» သတင်း

တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးခြင်းကြောင့် အရေးပေါ်အခြေအနေကို ၆ လ သက်တမ်းထပ်တိုး ဟုဆို

မိမိတို့အားလုံးရည်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ကို တွေ့ရကြောင်း၊ အဓိကအားဖြင့် လွတ်လပ်ပြီးတရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက်

အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူခြင်းမရှိသေးဟု နစကထုတ်ပြန်

"အုပ်ချုပ်ရေးမှူးကတော့ စာရင်းပါတယ်လို့ပြောတယ်။ ကိုယ်က နိုင်ငံခြားသွားပြီး အလုပ်လုပ်ဖို့တော့ရှိတယ်။ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတာ။ စာရင်းပါရင် ပြည်ပထွက်လို့မရဘူးပြောနေလို့။" ဟု တောင်ဒဂုံ‌ရှိ စစ်မှုထမ်းစာရင်းတွင်ပါသူတစ်ဦးက ပြောသည်။

လားရှိုးမြို့မှ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာ

"တပ်တွေပြန်ဆုတ်နေတာလည်းမှန်တယ်။ တပ်ခေါင်းဆောင် ဦးဖုန်တားရွှင်ပြန်လွတ်လာပြီဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် တပ်တွေက အကုန်မဆုတ်သေးပါဘူး။" ဟု ကိုးကန့်တပ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ရမည်ဖြစ်သည့်အတွက် ဈေးကောင်းရရန် ‌တောင်သူများမျှော်လင့်

"အဲဒီအချိန်လေးပဲ ပြောင်းကိုတင်ပို့ရတာ။ ဈေးကောင်းလေးရဖို့မျှော်လင့်တယ်။ အဲဒီကာလကျော်ရင် ပြောင်းက ဈေးကောင်းမရတတ်ဘူး။ လမ်းကြောင်းအခြေအနေလေးလည်း ကောင်းမယ်လို့မျှော်လင့်တယ်။" ဟု ပြောင်းစိုက်တောင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ခြံအမှတ်(၅၄)ကို  ဖေဖော်ဝါရီ ၆ ရက်တွင် တတိယအကြိမ်မြောက် လေလံတင်မည်

ပထမအကြိမ်လေလံပွဲတွင် လေလံပစ်ဝယ်ယူမည့်သူ မရှိခြင်းကြောင့် ယခင်ဈေး ကျပ်ငွေ ၃၁၅ ဘီလီယံမှ ဈေးလျှော့ပြီး ကျပ်ငွေ ၃၀၀ ဘီလီယံ(သိန်းပေါင်း ၃ သန်းတိတိ)နှင့် လေ လံပစ်ရန် တရားရုံးကခွင့်ပြုခဲ့ပြီး ထိုဈေးနှင့် ဒုတိယအကြိမ်မြောက် လေလံတင်ရာတွင်လည်း ဝယ်ယူမည့်သူမရှိကြောင်း…

ပို့ကုန်/သွင်းကုန်များအပေါ် အခွန်စည်းကြပ်ကောက်ခံရာတွင် တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့်‌ ပြန်လည်ကောက်ခံမည်‌

ယခင်ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) အတိုင်း တစ်ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် ပြန်လည်ကောက်ခံမည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် အခွန်ပေးဆောင်ရာတွင် တစ်ဒေါ်လာ ၁,၄၀၀ ကျပ်ကျော်အထိ ပြန်လည်သက်သာလာမည်ဖြစ်ကြောင်း သိရသည်။

အသက်ပြည့်မီသည့် မည်သူမဆို စစ်မှုထမ်းရမည် ဟုဆို

အဆိုပါ နည်းဥပဒေတွင် ပုဒ်မ - ၅၉ ခုပါဝင်ပြီး ပုဒ်မ - ၅၁ တွင် အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေသို့ ထွက်ခွာခွင့်မရှိစေရဟု ဖော်ပြထားသလို ပုဒ်မ - ၅၀ တွင်လည်း…

အဆိုတော်မာရဇ္ဇ ကွယ်လွန်

“မနေ့ညက ဆုံးတာ။ မနက်ဖြန် နေ့လည်တစ်နာရီ မြောက်ဥက္ကလာမြို့နယ်က ရေဝေးမှာပဲသဂြိုလ်မှာပါ။ ‌ကျောက်ကပ်ရောဂါနဲ့ဆုံးတာပါ။" ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သရုပ်ဆောင် အကယ်ဒမီကျော်သူပါဝင်သည့် “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ဇာတ်ကားကြီး ပြသခွင့်ရုပ်သိမ်းခံရ

“ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် အကယ်ဒမီကျော်သူ၊ အလင်းရောင်နှင့် အကယ်ဒမီ ခင်ဝင့်ဝါတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ရိုက်ကူးထားသည်မှာ ၆ နှစ်ဝန်း ကျင်ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး မဖြစ်နိုင်သေးဟုဆို

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှစတင်၍ ရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့်ဒေသများသို့ နှစ်ဖက်ကုန်စည်အဝင်အထွက်မရှိခဲ့သည့်အတွက် ဒေသခံများ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကို ခံစားခဲ့ရကြောင်း သိရသည်။