အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှု( Air Quality Index – AQI) 171 သည် ကျန်းမာရေးနှင့်မညီညွှတ်၍ နိုင်ငံတကာလေထုအရည်အသွေးညွှန်းကိန်းအရလည်း အဆင့် (၁၅၁ မှ ၂၀၀) ကြားရောက်ရှိနေခြင်းကြောင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုးများ ဂရုစိုက်နေထိုင်ရန် ဆရာဝန်တစ်ဦးက လူမှုကွန်ရက်တွင် သတိပေးနှိုးဆော် ထားသည်ကို တွေ့ရသည်။
ကြက်ဥတွေက လိုသလောက်ဝယ်လို့ကိုမရတာ။ ခါတိုင်းဆို အော်ဒါဒီနေ့မှာရင် ဒီနေ့ပို့နိုင်တယ်။ အခုက ပစ္စည်းတွေပြတ်တာများနေတယ်။ ရရင်ရသလောက်နဲ့ရောင်းနေရတယ်။ ဈေးကတော့ နည်းနည်းတက်တယ်လို့ပြောလို့ရတယ်။ ငလျင်ဖြစ်တော့ အလှူရှင်တွေက ငလျင်ဘက်တွေကို သွားလှူကြတာလည်းများတယ်။