» သတင်း

ဟင်္သာတနှင့် ရေကြည်တွင် စစ်မှုထမ်းကိစ္စများလုပ်နေချိန် အုပ်ချုပ်ရေးမှူးနေအိမ်နှင့် အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးကို မတ် ၂၄ ရက်၊ ည ၈ နာရီဝန်းကျင်က မီးရှို့ခံရပြီး၊ မတ် ၁၉ ရက်ကလည်း ဟင်္သာတမြို့နယ်၊ ဒူးယားမြို့၊ အုတ်ဖိုချောင်ကျေး ရွာမှာ စစ်မှုထမ်းရန် စာရင်းများလုပ်နေအချိန် အုပ်ချုပ်ရေးမှူး…

ဘီးလင်းတွင် လူနာတင်ယာဉ် ပစ်ခတ်ခံရ၊ ယာဉ်မောင်းနှင့် လူနာ ပြင်းထန်ဒဏ်ရာရ

"ညက သထုံဆေးရုံကနေ ရန်ကုန်ကိုလွှဲတဲ့လူနာကို လိုက်ပို့ရင်း ဘီးလင်းအကျော် ကမာစိုင်အရောက်မှာဘဲ မိုင်းခွဲခံရတာ။ မိုင်းထိပြီးချိန် ကားကဆက်သွားသေးတယ်။ အဲ့ဒီအချိန်မှာ သေနတ်သံထွက်လာပြီးသူတို့ကပစ်တာ။ ယာဉ်မောင်းက မိုင်းစဖောက်ဝင် ဒဏ်ရာတွေရတယ်။ လူနာကတော့ သူဆေးကုမဲ့ ခြေထောက်နေရာကို ကျည်ရှပ်ထိသွားတယ်။ နှစ်ယောက်စလုံး အသက်အန္တရာယ်တော့…

အငြင်းပွားပိုင်နက်နယ်မြေမှ တရုတ်စစ်သင်္ဘောများထွက်ခွာရန် ဖိလစ်ပိုင်အစိုးရ တောင်းဆို

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောများကို ပြီးခဲ့သောရက်ပိုင်းတွင် တရုတ်စစ်သင်္ဘောများက ကြားဖြတ်ဟန့်တားမှုများ ထပ်မံလုပ်ဆောင်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတောင်းဆို၊ အမေရိကန်ကြားနေမဲပေးခဲ့ ဟုဆို

အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကြား မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံက ကြားနေမဲပေးခဲ့ကာ အခြားအဖွဲ့ဝင်နိုင်ငံပေါင်း ၁၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် ပန်းတနော်တံတားအနီးတွင် ပြင်ပဒဏ်ရာဖြင့် အမျိုးသမီးအလောင်းတွေ့ရှိ

"အလောင်းဟာ တံတားရေလည်တိုင်အနီးမှာ အမှိုက်ခြုံ နွယ်တွေနဲ့ ကပ်ညိနေတာကို ရေလုပ်သားတွေကစတွေ့တာ။ ဒဏ်ရာတွေနဲ့တွေ့တာ။ ဘယ်သူဘယ်ဝါဆိုတာတော့ မသိဘူး။" ဟု ပန်းတနော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ထိုင်းအစိုးရက မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို အကူညီများ ပထမဆုံးအကြိမ်ပေးပို့

ထိုင်းအစိုးရသည် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများကို ထိုင်းနိုင်ငံတက်ပြည်နယ်မှ မြန်မာနိုင်ငံဘက်ခြမ်းကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ကရင်ပြည်နယ်ရှိ မြို့နယ်သုံးမြို့နယ်ရှိ နေ ရပ်စွန့်ခွာနေရသူ ၂ သောင်းကျော်အတွက် ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေရှည်တည်တံသော ငြိမ်းချမ်းရေးရရှိစေရန် အာဆီယံနိုင်ငံများအပြင်ဒေသအတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကုလ ဆို

အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပြီး၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့်အညီ ကူညီရေးလုပ်သားများအပါအဝင် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးလမ်းကြောင်းတို့အတွက် ထပ်မံတောင်းဆိုကြောင်း အတွင်းရေး မှူးချုပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟာ့ခ်က ပြောသည်။

ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသူများ ပြန်လွှတ်မြောက်စေရန် အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၈၀၀ နီးပါး ပြန်လွှတ်ပေးဖွယ်ရှိနေ ဟုဆို

ထွက်ပေါ်နေသည့်သတင်းများအရ ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသော လူပေါင်း ၄၀ ပြန်လွတ်မြောက်ရန်အတွက် အစ္စရေးက ပါလက်စတိုင်းလူမျိုး ၇၀၀ အထိ လွှတ်ပေးရန် သဘောတူညီဖွယ်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်နေရပ်စွန့်ခွာနေရသူ ၂ ဒသမ ၈သန်းအထိ မြင့်တက်လာနေပြီး ရန်ပုံငွေ ၇ ရာခိုင်နှုန်းသာရရှိထားဟု ကုလသမဂ္ဂ ဆို

ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်များအရ နိုင်ငံ၏အနောက်မြောက်ဖက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် ကနီမြို့နယ်များမှာ တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် လူပေါင်း ၂၄,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

ရှီဖာဆေးရုံကိုစီးနင်းခဲ့ပြီးနောက် လက်နက်ကိုင်အဖွဲ့ဝင် ၅၀၀ နီးပါးကို ဖမ်းဆီးနိုင်ခဲ့ဟု အစ္စရေးအစိုးရ ဆို

အစ္စရေးစစ်တပ်သည် ဂါဇာမြို့ရှိ ရှီဖာဆေးရုံဝန်းကျင်ကို သီတင်းပတ်တစ်ပတ်နီးပါးကြာ စီးနင်းတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်အဖွဲ့ နှင့် ဆက်နွယ်သူအဖြစ် သံသယရှိသူ ၈၀၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။