» သတင်း

လှည်းတန်းခုံးကျော်တံတားပေါ် ယာဉ်တိုက်မှု ယာဉ်မောင်း​သေဆုံး လူ​လေးဦးဒဏ်ရာရ

"လှည်းတန်းခုံးတံတားမှာ ​နေပူရှိန်က အလွန်ပြင်းထန်ပါတယ်။ အဲဒီလို​နေပူရှိန်​ကြောင့် ကပ်တရာ​တွေအရည်​ပျော် လမ်း​ချော်ပြီး ယာဥ်တိမ်း​မှောက်မှုဖြစ်သွားတာပါ။ ယာဥ်​မောင်းတစ်ဦး​သေဆုံးတယ်။ လူ​လေးဦး ထိခိုက်ဒဏ်ရာပြင်းထန်ရတယ်။ ကနဦးအ​ခြေအ​နေပါ။ ရန်ကုန်အ​ရေး​​ပေါ်​ဆေးရုံကြီးကို ကူညီပို့​ဆောင်​ပေးထားပါတယ်။"

ညောင်တုန်းမြို့နယ်တွင် စစ်မှုထမ်းရန်ရွေးချယ်သည့်ကိစ္စဖြင့် အုပ်ချုပ်ရေးမှူးဓားထိုးခံရ

“အချေအတင်းတွေဖြစ်တာ နှစ်ဖက်စကားများရင်းနဲ့ ရုတ်တရက် အုပ်ချုပ်ရေးမှူးမောင်မောင်တာကို မဲစာရင်းပါတဲ့ကောင်လေး တစ်ယောက်က ဓားနဲ့ထိုးပြီးထွက်ပြေးသွားတာ။ကောင်လေးကတော့ အခုထိလွှတ်နေတုန်းပဲ။” ဟု ၎င်းကဆက်ပြောသည်။

MAI သည် ထိုင်းနှင့်လေကြောင်းခရီးစဉ်များ ပိုမိုတိုးချဲ့ပျံသန်းရန် စီစဉ်နေ

MAI သည် ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ တစ်ပတ်လျှင် လေကြောင်းခရီးစဉ် ၅၆ ကြိမ်၊ ရန်ကုန်မြို့မှ ဖူးခက်မြို့သို့ တစ်ပတ်လျှင်နှစ်ကြိမ်၊ ရန်ကုန်မြို့မှ ချင်းမိုင်းမြို့သို့ တစ်ပတ် လျှင်သုံးကြိမ်အထိ ပျံသန်းပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။

အီရန်နိုင်ငံနှင့်ဖြစ်လာနိုင်သမျှ အရာအားလုံးကို ရင်ဆိုင်ဖို့အဆင့်သင့်ရှိနေကြောင်း အစ္စရေးစစ်တပ် ဆို

ပြီးခဲ့သောသီတင်းပတ်အတွင်း ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးများကို အစ္စရေးနိုင်ငံက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ဗိုလ်ချုပ်များ သေဆုံးခဲ့သည့်အတွက် အီရန်နှင့် အစ္စရေးနိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာနေကြောင်း သိရသည်။

နစကနှင့် ပွင့်လင်းစွာဆွေးနွေးရန် အချိန်ကောင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆို

ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က နစကအစိုးရသည် ယခင်လောက် အင်အားတောင့်တင်းမှုမရှိတော့ကြောင်း၊ လက်ရှိအချိန်သည် နစကနှင့် ပွင့်လင်းစွာဆွေးနွေးရန် အချိန်ကောင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံချိန်အတွင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

မတ္တရာမြို့နယ်တွင် လေပြင်းတိုက် သစ်ပင်ပိကာ အဘွားအိုတစ်ဦးသေဆုံးပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရ

မတ္တရာမြို့နယ်၊ မင်းကန်ကျေးရွာအနောက်ဘက် ရွှေတချောင်းဘောင်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် အရှည် ၄၀ ပေခန့်၊ လုံးပတ် ၁၀ ပေခန့်ရှိ လက်ပံပင်လဲပြိုကာ ၎င်းနေရာအနီး ကျူးကျော်တဲအိမ်သုံးအိမ် သစ်ပင်လဲပြိုပိမိခဲ့​​ကြောင်း သိရသည်။

ခိုတောင်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရသော မြန်မာလူငယ်နှစ်ဦးအတွက် ထပ်မံအယူခံတင်သွင်း

ပြီးခဲ့သော ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ဒေးဗစ်မေလာနှင့် ဟန်နာ ဝီသာရစ်ချ်တို့နှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သ လို ဘားအလုပ်သမားများဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့နှစ်ဦးကို လူသတ်မှုဖြင့်စွဲချက်တင်ကာ သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ၁၃၅ ဦးကို ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ ဆို

ထိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး Pattarachai Korsanan က ထိုင်းနိုင်ငံသားတစ်ဦး၏ သတင်းပေးမှုကြောင့် ဧပြီ ၅ ရက်၊ ညနေပိုင်းတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသားများကို Highway 323 အမြန်လမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း…

အမေရိကန်ဦးဆောင်ပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းများကို တရုတ်စစ်တပ် ကင်းလှည့်စောင့်ကြည့်မည်

အမေရိကန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နှင့် သြစတြေးလျနိုင်ငံတို့ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းပြုလုပ်နေချိန်အတွင်း တရုတ်နိုင်ငံဘက်က ယင်းကဲ့သို့ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

အကူညီပေးရေးဝန်ထမ်းများကို မှားယွင်းပစ်ခတ်မှုအတွက် အစ္စရေးစစ်တပ် တာဝန်ရှိသူများကို အရေးယူ

အစ္စရေးစစ်တပ်သည် ဧပြီ ၁ ရက်နေ့က ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ရာ World Central Kitchen (WCK)အဖွဲ့၏ ယာဉ်တန်းကို ပစ်ခတ်မိပြီး မှားယွင်းတိုက်ခိုက်မိခဲ့ကြောင်း ဝန်ခံထားသည်။