» သတင်း

၂၀၂၅ ခုနှစ်အတွင်း စစ်ပွဲအဆုံးသတ်ရန် အရာရာတိုင်းလုပ်ဆောင်မည်ဟု ယူကရိန်းသမ္မတ ဆို

ယူကရိန်းသည် ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ပိုင်နက်နယ်မြေအများစု ဆုံးရှုံးထားပြီး ၂၀၂၄ ခုနှစ်တွင်ဆုံးရှုံးခဲ့သောနယ်မြေက ၂၀၂၃ ခုနှစ်အတွင်းဆုံးရှုံးခဲ့သောနယ်မြေနှင့် နှိုင်းယှဉ်လျှင် ၇ ဆပိုများနေကြောင်း သိရသည်။

VPN ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်းကို ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင် ဟုဆို

ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း၊ VPN ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်းအပါအဝင် အွန်လိုင်းနှင့်ပတ်သက်သည့်ကိစ္စရပ်များကို ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီ ၁ ရက်တွင် နစကအစိုးရက ပြဋ္ဌာန်းလိုက်သည်။

KBZ Pay အကောင့်အချို့ လိမ်လည်ခံရမှုများကို အမြန်ဆုံးစိစစ်ဆောင်ရွက်နေဟု KBZ Pay ထုတ်ပြန်

“ဖုန်းထဲကို OTP နံပါတ်လည်းမကျဘူး။ ပိုက်ဆံတွေကထုတ်ပြီးနေပြီ။ ဘဏ်ကိုဖုန်းဆက်တော့လည်း ရဲစခန်းကိုပဲသွားပြီး အမှုဖွင့်ခိုင်းတယ်။ အမှုဖွင့်တော့ရော ပြန်ရမှာလား ပိုက်ဆံတွေက။ ဘဏ်မှာအဓိကတာဝန်အရှိဆုံးပဲလေ။” ဟု ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ညမထွက်ရအမိန့် တစ်ရက်တာပယ်ဖျက်

"မနက်ဖြန်တစ်ရက်ကိုတော့ ညမထွက်ရအမိန့် ပယ်ဖျက်ပေးထားတယ်။ ဒါကလည်း ပျော်တဲ့သူတွေကို လွတ်လွတ်လပ်လပ်ပျော်စေချင်လို့ပါ။ နောက်ရက်တွေကျရင်တော့ ပုံမှန်အတိုင်းပါပဲ။" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

စမ်း​ချောင်းတွင် ​ပေါက်ကွဲမှု​ကြောင့် အိမ်စီးကားတစ်စီး ထိခိုက်ပျက်စီး

"​ဖျာပုံလမ်း ကျွန်း​တောရပ်ကွက်မှာ ​ပေါက်ကွဲမှုအသံက ​တော်​တော်​လေးကျယ်​ပါတယ်။ ​အဲဒီ​ပေါက်ကွဲမှုကြောင့် ရပ်နားထားတဲ့ အိမ်စီး Crown ယာဥ်တစ်စီး ထိခိုက်ပျက်ဆီးသွားပါတယ်။ လူခိုက်မှု​တော့ မရှိခဲ့ပါဘူး။"

အစ္စရေးက ဂါဇာမြောက်ပိုင်းဆေးရုံကို စီးနင်းပြီးနောက် ဆေးရုံဝန်ထမ်းများအပါအဝင် လူပေါင်း ၂၄၀ ကို ဖမ်းဆီး

ဟားမက်စ်အဖွဲ့က အစ္စရေးစစ်တပ်၏ ပြောဆိုချက်များကို ငြင်းဆန်ထားပြီး ဂါဇာစစ်ပွဲ ၁၅ လတာကာလအတွင်း ဆေးရုံများကို စစ်ရေးရည်မှန်းချက်အတွက် အသုံးပြုနေသည်ဆိုသော အစ္စရေး၏ပြောဆိုချက်များက လိမ်လည်မှုများသာဖြစ်ကြောင်း ပြောသည်။

TikTok သုံးခွင့်မပြုခြင်းနှင့်ပတ်သက်သောအမှုကို ဆိုင်းငံထားရန် တရားရုံးချုပ်သို့ ဒေါ်နယ်ထရမ့် တိုက်တွန်း

"အဲဒီအမှုကိစ္စဟာ တစ်ဖက်မှာ လွတ်လပ်စွာပြောရေးဆိုခွင့်ရှိသူတွေကြား ခက်ခဲတဲ့တင်းမာမှုတွေ ဖြစ်လာနိုင်တယ်။ အခြားတစ်ဖက်မှာတော့ နိုင်ငံခြားရေးမူဝါဒတွေ၊ လုံခြုံရေးစိုးရိမ်မှုတွေ ဖြစ်လာစေတယ်။ တရားရုံးဟာ လက်ရှိအချိန်မှာ အဲဒီအမှုကို အပြီးသတ်ဆုံးဖြတ်တာ မလုပ်သေးဘဲ ရပ်ထားစေလိုတယ်။"

တောင်ကိုရီးယားနိုင်ငံတွင် ခရီးသည်တင်လေယာဉ်ပျက်ကျ လူပေါင်းရာချီ သေဆုံးဖွယ်ရှိနေ

တောင်ကိုရီးယားလေကြောင်း Jeju Air flight 7C2216 လေယာဉ်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ တောင်ကိုရီးယားနိုင်ငံ Muan လေဆိပ်သို့ဆင်းသက်ချိန်တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လူနှစ်ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားမီးသတ်ဌာနက ပြောသည်။

ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ကျဆင်းနေ

၂၀၂၄ ခုနှစ်၏ ၁၁ လတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် ၉၀၀,၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်အလားတူကာလတွင် ခရီးသွားဦးရေ ၁.၁ သန်းကျော် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၏ ဇနီးဖြစ်သူကို စုံစမ်းစစ်ဆေးရန် အစ္စရေးရှေ့နေချုပ် အမိန့်ပေး

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုအား အကျင့်ပျက်လာဘ်စားမှုနှင့်ပတ်သက်ပြီး ၂၀၂၀ ခုနှစ်တွင် စတင်စစ်ဆေးခဲ့သည်။ အစ္စရေးဝန်ကြီးချုပ်က စွပ်စွဲချက်များကို ငြင်းဆန်ထားပြီး ၎င်းအပေါ် နိုင်ငံရေးဆန်သော ရည်ရွယ်လုပ်ကြံခြင်းသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။