» သတင်း

တရုတ်နှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် ဖိလစ်ပိုင်နှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်

အမေရိကန်မရိန်းတပ်ဖွဲ့မှ တပ်မှူးကြီးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ဝီလီယံ ဂျူနေးက "ကျွန်တော်တို့ဟာ ဖိလစ်ပိုင်ပြည်သူတွေကို အားပေးကူညီမယ်ဆိုတာပြသဖို့ လာရောက်ခဲ့တာပါ၊ ဖိလစ်ပိုင်နိုင်ငံကို အကူညီပေးမယ့်အစီအစဉ်တွေ ဘယ်တော့မှရပ်တန့်မှာမဟုတ်ဘူး။ ဖိလစ်ပိုင်နိုင်ငံ ဘေးကင်းလုံခြုံဖို့နဲ့ ခိုင်မာတောင့်တင်းစေဖို့ ကူညီသွားမှာပါ။" ဟု ဆို သည်။

မီးလာချိန်နည်း​သော​ကြောင့် ​အထည်ချုပ်လုပ်ငန်းရှင်များ ရှေ့ဆက်ရန်ခက်ခဲနေ ဟုဆို

ရန်ကုန်မြို့တွင် စက်သုံးဆီတစ်​ပေပါလျှင် ကျပ် ၆၅၀,၀၀၀ အထိရှိ​နေပြီး၊ တစ်​နေ့လျှင် စက်ရုံတစ်ရုံ တစ်​ပေပါခွဲမှ နှစ်​ပေပါအထိ မီးစက်အတွက် အသုံးပြုရလျက်ရှိ​ကြောင်း Pertty Fashion အထည်ချုပ်စက်ရုံမှ သိရသည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် မြေမြှပ်မိုင်းနင်းမိ၍သေဆုံးသူ တစ်ထောင်ကျော်ခန့်ရှိလာ ဟုဆို

"ကျွန်တော်တို့နမ္မတူမှာ တောထဲသွားရင်းနဲ့ မိုင်းထိမိတာများတာပေါ့။ စုစုပေါင်း ၁၀ ဦးလောက်တော့ရှိတယ်။ အမျိုးသားငါးဦး၊ အမျိုးသမီးသုံးဦး၊ ကလေးနှစ်ဦး။ ကျွန်တော်တို့ လက်လှမ်းမမှီတာတွေလည်း ရှိမှာပေါ့နော်။” ဟု မေတ္တာရှင် ပရဟိတအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုင်းအစိုးရက လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသော မြန်မာနိုင်ငံသားများကို ပိုမိုတိုးမြှင့်ကူညီသွားမည် ဟုဆို

ထိုအပြင် ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းမှုများကို ကူညီထောက်ပံ့ပေးရန် အဆင့်သင့်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုဘယ်ငြိမ်းချမ်းရေးဆုသည် ပြီးပြည့်စုံသောဆုမဟုတ်ဟု နိုဘယ်ဆုအမည်စာရင်းတင်သွင်းခံရသည့် မြန်မာအရေးတက်ကြွလှုပ်ရှားသူ ဆို

၎င်း၏ နိုဘယ်ဆုအမည်စာရင်းတင်သွင်းခံရမှုသည် မြန်မာပြည်သူများနှင့် ကမ္ဘာ့တက်ကြွလှုပ်ရှားသူများအတွက် သတင်းကောင်းဖြစ်မည်ဟု ယုံကြည်ကြောင်း၊ ၎င်းအနေဖြင့် နိုဘယ်ဆုအမည်စာရင်း တင်သွင်းခံရမှုများနှင့်ပတ်သက်ပြီး အလုပ်များကို လက်ရှိထက်တိုးမြှင့်လုပ်ဆောင်မည်ဟု ပြောသည်။

ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးနိုင်ငံတို့ကို အကူညီပေးမည့် ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော် ခွင့်ပြု

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အမေရိကန်အထက်လွှတ်တော်ခေါင်းဆောင်တို့သည် ယူကရိန်းအပါအဝင် နိုင်ငံအချို့ကို စစ်ရေးအကူညီများပေးမည့် ဥပဒေမူကြမ်းကိုဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရန် တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက် အောက်လွှတ်တော်အတွင်း ဧပြီ ၂၀ ရက်နေ့က ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန် လမ်း ၉၀ တွင် နှစ်ထပ်တိုက်အိမ် လသာ​ဆောင်ပြိုကျ လူတစ်ဦးထိခိုက်ဒဏ်ရာရ

"နှစ်ထပ်တိုက်အိမ်ရဲ့ အ​ရှေ့လသာ​ဆောင်ပြိုကျတာ မှန်ပါတယ်။ တိုက်​ဆောက်ထားတဲ့နှစ်က​တော့ ၁၀ နှစ်​ကျော်​လောက်ပြီထင်ပါတယ်။ ​အောက်မှာရှိတဲ့ လူတစ်ဦး​တော့ ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။" ဟု လမ်း ၉၀တွင် ​နေထိုင်သူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မြဝတီတွင် စစ်ရေးပြင်းထန်နေ၍ ထိုင်းဘက်ခြမ်းက စစ်​ရေးအသင့်ပြင်ဆင်ထား

မြဝတီမြို့၊ မြန်မာ-ထိုင်းနယ်စပ်တွင် နစကတပ်များနှင့် KNLA ပူးပေါင်းတပ်များအကြား ဧပြီလ ၂၀ ရက်၊ နံနက် ၆ နာရီမှစတင်ပြီး တိုက်ပွဲများပြင်းထန်လျက်ရှိရာ ထိုင်းနိုင်ငံနယ်စပ်အနီးတွင် ထိုင်းလုံခြုံရေးတပ်သားများက အသင့်​နေရာယူထား​ကြောင်း မြဝတီမြို့နေ ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

မြောင်းမြအကျဉ်းထောင်မှ ထောင်ဖောက်ပြေးရန်ကြိုးစားသူ သုံးဦးပြန်လည်ဖမ်းဆီးခံရ

ဧပြီလ ၁၈ ရက်၊ ညနေ ၅ နာရီခန့်က မြောင်းမြအကျဉ်းထောင် တန်းပိတ်ချိန်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အကျဉ်းသားသုံးဦးသည် တန်းမဝင်ဘဲ ထောင်အုတ်တံတိုင်းကိုကျော်ကာ ထွက်ပြေးရန် ကြိုးစားကြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အကျဉ်း ဦးစီးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အမြန်လမ်းတွင် အိမ်စီးကားတိမ်းမှောက် အမျိုးသားတစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

“အိမ်းသုံးကားပဲ ရေနံချောင်းဘက်ကပြန်လာတာဗျ။ မန္တလေးကိုပြန်တာပေါ့။ မိုင်တိုင် ၃၃၆/၄နဲ့၅ ကြားမှာ ရှေ့ယာဘက်ဘီးပေါက်သွားတာ။ ကုက္ကိုပင်ကို ဝင်တာတယ်။ ယာဉ်မောင်းတစ်ဦးသေဆုံးပါတယ်။ အသက်က ၄၀ ပတ်လည်လောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတာတော့ ခြောက်ဦးလောက်ရှိတယ်ဗျ။”