» သတင်း

မြောက်ကိုရီးယားနိုင်ငံ၏ အသံထက်မြန်သောဒုံးကျည်စမ်းသပ်မှု အောင်မြင်မှုမရဟု တောင်ကိုရီးယားစစ်တပ် ဆို

မြောက်ကိုရီးယားနိုင်ငံနှင့် ရုရှားနိုင်ငံကြား အပြန်လှန်စစ်ရေးအကူညီပေးမည့် စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မြောက်ကိုရီးယားနိုင်ငံက အသံထက်မြန်သော ဒုံးကျည်ကိုစမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင် ကျန်းမာ​ရေးချို့ယွင်းလာသဖြင့် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည် ဟုဆို

"​ဒေါက်တာ​ဇော်မြင့်​မောင်က နာတာရှည်​သွေးကင်ဆာ​ရောဂါနဲ့ ​ဆေးကုသ​မှုခံယူ​နေရသူပါ။ အသက်ကလည်း ၇၂ နှစ်ရှိပြီပါပြီ။ ​ဆေးစစ်ဖို့လိုအပ်ချက်အရ ​ဆေးရုံတက်ရတာပါ။" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ​ပြောသည်။

ချမ်းအေးသာစံမြို့တွင် အိုးဝေတစ်စီး လုယက်ခံရ

“ဒီမနက်နေ့လည်မှာ ငှါးသွားတာ။ ကျွဲဆယ်ကန်ကနေ အရှေ့ကန်ကောက်ဘက်ကိုငှါးတာ။ တွေ့တာ 26 A၊ ၅၃ လမ်းမှာပဲဗျ။ ဓားနဲ့ ဗိုက်ကိုတစ်ချက်။ နောက်ကျောကိုတစ်ချက်။ ပိုက်ဆံအိတ်၊ ဖုန်းနဲ့အိုးဝေကိုလည်းယူသွားတယ်။ ယူသွာတဲ့သူတွေကိုမတွေ့သေးဘူး။ အိုးဝေမောင်းတဲ့သူက ဆေးရုံတော့မသွားရဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့…

ကင်ညာနိုင်ငံတွင်ဖြစ်ပွားနေသော ဆန္ဒပြပွဲများအတွင်း လွှတ်တော်အဆောက်အဦး မီးရှို့ဖျက်ဆီးခံရသလို ကျည်အစစ်သုံး ဖြိုခွင်းမှုများရှိနေ

ကင်ညာပြည်သူများသည် ကင်ညာအစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေမူကြမ်းအသစ်ကို မကျေနပ်သည့်အတွက် ဆန္ဒပြပွဲများလုပ်ဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့ကပစ်ခတ်ဖြိုခွင်းခြင်းများလုပ်ဆောင်ခဲ့ရာ အနည်းဆုံးလူပေါင်း ၅ ဦးသေဆုံးခဲ့ရကြောင်း ကင်ညာဆရာဝန်များက ပြောသည်။

လွိုင်ကော်စစ်ရှောင်စခန်းတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု များပြားနေ

“အခုလထဲ အသက်တစ်နှစ်ခွဲကလေးမှာတောင် ငှက်ဖျားဖြစ်တာတွေရှိလာတယ်။ စစ်ရှောင်နေတဲ့ စခန်းတော်တော်များများက ငှက်ဖျားဖြစ်နေတယ်။ စခန်း ၁၀ ခုရှိရင် ၈ ခုလောက်က ငှက်ဖျားဖြစ်တဲ့သူတွေရှိနေတယ်လို့ အကြမ်းဖျင်းဖြေလို့ရတယ်။” ဟု ၎င်းကဆက်ပြောသည်။

တရုတ်နိုင်ငံနှင့်ဖြစ်ပွားနေသည့် အငြင်းပွားမှုများကို စားပွဲဝိုင်းတွင်ဆွေးနွေးနိုင်ရန် အပြင်းထန်ကြိုးပမ်းနေဟု ဖိလစ်ပိုင်အစိုးရ ဆို

ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်ပြီး တရုတ်စစ်သင်္ဘောများက ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောများကို ဝင်တိုက်ခြင်း၊ နှောက်ယှက်ခြင်း၊ တားဆီးခြင်းများရှိခဲ့ရာ တင်းမာမှုအရှိန်မြင့်တက်ခဲ့ကြောင်း သိရသည်။

စစ်ပွဲတွင်ရလဒ်မကောင်းသည့်အတွက် ယူကရိန်းပူးတွဲစစ်ဦးစီးချုပ်တစ်ဦးကို သမ္မတဇီလန်စကီး ရာထူးမှထုတ်ပယ်

ယူကရိန်းပူးတွဲစစ်ဦးစီးချုပ်၏ အရည်ချင်းမရှိခြင်းကြောင့် ယူကရိန်းစစ်သားများသည် ရုရှားစစ်သားများထက် ပိုမိုသေဆုံးနေရကြောင်း မကြာသေးမီက ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ခံရခြင်းဖြစ်သည်။

တကျော့ပြန်တိုက်ပွဲအတွင်း ကျောက်မဲမြို့တွင် လက်နက်ကြီးကျည်ထိမှန် နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

“တိုက်ပွဲက ဒီမနက်စဖြစ်တာ။ ကျောက်မဲမိန်းလမ်းမပေါ်က ပန်ပေါင်းကျေးရွာက အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦး ကျည်စထိမှန်တယ်။ တိလင်ရပ်ကွက်မှာနေတဲ့ အမျိုးသမီးတစ်ဦးက ခေါင်းကိုကျည်ထိမှန်လို့ ဆုံးသွားတယ်။ အခွန်စျေးနားမှာနေတဲ့ အမျိုးသားတစ်ဦးက လက်နက်ကြီးထိမှန်လို့ ဆုံးတယ်။ နောက်တစ်ဦးက ဒဏ်ရာရတယ်။” ဟု ဒေသခံတစ်ဦးက…

တစ်နှစ်ကြာပိတ်ထားသည့် တမူး-ခမ်းပတ်ကားလမ်း ပြန်ဖွင့်

“တမူးမြို့နဲ့ ခမ်းပတ်မြို့ကို အဓိကဆက်သွယ်ထားတဲ့ကားလမ်းကို ပြီးခဲ့တဲ့  ၂၀၂၃ ခုနှစ်၊ ဇွန်လကစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့တာ။ အခု အဲ့ဒီခမ်းပတ်-တမူးကားလမ်းကို ပြန်လည်ဖွင့်ပေးထားပါပြီ။ စစ်ရေးအခြေအနေကြောင့် ပိတ်ခဲ့တာပါ။” ဟု ဒေသခံကားသမားတစ်ဦးက ပြောသည်။

အစ္စရေးနှင့် ဟစ်ဘိုလာအုပ်စုကြားဖြစ်ပွားနေသည့် တင်းမာမှုများကိုလျော့ချရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၃၇,၆၂၆ ဦးသေဆုံးခဲ့ကာ လူပေါင်း ၈၆,၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။