» သတင်း

ကချင်ပြည်နယ်တွင် မိုးကြိုးထိမှန်မှုကြောင့် နွား ၂၄ ကောင်သေဆုံး

"ရုတ်တရက် မိုးလည်းရွာတယ်။ မိုးကြိုးတွေလဲ အရမ်းပစ်တယ်။ အဲ့အချိန်မှာထိတာ။ ထိတဲ့နွားတွေက ပုံမှန်အတိုင်းဘဲ နွားတွေကိုလှန်ထားတာ။ မိုးကြိုးကနွားတွေကို တိုက်ရိုက်ထိတဲ့ပုံစံတော့ မဟုတ်ဘူး။ စက်ကွင်းမိတဲ့ပုံစံ ဖြစ်နေတယ်။" ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမြို့မှ စစ်ဘေးရှောင်များအတွက် အမိုးအကာများလိုအပ်နေ

ဖရူဆိုမြို့နယ်တွင် မေ ၂ ရက်၊ ည ၇ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်းများရှိ နေအိမ် ၄၀ ကျော်ပျက်စီးခဲ့ပြီး၊ ယခုအခါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် စစ်ဘေးရှောင်များ၏နေအိမ်များအတွက် အမိုးအကာများလိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။

ရုရှားက ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖမ်းဝရမ်းထုတ်

ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ၎င်းတို့သည် ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖမ်းဆီးရန်အလိုရှိသောစာရင်းထဲ ထည့်သွင်းခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ်အခြေနေများကို ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် လျှပ်စစ်မီးပြတ်​တောက်ချိန် များပြားလာသည်နှင့်အတူ ​ရေသန့်​ဗူးစျေးများ မြင့်တက်လာ ဟုဆို

"ဒီနှစ်နွေရာသီမှာ အပူချိန်က အရင်နှစ်​တွေထက် နှစ်ဆ​လောက်မြင့်တက်လာတယ်။ ဒါ့အပြင် မီးပြတ်​တောက်ချိန်ကလဲ ပိုများလာတယ်။ မီးပြတ်​လာပြီး​နောက် ဆိုးကျိုးက ​ရေသန့်ဗူး​တွေစျေးပိုမြင့်လာတယ်။ အရင်ကတစ်ဗူး ၅၀၀ ပဲ​ပေးရတယ်။ အခုတစ်ဗူး ၈၀၀ ​လောက်ပေးရတယ်။"

ယူကရိန်းအစိုးရက HIV ကူးဆက်ခံနေရသူများကို စစ်မှုထမ်းရန်စီစဉ်နေ ဟုဆို

ယခင်စစ်မှုထမ်းဥပဒေထဲတွင် စစ်ဘက်ဆိုင်ရာဆရာဝန်များက စစ်မှုထမ်းရန်မသင့်တော်ဟု သတ်မှတ်ထားသူရှိခဲ့သော်လည်း၊ အသစ်သတ်မှတ်မည့် ဥပဒေမူကြမ်းထဲတွင် HIV ကူး ဆက််ခံထားရသူများ၊ တီဘီရောဂါရှိနေသူများ၊ ကင်ဆာရောဂါရှိနေသူများ၊ မူးယစ်ဆေးဝါးဆေးစွဲနေသူများကို ကင်းလွတ်ခွင့်ပေးဖွယ်မရှိတော့ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတုများအပေါ်တွင် တရုတ်နိုင်ငံက နျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်မည်

တရုတ်အစိုးရက ၎င်းတို့သည် ဝေးလံခေါင်သီသောဒေသများ၊ ကျွန်းများနှင့် ဓါတ်ငွေ့ထုတ်လုပ်ရေးပလက်ဖောင်း၊ ရေနံထုတ်လုပ်ရေးလုပ်ငန်းများသို့ ဓါတ်အားကူညီထောက်ပံ့ပေးရန်အတွက် နျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြာင်း သတင်းထုတ်ပြန်ထားသည်။

အမေရိကန်တွင် တက္ကသိုလ်ကျောင်းသားများ၏ ပါလက်စတိုင်းလိုလားသော ဆန္ဒပြအုပ်စုများကို တန်ပြန်ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုများဖြစ်နေ ဟုဆို

အမေရိကန်နိုင်ငံတွင် ပါလက်စတိုင်းလိုလားသော ဆန္ဒပြအုပ်စုများနှင့်အပြိုင် တန်ပြန်ဆန္ဒပြအုပ်စုများသည် တက္ကသိုလ်ကျောင်းများအတွင်းဆန္ဒပြနေသည့် ပါလက်စတိုင်းလိုလားသူ အုပ်စုများနှင့် ထိပ်တိုက်တွေ့ဆုံရန် ကြိုးပမ်းခြင်းများလည်းရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် အခြေနေများနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ စိုးရိမ်မကင်း ဟုဆို

မတည်မငြိမ်ဖြစ်နေသည့်အခြေအနေတွင် ပြန်လည်ပေါ်ပေါက်လာနေသည့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအန္တရာယ်နှင့် တင်းမာမှုများပိုမိုတိုးပွားလာနေသည့် အရိပ်အယောင်များရှိလာချိန်တွင် ကုလသမဂ္ဂအနေဖြင့် လူမှုသဟဇာတဖြစ်မှုကိုမြှင့်တင်ရန် နှစ်ဆတိုးကြိုးပမ်းနေကြောင်း၊ အတူတကွလက်တွဲလုပ်ဆောင်နေကြသည့် ရခိုင်ပြည်နယ်တွင်းက ရပ်ရွာခေါင်းဆောင်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များကို အပြည့်အဝထောက်ခံအားပေးကြောင်း ၎င်းကပြောသည်။

အမေရိကန်နိုင်ငံတွင် ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့ကဖြိုခွင်း လူပေါင်း ၂၀၀၀ ကျော်ဖမ်းဆီးခံရ

အဆိုပါ တက္ကသိုလ်ကျောင်းသားများ၏ ဆန္ဒပြပွဲများသည် အစ္စရေးဆန့်ကျင့်ပြီး ပါလက်စတိုင်းလိုလားထောက်ခံသော ဆန္ဒပြပွဲဖြစ်ကာ တက္ကသိုလ်များအတွင်း ဆန္ဒပြပွဲများလုပ် ဆောင်နေခြင်းဖြစ်သည်။

မြန်မာနေရပ်စွန့်ခွာသူများထဲမှ ၃၈ ဦးကို အိန္ဒိယအစိုးရက မိခင်နိုင်ငံသို့ ပြန်ပို့

မဏိပူရပြည်နယ် အစိုးရအဖွဲ့သည် ၎င်းတို့ပြည်နယ်အတွင်း တရားမဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသားများထဲမှ ၇၇ ဦးကို ပြန်ပို့ရန်စီစဉ်ထားပြီး မေလ ၂ ရက်နေ့က အနည်းဆုံး ၃၈ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရမ်ဆင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။