဖြစ်လာဖို့များတယ်။" ဟု ပြောသည်။

​ရွှေပြည်သာမြို့နယ်တွင် နာ​ရေးအိမ်၌ ဓားပြတိုက်မှုဖြစ်ပွား

"စမ်းချောင်းကြီးကွက်သစ် လမ်းသွယ် ၂ က နာရေးအိမ်တစ်အိမ်မှာ ဖဲဝိုင်းရှိတယ်။ ဓားပြတိုက်တဲ့လူတွေက အိမ်စီးကားနဲ့ဝင်လာတာ ခြောက်ယောက်လောက်ရှိမယ်။ ၂ လမ်းထိပ်မှာ ကင်းသမားတွေရှိတော့ ၁ လမ်းဘက်ကဝင်လာတယ်။ ငှက်ကြီးတောင်ဓားတွေကြီးပဲ ကိုင်လာကြတာတဲ့။ မျက်နှာတွေက အုပ်ထားကြတာရယ်။" ဟု ရပ်ကွက်နေပြည်သူတဦးက…

ရုရှားနိုင်ငံတွင် ဂီတပွဲတော်အတွင်း ပစ်ခတ်မှုများဖြစ်ပွား အနည်းဆုံးလူပေါင်း ၆၀ကျော်သေဆုံး

အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုက ၎င်းတို့အဖွဲ့ဝင်များသည် မော်စကိုမြို့စွန့်တွင်ကျင်းပခဲ့သော ဂီတပွဲတော်တစ်ခုတွင် လူအုပ်ကြီးကိုတိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့၏ စစ်အခြေစိုက်စခန်းများ တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောသည်။

ကမ္ဘာအေးဘုရားလမ်းတွင် ကုန်သယ်ကားတစ်စီး တိမ်းမှောက်

"မိုး​တွေအရမ်းရွာသွားတဲ့အချိန် ကုန်သယ်ကားက အရှိန်လွန်ပြီးစလစ်ဖြစ်သွားတယ်။ ​ဘေးတိုက်ကြီးလဲသွားတယ်။" ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ်တွင် သိမ်းပိုက်ဖွယ်ရှိနေဟု အမေရိကန်ဗိုလ်ချုပ်ခန့်မှန်း

အမေရိကန် ရေတပ်ဗိုလ်ချုပ်က "တရုတ်သမ္မတဟာ ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ်မှာ သိမ်းပိုက်နိုင်အောင် အဆင့်သင့်လုပ်ထားဖို့ တရုတ်စစ်တပ်ကို ညွှန်ကြားထားတယ်။ တရုတ်စစ်တပ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင့် ညွှန်ကြားထားတဲ့အတိုင်း ဖြစ်အောင်လုပ်ဆောင်နေတယ်။" ဟု ပြောသည်။