» သတင်း

မြဝတီမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကူးစက်သူ ၁၀၄ ဦးရှိပြီး သေဆုံးသူတစ်ဦးရှိ ဟုဆို  

မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေခြင်းကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် အမည်တင်သွင်းမည်

“သနပ်ခါးကိုလည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းသွားဖို့ရှိပါတယ်။ မြန်မာ့သနပ်ခါးယဥ်‌ကျေးမှုကို အဆင့်ဆင့်လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြတယ်။ နောက်မျိုးဆက်သစ်တွေလည်း လက်ဆင့်ကမ်းထိန်းသိမ်းနိုင်အောင်လို့ ယူနက်စကိုစာရင်းတင်သွင်းသွားမှာဖြစ်ပါတယ်။"

ချင်းပြည်နယ်တွင် အ​ခြေခံစား​သောက်ကုန်ပစ္စည်းများ အဆမတန်ဈေးနှုန်းမြင့်တက်နေ

ချင်းပြည်နယ်ရှိ ဟားခါး၊ ထန်တလန်၊ ဖလမ်း အစရှိသည့်မြို့နယ်များတွင် နှစ်ဖက်ထိ​တွေ့တိုက်ပွဲများဖြစ်​ပွားပြီး​နောက် ကလေးမြို့နယ်မှတဆင့် ချင်းပြည်နယ်သို့တင်သွင်းလာသည့် ကုန်စည်များကို သြဂုတ်လ ၂၀ ရက်မှစတင်ကာ ကုန်စည်သယ်ယူခွင့် ​ခေတ္တပိတ်ထား​ကြောင်း သိရသည်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ပြီးခဲ့သည့်နှစ်ကထက် ၆၀ ရာခိုင်နှုန်းတိုးတက်လာ ဟုဆို

ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဥ်ပါက ၆၀ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ သီတင်းကျွတ်ကာလနောက်ပိုင်း အိမ်ခြံမြေဈေးကွက်သည် အေးစက်နေသော်လည်း နှစ်သစ်ကူးကာလတွင် အရောင်းအဝယ်ပြန်ဖြစ်‌နိုင်ကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များက သုံးသပ်ထားသည်။

TikTok ကို ၂၀၂၅ ခုနှစ်အထိ ပိတ်ပင်ရန် အယ်ဘေးနီးယားအစိုးရ ဆုံးဖြတ်

အယ်ဘေးနီးယားအစိုးရသည် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ စိတ်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် TikTok ကို အနည်းဆုံးတစ်နှစ်ခန့် ပိတ်ပင်မည့်အကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတယွန်ဆက်ယိုလ်ကို ထောက်ခံသူနှင့် ဆန္ဒပြသူများအကြား အပြိုင်အဆိုင်ဆန္ဒပြ

အသက် ၂၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက "ယွန်ဆက်ယိုလ်ကို ၂၁ ရာစုရဲ့ဒီမိုကရေစီကို ဘယ်လိုနားလည်နေသလဲဆိုတာကို မေးချင်တယ်။ ယွန်ဆက်ယိုလ်ကို ရာထူးကထွက်သွားတာကိုလိုချင်တယ်။" ဟု ပြောသည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို စီစဉ်နေဟုဆို

"လျှပ်စစ်မီးလုံလုံလောက်လောက်မရတဲ့အခါကျတော့ ဆီကြိတ်တဲ့အခါ အခက်အခဲရှိတယ်။ အပြည့်အဝ မကြိတ်နိုင်ဘူး။ ထုတ်လုပ်မှုစွမ်းအားလျော့ကျတာပေါ့။ ပြီးတော့ မီးစက်မောင်းပြီးဆီကြိတ်တဲ့အခါမှာလည်း ကုန်ကျစရိတ်ပိုကုန်တဲ့အတွက် ဈေးကကြီးတာပေါ့။ ဝယ်ယူသုံးစွဲတဲ့သူတွေအတွက်လည်း အဆင်မပြေဘူး။"

ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲလူသတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ ဟုဆို

ပြစ်မှုကျူးလွန်သူသည် Online ဘောလုံး၊ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားများကြောင့် အကြွေးများတင်ကာ ငွေကြေးလိုအပ်နေသဖြင့် သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲ၍ သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့အ​ခြေစိုက် အိန္ဒိယကောင်စစ်၀န်ချုပ်ရုံးဝန်ထမ်းများ ရန်ကုန်မြို့သို့ ရွှေ့ပြောင်း

အိန္ဒိယနိုင်ငံအ​နေဖြင့် မြန်မာနိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်သည် တသမတ်တည်းရှိပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးနှင့် တိုင်းရင်းသားများ၏ ပြဿနာရပ်များကို ငြိမ်းချမ်းစွာဖြေရှင်းရန် အိန္ဒိယကတောင်းဆိုကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန​၏ ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal ၏ ထုတ်ပြန်ချက်အရ သိရသည်။

လပွတ္တာမြို့နယ်တွင် ဝမ်းရောဂါဖြစ်ပွား ငါးဦးသေဆုံး

“ဝမ်းရောဂါကူးစက်ခံရသူ ပိုများလာတယ်။ ဝမ်းရောဂါဖြစ်ရတဲ့အကြောင်းက အစားအသောက်ကြောင့်မဟုတ်ဘူး။ အိမ်သာကြောင့်လို့ယူဆပါတယ်။ ကလေးတွေချည်းပဲဖြစ်နေတာမဟုတ်ဘူး။ အရွယ်စုံ အမျိုးသားတွေပါဖြစ်နေတာ။”