» သတင်း

ဗီယက်နမ်သမ္မတ ရာထူးမှရုတ်တရက်နုတ်ထွက်

ဗီယက်နမ်အာဏာရပါတီဖြစ်သော ကွန်မြူနစ်ပါတီအစည်းအဝေးကျင်းပခဲ့ပြီးနောက် အစိုးရက သမ္မတသည်ပါတီစည်းကမ်းများ ချိုးဖောက်ခဲ့သလို ဂုဏ်သိက္ခာပိုင်းတွင်လည်းအနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများဖြစ်စေခဲ့ကြောင်း ပြောသည်။

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီ အနိုင်ရ

ရွေးကောက်ပွဲရလဒ်များကို တရားဝင်မထုတ်ပြန်ခင်အချိန်တည်းက ပရာဘိုဝီသည် ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိခဲ့သူအဖြစ် သတ်မှတ်ခံထားရကာ ဝေဖန်ဆန့်ကျင့်မှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

အမေရိကန်စစ်တပ်က ဗုံးကြဲလေယာဉ်ပေါ်မှ အသံထက်မြန်သောဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်

အမေရိကန်လေတပ်သည် ပစီဖိတ်သမုဒ္ဒရာအတွင်း ဘီ ၅၂ ဗုံးကြဲလေယာဉ်ပေါ်မှ စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်လေတပ်က သတင်းထုတ်ပြန်ခဲ့သော်လည်း ဒုံးကျည်၏အသံမြန်နှုန်းကိုတော့ အသေးစိတ်ဖော်ပြခြင်းမရှိကြောင်း သိရသည်။

ယူကရိန်းစစ်ရှုံးခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း အမေရိကန်စစ်ဘက် ဆို

ယူကရိန်းသည် အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းများကြောင့် စစ်ပွဲကို ဆက်လက်တိုက်ခိုက်နိုင်ခြင်းဖြစ်ပြီး အမေရိကန်၏အကူညီမရဘူးဆိုလျှင် စစ်ပွဲရှုံးနိမ့်သွားဖွယ်ရှိနေကြောင်း သိရသည်။

မိုးညှင်းရှိ နန်းမားဘူတာတွင် နှစ်ချီ၍ရပ်တန့်ထားသည့် ရထားတွဲများ မီးလောင်

"ရထားတွဲတွေကနေ ရုတ်တရတ်ထလောင်တာ။ ဘာ့ကြောင့်လောင်တယ်ဆိုတာတော့ သေချာမသိရသေးဘူး။ အနီးမှာရှိတဲ့သူတွေ ဝိုင်းပြီးမီးငြိမ်းကြတာ ည ၇ နာရီလောက်မှာတော့ မီးငြိမ်းသွားတယ်။ အမြန်ရထားတွဲသုံးတွဲတော့ ပျက်စီးသွားတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမော်ရှိ စစ်ရှောင်များအတွက် အကူအညီလိုအပ်နေ

ဗန်းမော်မြို့အနီးရှိ မိုးမောက်မြို့နယ်တွင် တိုက်ပွဲများဖြစ်နေ၍ ဒေသခံများမှာ ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေရာ လတ်တလောတွင် စစ်ရှောင် ၆၀ ခန့်အတွက် စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြောင်း စစ်ရှောင်များအားကူညီပေးနေသော သုညသုခပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လာနေဟု ဖိလစ်ပိုင်သမ္မတ ဆို

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လာနေပြီး ဖိလစ်ပိုင်နိုင်ငံ၏ ပိုင်နက်များကို ကာကွယ်နိုင်ရန်ပိုမိုလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မတ်လ ၁၉ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ရုရှားမပါလျှင် ယူကရိန်းစစ်ပွဲအတွက် နိုင်ငံတကာဆွေးနွေးပွဲများကို တရုတ်အစိုးရ ဆန့်ကျင့်ကန့်ကွက်မည် ဟုဆို

တရုတ်သည် ရုရှားနှင့် ယူကရိန်းနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲ အဆုံးသတ်နိုင်ရန်အတွက် အချက် ၁၂ ချက်ပါသော အဆိုပြုကမ်းလှမ်းချက်ကို လုပ်ဆောင်ခဲ့သော်လည်း ယူကရိန်းဘက်က ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရခိုင်လူငယ်များ အမြန်ဆုံးပြန်လွှတ်​ပေးနိုင်ရန် သက်ဆိုင်ရာသို့ တိုက်တွန်း​နေ​ကြောင်း ရခိုင်အမျိုးသားကွန်ရက်(ANN)​ ဆို

ရခိုင်အမျိုးသားကွန်ရက်(ANN)ရုံးတွင် အစည်းအဝေးကျင်းပစဥ်က ရခိုင်ပြည်နယ်သို့ ပြန်ရန်စီစဥ်​နေကြသူ ရွှေ့ပြောင်းလုပ်သား ရခိုင်လူငယ်တချို့ကို ဖမ်းဆီးစစ်ဆေးနေမှုများအား ဥပဒေနှင့်မငြိစွန်းပါက ပြန်လွှတ်ပေးနိုင်ဖို့ ဆောင်ရွက်​နေ​ကြောင်း၊ သက်ဆိုင်ရာက စီစဥ်​ဆောင်ရွက်​ပေး​နေ​ကြောင်း သိရသည်။

ရုရှားနိုင်ငံသမိုင်းတွင် နှစ်အကြာဆုံးသမ္မတအဖြစ် တာဝန်ယူခွင့်ရမည့် ပူတင်

ရုရှားနိုင်ငံတွင် သမ္မတသက်တမ်းကို ၆ နှစ်အထိ တိုးမြှင့်လိုက်ပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်သော ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ပူတင်က ထောက်ခံမဲ ၈၇ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။