» သတင်း

အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသည်မှာ နှစ်ရက်ကြာသည်အထိ ပြန်မတွေ့သေး ဟုဆို

"ဆူးလေ ရွှေဘုံသာအနီးအနား မျက်မှန်ဆိုင်ရှေ့မှာရပ်နေရင်း ပျောက်သွားတာပါ။ မှတ်ဉာဏ်သိပ်မကောင်းတော့လို့ပါ။ အင်္ကျီပန်းရောင်နဲ့ ပါတိတ်အဝါလေး ဝတ်ထားပါတယ်။ ထီးတစ်ချောင်းနဲ့ ရေဗူးလေးတစ်ဗူးပါတယ်။ ဘယ်နေရာမှာတွေ့တွေ့ လာပြောပေးကြပါ။ ထိုက်တန်စွာကျေးဇူးဆပ်ပါမယ်။"

ယူကရိန်းကို မြေမြှုပ်မိုင်းများပေးပို့ရန် သမ္မတဂျိုးဘိုင်ဒန် သဘောတူ

သမ္မတဘိုင်ဒန်အစိုးရသည် သက်တမ်းမကုန်ဆုံးခင် ယူကရိန်းနိုင်ငံကို တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်ပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မြေမြှုပ်မိုင်းများ ထပ်မံလွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံပိုင်ဘဏ်များအပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ခုတွင် MSME ချေးငွေမရ ဟုဆို

"သူတို့ပြောတဲ့ဘဏ်တွေမှာ သွားလျှောက်တာ လျှောက်လို့မရသေးဘူးပဲပြောတယ်။ ဘာလို့မရသေးတာလဲမေးတော့လည်း တိတိကျကျမပြောဘူး။ ကိုယ်တွေလို MSME သမားတွေက ချေးငွေရမှ လုပ်ငန်းကအဆင်ပြေမှာ။ ကုန်ကြမ်းရှိပြီး ငွေမလိုက်နိုင်လို့ လုပ်ငန်းကသိပ်မတွင်ဘူး။"

ထိုင်းနိုင်ငံတွင် ပစ်ကပ်ယာဥ်တစ်စီးတိမ်းမှောက် မြန်မာရွေ့ပြောင်းလုပ်သားလူခုနှစ်ဦး ​သေ​ဆုံး

"ယာဉ်ပေါ်မှာ အလောင်းနှစ်လောင်းနဲ့ ရှေ့ထိုင်ခုံမှာတစ်​လောင်း။ ကုန်တင်ခန်းအတွင်းတစ်​လောင်း။ ကျန်​လေး​လောင်းက လမ်းဘေးမြောင်းထဲမှာ တွေ့ရှိခဲ့ရပါတယ်။ အသက်ရှင်လျက်ကျန်ရစ်သူ မရှိခဲ့ပါဘူး။ ထိုင်းအာဏာပိုင်​တွေရဲ့စိစစ်ချက်အရ မြန်မာ​ရွှေ့​ပြောင်းလုပ်သား​တွေပါ။"

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်တစ်လအတွင်း လေပြင်းဒဏ်ကြောင့် လူနေအိမ် ၆၇ လုံးထက်မနည်း ပျက်စီး

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း ဧရာဝတီတိုင်းတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အလုံး ၄၀ ပြိုကျပျက်စီးခဲ့ပြီး၊ အိမ် ၂၇ လုံး အမိုးလန်ပျက်စီးခဲ့ကာ၊ အိမ်ထောင်စု ၆၇ တွင်ရှိသည့်ဒေသခံများ လေဘေးဒဏ်ခံစားခဲ့ရကြောင်း

မြန်မာ့ဆန်ကို အင်ဒိုနီးရှားနိုင်ငံက အများဆုံးဝယ်ယူ ဟုဆို

"ဒီနှစ် ပြည်ပဆန်တင်ပို့မှုက လျာထားချက်ကို ပြည့်မီနိုင်မယ်လို့ထင်တယ်။ မိုးအကုန်ကာလမှာ Export ကို ပိုပြီးတင်ပို့နိုင်တယ်။ ပြီးတော့ ဒီနှစ်မှာ အင်ဒိုနီးရှားက အများဆုံးဝယ်ယူတာ။ အရင်နှစ်တွေတုန်းက ဝယ်တော့ဝယ်တယ်။ ဒီနှစ်ကအများဆုံးပဲ။"

တောင်ကြီးမြို့ရှိ စစ်ဘေးရှောင်များ အရေးပေါ်အကူအညီလိုအပ်နေ

"စစ်ရှောင်နေရတဲ့ကာလက ကြာလာတော့ လိုအပ်ချက်များနေတာ။ စားနပ်ရိက္ခာလည်းလိုနေတယ်။ လက်ရှိကတော့ ရှိတာလေးနဲ့ ဖြေရှင်းနေကြတယ်လေ။ ဆောင်းကာလဆိုတော့ ရာသီဥတုကိုကာကွယ်ဖို့ အဓိကလိုအပ်နေတာ။”

မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

“ဦးခေါင်းကိုပစ်ခတ်ခံရတာ။ သေနတ်သမားတွေက ဆိုင်ကယ်တစီးရယ်၊ ဖုန်းနှစ်လုံး၊ ပိုက်ဆံ ၄ သိန်း၊ လွယ်အိတ်တစ်လုံးပါယူသွားတယ်။” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သန်လျင် ကုလားဝဲတံတားအနီးတွင် စက်သုံးဆီသယ်ယာဉ်တစ်စီး မီးလောင်

"သီလဝါဆိပ်ကမ်းကနေ စက်သုံးဆီသယ်​ဆောင်လာတဲ့ ဆီ​ဘောက်ဆာယာဥ်တစ်စီးလုံး မီး​လောင်သွားတာပါ။ လူထိခိုက်မူအနည်းငယ်သာရှိခဲ့ပါတယ်။ ​မော်​တော်ယာဥ်နဲ့ စက်သုံးဆီ ကျပ်သိန်း ၁၀၀ ခန့်မှန်း ပျက်စီးဆုံးရှုံးမှုရှိခဲ့ပါတယ်။"

ပုဏ္ဏားကျွန်းတွင် စစ်ဘေးရှောင် ၁၅၀၀ ကျော် ယားနာနှင့် ဝမ်းရောဂါများဖြစ်ပွားနေ ဟုဆို

“ကျွန်တော်တို့ဆီမှာ စစ်ရှောင်က တစ်သောင်းကျော်လောက်ရှိတယ်။ ကျွန်တော်တို့နဲ့နီးစပ်တဲ့နေရာမှာဆို ၁၅၀၀ ကျော်လောက်က ယားနာဖြစ်နေတဲ့လူနာတွေနဲ့ တစ်ရာကျော်လောက်က ဝမ်းရောဂါခံစားနေရသူတွေလည်းရှိတယ်။”