» သတင်း

အစ္စရေးဝန်ကြီးချုပ်ကို ဖမ်းဝရမ်းထုတ်ခဲ့သော ICC ၏အမိန့်ကိုဆိုင်းငံ့ရန် အီတလီအစိုးရ ကြိုးပမ်း

အီတလီနိုင်ငံခြားရေးဝန်ကြီး တာဂျာနီက အစ္စရေးနှင့် ပါလက်စတိုင်းကြားဖြစ်ပွားနေသောစစ်ပွဲ အဆုံးသတ်ချိန်အထိ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကိုဖမ်းဆီးမည့် ICC ၏အမိန့်ကို ဆိုင်းငံထားနိုင်ရန် ကြိုးပမ်းမည်ဟု ပြောသည်။

ရမ်းဗြဲမြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေ

အဆိုပါ စစ်ဘေးရှောင်များသည် အကူအညီအထောက်အပံ့ နည်းပါးသည့်အပြင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းတို့ကြောင့် စစ်ဘေးရှောင်များမှာ အခက်အခဲများစွာကို ရင်ဆိုင်နေကြရကြောင်း စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူက ပြောသည်။

လက်ဘနွန်စစ်ပွဲ အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် အမေရိကန်ကြားဝင်စေ့စပ်ပေးရန် အစ္စရေးအစိုးရလက်ခံ

အစ္စရေးစစ်တပ် ပြောရေးဆိုခွင်ရှိသူက အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ  Al-Hadath, Haret Hreik, Al-Ghobeiry နှင့်  Burj al-Barajneh အရပ်ဒေသများတွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် တောင်းဆိုခဲ့ကြောင်း ပြောသည်။

ဒီးမော့စ်ဆို စာသင်ကျောင်းတစ်ခုမှ စစ်ဘေးရှောင်ကလေးများနှင့်ဆရာများ ရာသီတုပ်ကွေးဖြစ်ပွားနေပြီး အကူအညီလိုအပ်နေ

"ဆေးဝါးလိုအပ်တာပေါ့။ အခုက အိမ်သုံးဆေးလေးတောင် မရှိတဲ့အခြေအနေပါ။ အလှူရှင်လည်းမရှိဘူး၊ ဖျာနာဖြစ်နေတာက ၅ ရက်လောက်ရှိနေပြီ၊ အခု ရာသီတုပ်ကွေးက ဖြစ်တယ်ဆို အချိန်နှစ်ပတ်လောက်အထိကြာတာ။ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ရင်တောင် ရောဂါဒဏ်ခံလည်းခံရတယ်။ ကိုယ်ခံအားလည်း အရမ်းနည်းသွားတာ။"

အထည်ချုပ်ကဏ္ဍတွင် လုပ်သားရှားပါးမှုပြဿနာ ကြုံတွေ့နေရဟုဆို

"အဓိကတော့ လုပ်သားရှားပါးမှုပြသနာပေါ့။ အခက်အခဲကတော့ရှိကြတာပေါ့။ ရေကြည်ရာမြက်နု‌ရာပေါ့။ အခု အထည်ချုပ်နဲ့ပတ်သက်ပြီး သင်တန်းပေးနေတာတွေရှိတယ်။ ဒါပေမယ့် ကျွမ်းကျင်လုပ်သားအဆင့်တော့ မဟုတ်ဘူးပေါ့။ ကျွမ်းကျင်လုပ်သားအဆင့်ရောက်ဖို့ဆိုတာ အချိန်တော့ယူရမှာပေါ့။"

စစ်ဘေးဒဏ်သင့် ပြည်သူများကို ငဲ့ညှာသောအားဖြင့် တွေ့ဆုံဆွေးနွေး‌ရန် အသင့်ရှိကြောင်း TNLA ထုတ်ပြန်

စစ်ကြီးပြီးဆုံးချင်တာတော့ အမှန်ပါပဲ။ ဒါက မဖြစ်နိုင်တဲ့မျှော်လင့်ချက်တစ်ခုလိုပါပဲ။ စစ်ဘေးရှောင်တယ်ဆိုတာ မလွယ်ဘူး။ တချို့က ကိုယ်တိုင်မကြုံဘူး၊ မခံစားဘူးတော့ မသိဘူး။ ပိုက်ဆံတတ်နိုင်တဲ့သူတွေက မြို့ကြီးပြကြီး တွေကိုရှောင်ကြတယ်။ မတတ်နိုင်တဲ့သူတွေက အဆင်ပြေသလိုရှောင်ကြရတယ်

ရခိုင်ပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် တစ်လအတွင်း ဒေသခံ ၁၉ ဦးသေဆုံး

မိုင်းထိမှန်သဖြင့် သေဆုံးများထဲတွင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီးက ၅ ဦးဖြစ်ပြီး အောက်တိုဘာလ ပထမပတ် တွင် ၉ ဦး ၊ ဒုတိယပတ်တွင် ၆ ဦး၊ တတိယပတ်တွင် ၄ ဦးသေဆုံးခဲ့ကြောင်း…

ဖိလစ်ပိုင်သမ္မတကို လုပ်ကြံလိုကြောင်း ဒုတိယသမ္မတ ဆို

ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးက သမ္မတကိုလုပ်ကြံရန်စီစဉ်ထားသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဖိလစ်ပိုင်လုံခြုံရေးအေဂျင်စီများသည် လက်ရှိသမ္မတ ဖာဒီနန် မာကိုစ့် ဘေးကင်းလုံခြုံရေးအတွက် အစီအမံများကို ယခင်ထက်ပိုမိုလုပ်ဆောင်လာရကြောင်း သိရသည်။

ICC တရားရုံး၏ ဖမ်းဝရမ်းကြောင့် အစ္စရေးဝန်ကြီးချုပ် ဗြိတိန်နိုင်ငံကိုသွားမည်ဆိုလျှင် ဖမ်းခံရဖွယ်ရှိနေ

၂၀၀၁ ခုနှစ်ကသတ်မှတ်ထားသော ICC ၏ စည်းကမ်းသတ်မှတ်ချက်များထဲတွင် တရားရုံးကဖမ်းဝရမ်းထုတ်မည်ဆိုလျှင် အဖွဲ့ဝင်နိုင်ငံများသည် ဖမ်းဝရမ်းထုတ်ခံရသူကို ဖမ်းဆီးလွှဲပြောင်းပေးရမည်ဆိုသော သတ်မှတ်ချက်များရှိနေကြောင်း သိရသည်။

မတ္တရာမြို့နယ်မှ စစ်ဘေးရှောင်သောင်းချီ အကူအညီလိုအပ်နေ

“အခုက မတ္တရာမြို့နယ်(အနောက်ခြမ်းရှိ) ကျေးရွာတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေရတာ။ စစ်ဘေးရှောင် သောင်းနဲ့ချီ ရှိနေပါတယ်။ ကလေးတွေနဲ့ သက်ကြီးအဖိုးအဖွားတွေလည်းပါတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်နဲ့ စောင်တွေ အဓိကလိုအပ်နေတယ်။ တောတောင်တွေထဲမှာနေတဲ့သူတွေများတယ်။”