» သတင်း

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု နုတ်ထွက်ပေးရန် အစ္စရေးပြည်သူများ တောင်းဆို

အစ္စရေးနိုင်ငံသားများသည် ဟားမက်စ်အဖွဲ့ နှင့် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံးဆန္ဒပြပွဲအဖြစ် မတ်လ ၃၀ ရက်နေ့က တဲအယ်ဗစ်မြို့ရှိ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရှေ့တွင် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံတွင်ကျင်းပမည့် စစ်ရေးဆိုင်ရာပွဲများကို နစကတာဝန်ရှိသူများ တက်ရောက်မည်ဟု ရုရှားစစ်တပ် ဆို

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ပူးပေါင်းဆောင်ရွက်မည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအစီစဉ် ၅၀ ထဲတွင် စစ်ဘက်ခေါင်းဆောင်များ အပြန်အလှန်ချစ်ကြည်ရေးသွားရောက်မည့် အစီ အစဉ်များ၊ စစ်သားများလေ့ကျင့်သင်ကြားပေးမည့် အစီအစဉ်တို့ ပါဝင်ဖွယ်ရှိနေကြောင်း သိရသည်။

ပုသိမ်မြို့တွင် စစ်မှုထမ်းကိစ္စဖြင့်လာသည့် နယ်မြေမှူးဆိုသူ ချောင်းရိုက်ခံရ

"အမျိုးသားတစ်ယောက်ပဲ၊ ရိုက်သွားတာ။ အလစ်ဝင်ရိုက်ခံရတာ။ အရိုက်ခံရသူက စစ်မှုထမ်းမဲနှိုက်ဖို့ကိစ္စ ရပ်ကွက်ထဲကိုလာတာလို့ သိရတယ်။ အရိုက်ခံရတာ ဒဏ်ရာကပြင်းတယ်။" ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

ရုရှားစွမ်းအင်အဆောက်အဦးများကို တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး ယူကရိန်းနှင့် အမေရိကန်နိုင်ငံကြား သဘောထားကွဲလွဲနေ

ယူကရိန်းသမ္မတက "အမေရိကန်အစိုးရဲ့တုံ့ပြန်မှုက အပေါင်းလက္ခဏာမဆောင်ဘူး။ အမေရိကန်အစိုးရဟာ အဲဒီတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ခွန်အားမရှိဘူး၊ ကျွန်တော်တို့ဟာ ဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့တယ်။ ဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ဘယ်သူမှလာပြောလို့မရပါဘူး၊" ဟု ပြောသည်။

ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲအသစ်များလုပ်ဆောင်ရန် အစ္စရေးဝန်ကြီးချုပ် ခွင့်ပြု

အစ္စရေးဝန်ကြီးချုပ်က "ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးနဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေးအတွက် ဆွေးနွေးပွဲအသစ်တွေကို ဒိုဟာနဲ့ ကိုင်ရိုမြို့တွေမှာ လာမယ့်ရက်ပိုင်းအတွင်းပြုလုပ်မယ်။ စေ့စပ်ဆွေးနွေးမှုအသစ်တွေလုပ်ဆောင်ဖို့ လိုအပ်တဲ့ ညွှန်ကြားချက်တွေပေးထားပြီးဖြစ်ပါတယ်။" ဟု ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်မည့် ဒရုန်းပစ်ဂျန်မာနှင့်အတူ မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ ဆို

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အာဏာပိုင်များသည် မြန်မာနိုင်ငံသားနှစ်ဦးကို ဂျန်မာသေနတ်များဖြင့် ဖမ်းဆိးရမိခဲ့ခြင်းဖြစ်ကြောင်း တက်ပြည်နယ်၊ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ရဲမှူးကြီး Nattakorn Rueantip က ပြောသည်။

ထိုင်းတွင် ကရိန်းပြိုကျ၍ မြန်မာလုပ်သားခုနစ်ဦးသေဆုံး၊ တစ်ဦးလျှင် ဘတ် ၁.၆ သန်း လျှော်ကြေးရ

မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ မြန်မာလုပ်သားများမှာ ကရိန်းအားသယ်ဆောင်လာစဉ် မတော်တဆဖြစ်ရာမှ ကရိန်းမှာ မီတာ ၁၀၀ ခန့်အမြင့်မှပြုတ်ကျကာ လုပ် သားများအပေါ် ပိမိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ၏အချုပ်အခြာကို စွက်ဖက်မည်ဆိုလျှင် လက်တုံ့ပြန်ခံရမည်ဟု ဂျပန်နိုင်ငံကို မြောက်ကိုရီးယား သတိပေး

ဂျပန်ဝန်ကြီးချုပ် ကာရှီဒါက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နှင့် ကြိုတင်သတ်မှတ်ချက်မရှိသောပုံစံမျိုးဖြင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့သောရက်ပိုင်းက ပြောဆိုခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ရွှေစျေးဆက်လက်မြင့်တက် တစ်ကျပ်သား ၄၄ သိန်းကျော်သို့ရောက်ရှိ

ယခုလအတွင်း ရွှေစျေးကွက်တွင် စျေးနှုန်းများတရိပ်ရိပ်မြင့်တက်လျက်ရှိကာ မတ်လ ၆ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ မှ မတ်လ ၁၃ ရက်နေ့တွင် ၄၁ သိန်းကျပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုမှ စျေးနှုန်းဆက်လက်မြင့်တက်ခဲ့ပြီး မတ် ၂၂…

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရသည့်ကျောင်းသားများ မိမိကြိုက်နှစ်သက်ရာ စာစစ်ဌာနတွင်ဖြေဆိုနိုင် ဟုဆို

"ခုချိန်ထိတော့ ပြန်ပြီးစာရင်းတင်ပြလာတာမရှိသေးဘူး။ မဖြေဆိုလိုက်ရတဲ့ ကျောင်းသားတွေကို အခွင့်အရေးပေးတဲ့သဘောပေါ့။ ဘယ်နေ့ပြန်ဖြေမလဲဆိုတာတော့ မသိ‌ရသေးဘူး။ ခုချိန်ထိတော့ ကျောင်းသားစာရင်းတင်ပြလာတာ မရှိသေးဘူး။" ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။