» သတင်း

ဖားကန့် မြို့တွင် ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်မှုကြောင့် သေဆုံးသူ ၃၀ နှင့်အထက်ရှိနိုင်

"နွံကန်ပေါက်သွားတာ။ ဖြစ်တာကလည်း ညအချိန်မတော်ကြီးဆိုတော့ ရှောင်ချိန်မရကြဘူး။ တချို့ဆို မိသားစုလိုက်ပါသွားတာတွေရှိတယ်။ စာရင်းအတိအကျတော့ ကောက်လို့မရသေးဘူး။ ရှာဖွေမှုကတော့ ဆက်လုပ်နေတယ်။ KIA ကလူကြီးပိုင်းတွေနဲ့ သူဌေးအကြီးစားတွေပိုင်တဲ့ ကျောက်ကွက်။ အခုထိတော့ တာဝန်ယူမှုမရှိသေးဘူး။"

သွင်းကုန်လိုင်စင်မရရှိခြင်းကြောင့် လုပ်ငန်းရှင်များအခက်အခဲကြုံ ဟုဆို

"အဓိက အဆင်မပြေတာကတော့ ဆေးဝါးတွေပဲ။ ပန်းနာရင်ကျပ်သမားတွေ အဓိကသုံးနေရတဲ့ Ventolin ရှုဆေးဗျာ၊ ပစ္စည်းက ခဏခဏပြတ်တယ်။ ဈေးကလည်း အဆမတန်ဖြစ်နေပြီ။ အရင်က တစ်ဗူးကို ၅ ထောင်လောက်ပေးရတာ။ အခုဆို ၄ သောင်းပတ်ဝန်းကျင်။ လိုတဲ့အချိန်လည်းမရဘူး။"

ငွေဆောင်၊ ချောင်းသာ နှင့် ရွှေသောင်ယံခရီးစဉ်များအတွက် လက်မှတ်ရောင်းချမှု ရပ်နားထား

"လောလောဆယ်တော့ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံခရီးစဉ်တွေကိုတော့ ရပ်နားထားပါတယ်။ ဘယ်တော့လောက် ပြန်ဖွင့်မလဲဆိုတာတော့ မပြောတတ်ဘူး။ ပြန်ဖွင့်မယ့်ရက်ကို အသိပေးပါမယ်။" ဟု ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၂ ရက်မှ စတင်ကျင်ပမည်ဖြစ်ပြီး လုံခြုံရေးတိုးမြှင့်ထားမည် ဟုဆို

"လိုင်းပေါ်မှာတော့ သတင်းတွေတတ်လာတာတွေ့တယ်။ ဒါပေမဲ့ ဘုရားပွဲတော်က လုပ်ဖြစ်ပါတယ်။ လုံခြုံရေးကို သေချာလေးလုပ်ထားတယ်။ ဘုရားဖူးပြည်သူတွေ အနှောင့်အ ယှက်မဖြစ်အောင်ပေါ့။ ဒီလိုပဲ တောင်ပြုန်းပွဲကိုလည်း ဘာဖြစ်တယ် ညာဖြစ်တယ် အသံထွက်လာတာပဲလေ။ ဒါပေမဲ့ ကျင်းပသွားနိုင်တာပဲ။"

တစ်လလျှင် ၄၂,၀၀၀ ကျပ်နှုန်းဖြင့် မသန်စွမ်းကလေးငယ်များကို ယူနီဆက်ထောက်ပံ့မည်

အဆိုပါ ထောက်ပံ့ကြေးကို “မသန်စွမ်းကလေးသူငယ်ထောက်ပံ့ကြေး လူမှုကာကွယ်စောင့်ရှောက်မှုအစီအစဉ်” တွင်ပါဝင်ကြောင်း ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသူများကိုသာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံငါးဦးထက်မနည်း သေဆုံး

“ဒီမနက် ၉ နာရီ ၁၅ လောက် ကျောက်တော်မြို့ထဲက မြစိမ်းရောင်တည်ခိုခန်းအနီး၊ စျေးအနီးနဲ့ ရွှေဆိုင်တန်းတွေနား ဗုံးသုံးလုံးကျတာ။ ငါးဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ ရှမ်းရွာဖက်မှာလည်း ဗုံးကျတယ်လို့ သိရပါတယ်။”

မန္တ​လေးတိုင်းအကူရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းခန်း မီးလောင်

"ဝန်ထမ်းလိုင်းခန်းမှာ မီး​လောင်မှုဖြစ်တာ မှန်ပါတယ်။ ပျက်စီးဆုံးရှုံးမှုများခဲ့ပါတယ်။ မီး​လောင်တဲ့ဖြစ်စဥ်ကို​တော့ စိစစ်​နေဆဲပါ။ နာရီဝက်ကြာ ငြိမ်းသတ်ခဲ့ရပါတယ်။" ဟု မန္တ​လေးမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ဆိုလာများ ပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်းနေ

"အခုကတော့ ဆိုလာတွေက ပစ္စည်းပြတ်နေပြီ။ ၂၀ ကျော်မှ ဈေးကွက်ထဲပြန်ရောက်မယ်။ မီးစက်ထက် ဆိုလာကိုပိုဝယ်ကြတယ်။ ဈေးကတော့ အနိမ့်ဆုံး ၄၅၀,၀၀၀ ကနေစရှိပါတယ်။ တစ်ချပ်ဈေးပေါ့။" ဟု ဆို‌လာရောင်းသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၉ လအတွင်း ပြည်ပသို့ဆန်တန်ချိန် ၂ သန်းကျော်တင်ပို့ထား ဟုဆို

"ဒီဘဏ္ဍာနှစ်မှာတော့ လျာထားချက်ကိုပြည့်မီမှာပါ။ တင်ပို့ရမယ့်ကာလက သုံးလတောင်ကျန်သေးတယ်။ ပင်လယ်ရေကြောင်းကနေပဲ အဓိကထားပြီးတင်ပို့နေတယ်။ လျာထားချက်ပြည့်မီအောင်တော့ လုပ်ဆောင်နေပါတယ်။"

ရမ်းဗြဲမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄၀ ကျော်သေဆုံး၊ ၅၀ ကျော်ဒဏ်ရာရ

ရခိုင်ပြည်နယ်တွင် နစကတပ်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပေါ်နေခြင်းကြောင့် တစ်နှစ်အတွင်း အရပ်သားသေဆုံးသူ ကလေးငယ်အပါအဝင် ၇၃၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅၆၉ ဦးအထိရှိခဲ့ကြောင်း သိရသည်။