» သတင်း

ဧရာဝတီမြစ်လက်ကြားတွင် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံး

အဆိုပါ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသည် ဧရာဝတီမြစ်လက်ကြားတွင် ​ရေဆင်းကူးရာမှ ​ရေနစ်​ပျောက်​နေသဖြင့် ​ရောင်စုံ​မေတ္တာ လူမှုကူညီ​ရေးအသင်းထံ ၎င်းမိသားစုဝင်များက ဆက်သွယ်အကူအညီ​တောင်းခံခဲ့​ကြောင်း သိရသည်။

အမေရိကန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်ရုတ်သိမ်းကြောင်း နိုင်ဂျာစစ်အစိုးရ ဆို

နိုင်ဂျာစစ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော Abdramane က အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် သံတမန်ရေးနည်းလမ်းကို လိုက်နာခြင်းမရှိကြောင်း၊ နိုင်ဂျာအစိုးရကို အသိပေးခဲ့ခြင်းမျိုးလည်းမရှိခဲ့ကြောင်း ပြောသည်။

ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ထောက်ပံပေးနိုင်ရန် သိမ်းဆည်းထားသည့် ရုရှားငွေကြေးများကို အသုံးပြုဖွယ်ရှိ ဟုဆို

အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားဗဟိုဘဏ်နှင့်ဆက်နွယ်နေသော ပိုင်ဆိုင်မှုပေါင်း အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံနီးပါးကို သိမ်းယူထားရာ ရုရှားအစိုးရက ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြမှုကို ထောက်ခံကြောင်းပြသမှုအဖြစ် တောင်ကိုရီးယား ဆေးဘက်ဆိုင်ရာပါမောက္ခများ ရာထူးမှနုတ်ထွက်မည်

တောင်ကိုရီးယားနိုင်ငံရှိ အထွေထွေဆေးရုံကြီးများတွင် ဝါရင့်ဆရာဝန်များအဖြစ် လုပ်ကိုင်နေသည့် တက္ကသိုလ်ပေါင်း ၂၀ ကိုကိုယ်စားပြုသော ဆေးဘက်ဆိုင်ရာ ပါမောက္ခအဖွဲ့က ပြီးခဲ့သောရက်ပိုင်းတွင် အစည်းအဝေးလုပ်ဆောင်ခဲ့ပြီး အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြမှုများကို အားပေးထောက်ခံမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များအပါအဝင် လူ ၁၈ သိန်း​ကျော် အကူညီမဲ့​နေ​ကြောင်း UNICEF ထုတ်ပြန်

"မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်​နောက်ပိုင်းမှာ ပြည်တွင်း​နေရပ်စွန့်ခွာပြီး ထွက်​ပြေးတိမ်း​ရှောင်​နေရသူများမှာ က​လေးသူငယ်များအပါအဝင် စားဝတ်​နေ​ရေးအတွက် ၁၈ သိန်း​ကျော် အခက်အခဲ အကျပ်အတည်းများနဲ့ ရင်ဆိုင်ကြုံ​တွေ့​နေရသူများပါတယ်။ ဒီလူ​တွေအတွက် အကူညီမဲ့ပြီး အ​ရေး​ပေါ်အကူအညီလိုအပ်​နေပါတယ်။"

ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း တရုတ်ဆန့်ကျင့်ရေးများလုပ်ကိုင်ရန် စီအိုင်အေကိုညွှန်ကြားခဲ့ ဟုဆို

ဒေါ်နယ်ထရမ့်သည် စီအိုင်အေအဖွဲ့ကို လျိုဝှက်ညွှန်းကြားခဲ့ခြင်းဖြစ်ပြီး၊ တရုတ်အစိုးရဆန့်ကျင့်ရေးလုပ်ငန်းအပြင် တရုတ်ခေါင်းဆောင်များကို ပြည်သူများဆန့်ကျင့်လာစေရေးလုပ်ကိုင်ရန် လျိုဝှက်ညွှန်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၉၀ ကျော် ထောင်ဒဏ်များချမှတ်ခံရ

"တစ်လအတွင်းဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၁၀၀ နီးပါးအထိရှိခဲ့တယ်။ အဲ့ဒီဖမ်းမိတဲ့ ရိုဟင်ဂျာ ၉၄ ယောက်ပေါ့ အဖမ်းခံရတာ။ သူတို့ကို ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ သိရတယ်။အမျိုးသားမှတ်ပုံတင်နှင့် လူဝန်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆၃-က နဲ့အမှုဖွင့်အရေးယူပြီး ထောင်ဒဏ်နှစ်နှစ်စီ အသီးသီးချမှတ်ခဲ့တာလို့…

TikTok ကို အမေရိကန်တွင် ပိတ်ပင်လိုက်မည်ဆိုလျှင် ဝင်ငွေထိခိုက်ဖွယ်ရှိ ဟုဆို

အမေရိကန်နိုင်ငံတွင် ByteDance ကုမ္မဏီ၏ TikTok လူမူကွန်ရက်ကို အသုံးပြုသူအရေအတွက် လူသန်းပေါင်း ၁၇၀ ကျော်ရှိနေပြီး၊ TikTok နှင့်ပတ်သက်ပြီး ရုပ်သံဖိုင်တင်မှုက စံချိန်တင်ခဲ့ကြောင်း သိရသည်။

လူမှုကွန်ရက်ပေါ်တွင် ရုပ်ရှင်ဇာတ်ကားများ ထုတ်လွှင့်ပြသလိုသူများ မှတ်ပုံတင်ရမည်ဟုဆို

"လူမှုကွန်ရက်စာမျက်နှာထက်မှာ ဆက်သွယ်​ရေးကွန်ရက်ကို အသုံးပြုပြီး​တော့ ရုပ်ရှင်ဇာတ်ကား​​တွေ ထုတ်လွှင့်ပြသ​သူများအ​နေနဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)အရ ရုပ်ရှင်ကားထုတ်လုပ်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို တင်ရပါမယ်။"

ယူကရိန်းစစ်ရှုံးပါက အမေရိကန်နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းမည်ဟု ဥရောပသမဂ္ဂ အကြီးအကဲ သတိပေး

အမေရိကန်သည် ယူကရိန်းကို စစ်ရေးအကူညီပေးနိုင်ရန်အတွက် စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကျော် ကူညီထောက်ပံ့ပေးရန် ကြိုးပမ်းနေသော်လည်းအောက်လွှတ်တော်၏ ကန့်ကွက်မှုများ ရင်ဆိုင်နေရကြောင်း သိရသည်။