» သတင်း

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သားဖြစ်သူဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဂျိုးဘိုင်ဒန်က "ကျွန်တော်ဟာ ဒီနေ့မှာ သားဖြစ်သူဟန့်တာဘိုင်ဒန်အတွက် လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်ရေးထိုးလိုက်တယ်။ ခြွင်းချက်မရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပုံစံပါ။" ဟု သတင်းထုတ်ပြန်ထားသည်။

ဂါဇာအတွက် လူသားချင်းဆိုင်ရာစာနာမှု အကူအညီပေးပို့ခြင်းများကို ရပ်တန့်လိုက် ကြောင်း UNRWA ဆို

ဒီဇင်ဘာ ၁ ရက်နေ့ကဆိုရင် ကျွန်တော်တို့ဟာ အဲဒီလမ်းကြောင်းကနေ အကူအညီပေးရေးပစ္စည်းတွေ ပေးပို့ဖို့လုပ်ဆောင်ပေမယ့် အဲဒီအကူအညီပေးရေးပစ္စည်းအားလုံးကို လက်နက်ကိုင်အဖွဲ့စည်းအားလုံးက သိမ်းယူသွားတယ်။

ကျွန်းလှမြို့နယ်ရှိ စစ်ဘေးရှောင် ၄၀၀၀ ကျော် အရေးပေါ်အကူအညီများလိုအပ်နေ

"စားနပ်ရိက္ခာတွေ အဓိကလိုအပ်တယ်။ ဆောင်တွင်းရောက်လာပြီဆိုတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက အအေးဒဏ်မခံနိုင်ကြဘူး။ သူတို့အတွက် အနွေးထည်နဲ့စောင်တွေ အရေးပေါ်လိုအပ်တယ်။” ဟု စစ်ဘေးရှောင်များကိုကူညီနေသူတစ်ဦးက ပြောသည်။

YPS ကတ်ဖိုးများ အဆမတန်မြင့်တက်လာ

စစချင်းတုန်းက တစ်ကတ်ကိုမှ ၂၀၀၀ ပဲရှိတယ်။ ၂၀၀၀ ကနေမှ ၄၀၀၀၊ ၄၀၀၀ ကနေ ၉၀၀၀ ကျပ်ထိတတ်လာတယ်။ ဒါတောင် ကတ်ချည်းပဲသီးသန့်။ ကတ်ထဲပိုက်ဆံမပါသေးဘူး။ ကတ်နဲ့စီးရတာအဆင်ပြေတယ်လို့ တော်တော်များများကပြောတယ်။ ဒါကြောင့်ကတ်လုပ်ဖို့မေးလိုက်တာ ဈေးကမတန်တဆဖြစ်နေတယ်။

မကွေးတွင် ချိုချိုရတနာရွှေဆိုင် ​ရွှေ ၅၀ ကျပ်သားခန့် ဓားပြတိုက်ခံရ

"ချိုချိုရတနာ​ရွှေဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်တာ ကျည်ဆံက ပါးကိုရှပ်ပြီးမှန်သွားတယ်။ မကွေးမြို့နယ်မှာ အခုလိုလုယက်ဓားပြတိုက်ခြင်း မရှိခဲ့ဖူးပါဘူး။ အခုဖြစ်စဉ်က ပထမဆုံးအကြိမ်ပါပဲ။" ဟု ချိုချိုရတနာ​ရွှေဆိုင် မိသားစုဝင်တစ်ဦးက ယ​နေ့​​ခေတ်သို့ ​​ပြောသည်။

မလေးရှားနိုင်ငံတွင် ရေကြီးမှုကြောင့် လူပေါင်း ၈၀,၀၀၀ ကျော် နေရပ်စွန့်ခွာ

မလေးရှားအစိုးရက မလေးရှားနိုင်ငံအတွင်းရှိ နေရာအများစုတွင် ရေကြီးမှုများဖြစ်ပွားနေပြီး အနည်းဆုံးလူပေါင်း ရှစ်သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရ ကြောင်း၊ ရေကြီးမှုကြောင့် အနည်းဆုံးလူ ၃ ဦးသေဆုံးထားကြောင်း ပြောသည်။

ကျေးသီးမြို့ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီလိုအပ်

“အခုကတော့ စဉ်းစားပေးနေရတယ်။ ရေရှည်အတွက်ဆို သူတို့ကိုကူညီဖို့ကလည်း ခက်ခဲတယ်။ ကူညီပေးတဲ့လူတွေကလည်း နည်းလာပြီ။ စစ်ဘေးရှောင်က ၃၀၀ ကျော်လောက်ရှိတယ်။ လိုက်အလှူခံပြီးတော့ ပြန်ကူညီရတာပေါ့။ အရင်ကလည်း ဘေးရွာကနေ လာလှူတာတွေရှိတယ်။ ကြာလာတော့ သိပ်မရှိတော့ဘူး။” ဟု ၎င်းကဆက်ပြောသည်။

စပိန်နိုင်ငံထုတ် DEMU ရထားများ မြို့ပတ်လမ်းပိုင်းတွင် စတင်ပြေးဆွဲ

"အစက နိုဝင်ဘာလဆန်းပိုင်းမှာ ပြေးဆွဲဖို့လုပ်ထားတာ။ လမ်းပိုင်းအဆင့်မြှင့်တင်မှုကမပြီးသေးတော့ နည်းနည်းလေးကြာသွားတာ။ ဒီရထားသစ်ပေါ်မှာ ဈေးသည်တွေကိုတော့ ရောင်းချခွင့်မပြုဘူး။" ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဈေးကွက်အတွင်း သွင်းကုန်ဆေးဝါးများ ထပ်မံပြတ်လပ်နေ

နိုင်ငံခြားငွေ အများအပြားသုံးစွဲနေရသည့် သွင်းကုန်များကို အရေးကြီးကုန်စည်မှအပ အခြားသောကုန်စည်များကို အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ပြုထားခြင်းကြောင့် ဈေး ကွက်အတွင်း မကြာခဏပစ္စည်းပြတ်လျက်ရှိကြောင်း သိရသည်။

ဗလမင်းထင်တံတားကို ယာယီပိတ်ထားခြင်းကြောင့် ကုန်သွယ်မှုများထိခိုက်နေ

အဆိုပါတံတားကို ပိတ်လိုက်သည့်အတွက် ရန်ကုန်ဘက်မှ မြစ်ကြီးနားသို့တက်သည့် ကုန်တင်ကားများ နောက်ကြောင်းပြန်လှည့်ရသည့်အထိ ဖြစ်ခဲ့ရပြီး၊ ကုန်စိမ်းတင်ဆောင်လာသည့်ကုန်သည်များ အဓိကအခက်အခဲဖြစ်ပေါ် ခဲ့ကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။