» သတင်း

သားဖြစ်သူ၏အမှုကိစ္စနှင့်ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒန်အနေဖြင့် လုပ်ပိုင်ခွင့်ကိုကျော်လွန်လုပ်ဆောင်လို့ရမည်မဟုတ်ဟု အမေရိကန်အစိုးရ ဆို

အဆိုပါအမှုကို ဆက်လက်စစ်ဆေးစီရင်မည်ဖြစ်ပြီး အမှုကိုအပြီးသတ်ဆုံးဖြတ်ချက်ချချိန်တွင် ဟန်တာဘိုင်ဒန်သည် ထောင်ဒဏ် ၂၅ နှစ်အထိ ပြစ်ဒဏ်ကျခံရဖွယ်ရှိသည်ဟု သ တင်းများလည်းထွက်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံ၏စီးပွားရေးစိန်ခေါ်မှုများ ဆက်လက်ရှိနေမည်ဟု ကမ္ဘာဘဏ်ဖော်ပြ

မြန်မာနိုင်ငံသည် စီးပွားရေးနှင့် မြန်မာပြည်သူများသည် စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပြီး ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းနှင့် အလုပ်ကိုင်မရရှိမှု မြင့်တက်ခြင်းများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကမ္ဘာဘဏ်ကဖော်ပြထားသည်။

ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ယူကရိန်းသမ္မတ စိတ်ပျက်နေ ဟုဆို

ဆွတ်ဇာလန်နိုင်ငံတွင် လာမည့်သီတင်းပတ်အတွင်းကျင်းပမည့် ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ရုရှားအစိုးရတာဝန်ရှိသူများကို ဖိတ်ကြားခြင်းမပြုသည့်အတွက် တရုတ်နိုင်ငံအပါအဝင် BRICS အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များသည် အစည်းအဝေးတက်ရောက်ရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်၏သား ဟန်တာဘိုင်ဒန်ကို သေနတ်မှု၊ မူးယစ်ဆေးဝါးမှုများနှင့်ပတ်သက်ပြီး အပြစ်ရှိကြောင်းစစ်ဆေးတွေ့ရှိဟု အမေရိကန်တရားသူကြီးများ ဆို

တရားသူကြီးအဖွဲ့ဝင် ၁၂ ဦးပါဝင်သော အမှုစစ်ဆေးရေးအဖွဲ့က ဟန်တာဘိုင်ဒန်သည် ၂၀၁၈ ခုနှစ်အတွင်း သေနတ်ဝယ်ယူမှုများအပြင်၊ မူးယစ်ဆေးဝါးသုံးစွဲမှုများကို လိမ်လည်မှုများကျူးလွန်ခဲ့ကြောင်း ပြောသည်။

ပန်းလှိုင်ဂေါက်ကွင်းအနီး ရန်ကုန်မြစ်အတွင်း စက်လှေတစ်စီးမီးလောင်

"မွန်းလွဲ ၂ နာရီခွဲပြီးကတည်းက ရန်ကုန်မြစ်အတွင်းမှာ စက်​လှေမီး​လောင်တာပါ။ စက်​လှေတစ်စီးလုံး မီး​လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ လူအချို့ထိခိုက်မှုရှိခဲ့ပါတယ်။ ​လေးနာရီခန့်ကြာမှ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။" ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ဘင်္ဂလားဒေရှ့်တွင်ရောက်ရှိနေသော မြန်မာလုံခြုံရေးတပ်ဖွဲဝင် ၁၃၀ ကျော်ကို မိခင်နိုင်ငံသို ပြန်လည်ခေါ်ယူ

ဘင်္ဂလားဒေရှ်နိုင်ငံ၊ ကော့ဘဇာဒေသ၊ အုပ်ချုပ်ရေးမှူးတာဝန်ရှိသူ ယာမင် ဟူစိန်က ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာတိမ်းရှောင်လာသော မြန်မာလုံခြုံရေးတပ်ဖွဲဝင်များနှင့် မြန်မာနိုင်ငံအကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသော ဘင်္ဂလားဒေရှ့်နိုင်ငံသားများ အပြန်အလှန်လွှဲပြောင်းပေးမှုအစီအစဉ်ကို ဇွန် ၉ ရက်နေ့တွင် အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

လေ့ကျင့်ပျံသန်းချိန်အတွင်း Su-34 အမျိုးအစား အသံထက်မြန်သောဗုံးကြဲလေယာဉ် ပျက်ကျဟု ရုရှားစစ်ဘက် သတင်းထုတ်ပြန်

ရုရှားနိုင်ငံတောင်ပိုင်းတွင် တာဝေးပျံသန်းနိုင်စွမ်းရှိသော Tu-22M3 အမျိုးအစား ဗုံးကြဲလေယာဉ်ပျက်ကျခဲ့ပြီးနောက် နှစ်လကျော်အကြာတွင် Su-34 အမျိုးအစား ဗုံးကြဲလေယာဉ် ထပ်မံပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချောင်းရေတိုက်စားမှုကြောင့် မြဝတီ-ဝေါလေကားလမ်းပေါ်ရှိ မယ်ထော်သလေးရွာအဝင် တံတားပြိုကျ

“ရက်ဆက်မိုးရွာတာနဲ့ ရေတိုက်စားလို့ပြိုကျတာ။ လက်ရှိ ကျိုးကျသွားတဲ့တံတားကလည်း မြဝတီ-ဝေါလေလမ်းမကြီးအတွက် အရေးပါတဲ့တံတားတစ်စင်းဖြစ်တယ်။ အခုလို ပြိုကျပျက်စီးသွားလို့ ခရီးသွားယာဉ်တွေ ပိတ်မိနေတယ်။” ဟု ၎င်းကဆက်ပြောသည်။

ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ဟားမက်စ်လက်နက်ကိုင်အဖွဲ့ လက်ခံကြိုဆို

ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးမူကြမ်းထဲတွင် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရန်၊ ဒေသခံများကို မိခင်အရပ်ဒေသသို့ပြန်ရန်၊ ပျက်စီးသွားသောအရာများ ပြန်လည်တည် ဆောက်ရန်၊ အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရန်၊ တပ်ဖွဲ့ဝင်များ အလုံးစုံပြန်ရုတ်သိမ်းရန်နှင့် အမြဲတမ်းအပစ်ခတ်ရပ်စဲရေးရယူရန်ဆိုသော အချက်များပါဝင်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြိုတွင် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျပေါက်ကွဲ တစ်ဦးသေဆုံး လေးဦးပြင်းထန်ဒဏ်ရာရ

“မနေ့ညက လမ်းသွယ် ၁၂ ကအိမ်ပေါ် လက်နက်ကြီးကျည်ကျလို့ ၂၆ နှစ် လူငယ်တစ်ဦးဆုံးသွားတယ်။ အိမ်နီးချင်းက လူလေးဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်။ ခွေးလေးတစ်ကောင်လည်း သေတယ်။ နေအိမ်နှစ်လုံးနဲ့ ခြံစည်းရိုးပေါ်ကို နှစ်လုံးကျပြီး ပေါက်ကွဲတယ်။ ပေါက်ကွဲစကနေ ထမင်းစားနေတဲ့ မိသားစုနေရာကိုကျလာတာ။ ခြံစည်းရိုးကနေတဆင့်…