» သတင်း

မော်လမြိုင်တွင် သင်္ကြန်အကြို​နေ့တစ်ရက်တည်း ​ရပ်ကွက်သုံးခု၌ ဆိုင်ကယ်သုံးစီးခိုးခံရ

"ဇေယျာမြိုင်ရပ်ကွက်မှာ ဈေးဝယ်ရင်း ရပ်ထားတဲ့ဆိုင်ကယ်ကို ခိုး​ပြေးသွားတာပါ။ မိနစ်ပိုင်း​​လေးပဲကြာလိုက်တယ်။" ဟု ဆိုင်ကယ်ခိုးခံရသူ ပြည်သူတစ်ဦးက ယ​နေ့​ခေတ်သို့ ​​ပြောသည်။

အီရန်နိုင်ငံက အစ္စရေးနိုင်ငံကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တုံ့ပြန်တိုက်ခိုက်

အမေရိကန်သမ္မတက "အီရန်အပြင် အီရန်ရဲ့အထောက်ပံ့ကိုရရှိနေတဲ့ ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အုပ်စု၊ ဆီးရီးယားလက်နက်ကိုင်အုပ်စု၊ အီရတ်နိုင်ငံရှိ လက်နက်ကိုင်အုပ်စုတွေဟာ အစ္စရေးနိုင်ငံရှိ စစ်ရေးဆိုင်ရာအဆောက်အဦးကို စတင်တိုက်ခိုက်လာခဲ့တယ်။" ဟု ပြောသည်။

အစ္စရေးနိုင်ငံကို အီရန်နိုင်ငံတိုက်ခိုက်ရန် အလားလာများနေကြောင်း အမေရိကန်သမ္မတ ထပ်မံသတိပေး

ဧပြီလအစောပိုင်းက ဆီးရီးယားနိုင်ငံကို အစ္စရေးနိုင်ငံက လေကြောင်းကတိုက်ခိုက်ခဲ့ရာ အီရန်စစ်ဗိုလ်ချုပ်များအပါအဝင် အနည်းဆုံး ၇ ဦးသေဆုံးခဲ့ပြီးနောက် အီရန်ဘက်က လက်တုံ့ပြန်မည်ကို စိုးရိမ်မှုမြင့်တက်နေချိန်တွင် အမေရိကန်သမ္မတက သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ပေါင်မြို့နယ်တွင် မွန်ညီညွတ်ရေးပါတီ မြို့နယ်ဥက္ကဌ ပစ်ခတ်ခံရ၍ သေဆုံး

ယနေ့နံနက် ၆ နာရီခွဲက ပေါင်မြို့နယ်၊ သပြုချောင်ကျေးရွာရှိ နေအိမ်တွင် အသက် ၇၈ နှစ်အရွယ်ရှိ မွန်ညီညွတ်ရေးပါတီ၏ ပေါင်မြို့နယ်ဥက္ကဌဖြစ်သူ နိုင်ဘထောက်မှာ နေအိမ်လှေကားအဆင်းတွင် ဆွမ်းလောင်းရန်ဆောင်ရွက်နေစဉ် အမည်မသိလူငယ်တစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ နေရာမှာပင်သေဆုံးခဲ့ကြောင်း သိရသည်။

တောင်ငူရှိ စစ်ရှောင်များအတွက် အကူအညီများလိုအပ်နေ

ပြီးခဲ့သည့်လပိုင်းများနှင့် ယခုလအတွင်း တောင်ငူမြို့အနီးရှိ ဇရပ်ကြီးမြို့အပါအဝင် ဆက်စပ်ကျေးရွာများနှင့် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အနီးတို့တွင် နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံသောင်းချီမှာ တောင်ငူမြို့ပေါ်တွင် စစ်ရှောင်နေရကြောင်း သိရသည်။

ထိုင်းတွင် မြန်မာ​ရွှေ့​ပြောင်းလုပ်သား ၁၀၀ ​ကျော်၏ လုပ်ခလစာကိစ္စ ညှိနှိုင်းဖြေရှင်း

"မြန်မာ​ရွှေ့​ပြောင်းလုပ်သား​တွေ လုပ်ကိုင်တဲ့ ​ဆောက်လုပ်​ရေးသူ​ဌေးက လုပ်ခလစာ တစ်လ​ကျော်ပြီ မ​ပေးလို့ စားဝတ်​ရေးအခက်အခဲဖြစ်လာလို့ အကူအညီ​တောင်းခံလာတယ်။ ကျွန်​​တော်တို့ WAG လူမှုကူညီ​စောင့်​ရှောက်​ရေးအဖွဲ့အ​နေနဲ့ နှစ်ဖက်တွေ့ဆုံညှိနှိုင်း​ရေး ​ဆောင်ရွက်​ပေးခဲ့ပါတယ်။"

အောင်ပန်းတွင် ခရီးသွားယာဥ်တိမ်း​မှောက် ခရီးသည်ရှစ်ဦး ထိခိုက်ဒဏ်ရာရ

"မိုးအရမ်းရာထား​တော့ လမ်းကစလစ်ဖြစ်ပြီး ​ရွှေရုပ်​လေး (Express) ယာဥ်လိုင်း အရှိန်မထိန်းနိုင်ဘဲ တိမ်း​မှောက်သွားတာပါ။ ​ရန်ကုန်ပြန်မယ့်ခရီးသည်ရှစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှ်သွားပါတယ်။ အမျိုးသမီးနှစ်ဦးက အရိုးထိခိုက်မှု ပြင်းထန်ပါတယ်။" ဟု နာ​ရေးကူညီမှုအသင်း(​အောင်ပန်း)မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူများကို ကူညီပေးမည့် ထိုင်းအစိုးရ၏အစီအစဉ်ကို ပံ့ပိုးကူညီမည်ဟု ဗီယက်နမ်အစိုးရ ဆို

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီး အာဆီယံသဘောတူညီချက်များကို ရယူနိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထိုင်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးတို့က (JCBC-5),အစည်းအဝေးအပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနှင့် ဗီယက်နမ်အစိုးရ တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသည့် ဂျပန်ကုမ္မဏီနှစ်ခု အရှုံးပေါ် ဟုဆို

၂၀၂၂ ခုနှစ်ဧပြီလတွင် စတင်သတ်မှတ်ခဲ့သော မြန်မာနိုင်ငံဗဟိုဘဏ်၏ နိုင်ငံခြားငွေကြေးကန့်သတ်သော စည်းမျဉ်းအသစ်များကြောင့် အရှုံးပေါ်ခြင်းများဖြစ်လာခဲ့ပြီး ငွေကြေးစုဆောင်းချေငှားခြင်းများလည်း နှောင့်နေးခဲ့ရကြောင်း ပြောသည်။

မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုကိုတုံ့ပြန်ရန် တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်တို့ သုံးနိုင်ငံစစ်ရေးလေ့ကျင့်

တောင်ကိုရီးယားစစ်တပ်က "စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း ရေငုပ်သင်္ဘောဖျက်ဆီးရေး လေ့ကျင့်ခန်း၊ ရေငုပ်သင်္ဘောကနေ ဒုံးကျည်ပစ်ခတ်မှုနဲ့ ရေအောက်ဖျက်ဆီးရေးလုပ်ငန်းတွေကို အဓိကထားလုပ်ဆောင်ခဲ့တယ်။" ဟု ပြောသည်။