» သတင်း

ကမ္ဘာကြီးတွင်တရားမျှတမှုများဖြစ်လာစေရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေဟု တရုတ်သမ္မတ ဆို

တရုတ်သမ္မတက "တရုတ်နိုင်ငံဟာ ကမ္ဘာကြီးမှာ တရားမျှတမှုတွေ၊ မှန်ကန်မှုတွေဖြစ်လာစေဖို့ ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့်ရှိနေပါတယ်။ တရုတ်နဲ့ ရုရှားနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးကောင်းမွန်စေဖို့ အခက်ခဲတွေကြားကနေ ရရှိခဲ့ပါတယ်။ နှစ်နှစ်နိုင်ငံစလုံးဟာ ဒီဆက်ဆံရေးကိုထိန်းသိမ်းဖို့၊ အမြတ်တနိုးတန်ဖိုးထားဖို့လိုအပ်ပါတယ်။" ဟု ပြောသည်။

ချင်းပြည်သူ့ပါတီ၏ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ

"ဒီ​နေ့ထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာတဲ့ အဖွဲ့ ၁၅ ဖွဲ့ရှိနေပါပြီ။ လျှောက်ထားတဲ့အဖွဲ့တွေထဲက ၁၂ ဖွဲ့ကို ပါတီတည်ထောင်ခွင့်ပြု​ပေးခဲ့ပါတယ်။ UEC အ​နေနဲ့ ဒီမိုက​ရေစီပါတီကိုလည်း တည်​ထောင်ခွင့် ငြင်းပယ်ထားပါတယ်။ ပါတီတည်​ထောင်ခွင့် ငြင်းပယ်လိုက်တာ ပါတီနှစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ…

သထုံတွင် ခရီးသည်တင်ယာဉ်ပေါ် ဒရုန်းဗုံးကျ

"ဒရုန်းနှစ်စင်းလာဝဲပြီး ခဏလေးအတွင်းမှာ ဗုံးတစ်လုံးက ကားပေါ်ပြုတ်ကျတာ။ အဲ့ဒီအချိန် ကားလမ်းတွေပိတ်နေလို့ ခရီးသည်တွေ အောက်ဆင်းနားနေတုန်းဖြစ်တာလို့ သိရ တယ်။ ကားနဲ့ ကားပေါ်ကပစ္စည်းတွေတော့ မီးလောင်သွားတယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။" ဟု သထုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ရုရှားသမ္မတက ထုတ်ပယ်ခဲ့သော ရုရှားကာကွယ်ရေးဝန်ကြီးနေရာတွင် အသစ်တစ်ဦး ထပ်မံခန့်အပ်

ရုရှားလွှတ်တော်သည် ရာထူးမှထုတ်ပယ်လိုက်သော ကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးနေရာတွင် ဘီလော့ဆောဗ်ဆိုသူကို အစားထိုးရန် ခွင့်ပြုပေးလိုက်ပြီးနောက် သမ္မတပူတင်က ဘီလော့ဆောဗ့်အား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်သောအမိန့်ကို ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂါဇာစစ်ပွဲအတွင်း သေဆုံးသူအရေအတွက် သမိုင်းတွင်အနည်းဆုံးဟု အစ္စရေးအစိုးရ ဆို

အစ္စရေးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Avi Hyman အေဗီဟိုင်မန်က ဂါဇာစစ်ပွဲအတွင်း သေဆုံးသူ ၃ သောင်းကျော်ရှိခဲ့သော်လည်း သေဆုံးသူအားလုံး၏ ၁၄,၀၀၀ ကျော်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဝင်များဖြစ်ပြီး အခြားသူများက ပြည်သူများဖြစ်ကြောင်း ပြောသည်။

ကျိုင်းတုံတွင် နှင်းဆီရွှေဆိုင်ကို သေနတ်ပစ်ဖောက်လုယက်မှု ကျူးလွန်သူများ ဖမ်းဆီးရမိ

"အမည်မသိလူတစ်စုက ဆိုင်ကယ်နဲ့သုံးယောက်လာကြတာပါ။ သေနတ်နဲ့ပစ်​ဖောက် ခြိမ်း​ခြောက်မှု​တွေလုပ်ပြီး ဆိုင်ထဲကရွှေထည်တွေထည့်ထားတဲ့ မှန်ပုံးကိုခွဲပြီး ယူသွားကြတာပါ။" ဟု နှင်းဆီရွှေဆိုင်နံပါတ်(၃) မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အကျင့်ပျက်လာဘ်စားမှုများကြောင့် ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကို ဖမ်းဆီး

ရုရှားအာဏာပိုင်များသည် အဆိုပါဗိုလ်ချုပ်ကြီး၏အိမ်ကို စီးနင်းရှာဖွေချိန်အတွင်း ရုရှားနိုင်ငံသုံးငွေကြေး တစ်သန်းကျော်အပြင် နိုင်ငံခြားသုံးငွေကြေးများ၊ ရွေဒင်္ဂါပြားများ၊ တန်ဖိုးကြီးနာရီများ၊ အခြားဇိမ်ခံပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောသည်။

မဏိပူပြည်နယ်အတွင်းသို တရားမဝင်ရောက်လာသော မြန်မာနိုင်ငံသား ၅၈၀၀ ကျော်ရှိဟု ပြည်နယ်ဝန်ကြီးချုပ် ဆို

ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာနေထိုင်နေသူများစခန်း ၈ ခုတွင် မြန်မာနိုင်ငံသား ၅၄၅၇ ဦးနေထိုင်နေဆဲဖြစ်ပြီး၊ အများစုက မိုးရာသီကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ပြန် လည်လုပ်ကိုင်ရန် မိခင်နိုင်ငံသိုပြန်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

AA ၏ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးသေဆုံး ဟုဆို

ရခိုင်လက်နက်ကိုင်အဖွဲ AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသည် Abul Kalam အဘူကာလမ်ဆိုသူဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sadar Upazila’s Bamhatichhra အရပ်ဒေသမှဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သော ရိုင်ဟန်ကာဇီမီက အတည်ပြုပြောဆိုထားသည်။

အနောက်နိုင်ငံများမှကူညီမည့် F-16s တိုက်လေယာဉ်များ လာမည့်သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံသို့ ရောက်ရှိလာဖွယ်ရှိနေ

ဗြိတိန်အခြေစိုက် Evening Standard သတင်းဌာနက ယူကရိန်းနိုင်ငံသည် လာမည့်သီတင်းပတ်များအတွင်း အနောက်အုပ်စုနိုင်ငံများမှ အကူအညီပေးမည့် တိုက်လေယာဉ်များကိုလက်ခံရရှိမည်ဟု ဖော်ပြထားသည်။