» သတင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘီလာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်သွားရောက်မည်

ယင်းခရီးစဉ်မှတဆင့် တစ်ဆက်တည်း ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘီလာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မည်ဖြစ်သည်။

ထိုင်းနိုင်ငံရှိ ဝီဂါလူမျိုးများကို ကနေဒါနှင့် အမေရိကန်တို့က ခိုလှုံခွင့်ပေးရန်ကမ်းလှမ်းခဲ့ ဟုဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူများက တောင်းဆိုထားသော်လည်း အဆိုပါ ဝီဂါလူမျိုး ၄၈ ဦးကို တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးခြင်းသည် တရားဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်ဟု ထိုင်းနိုင်ငံက ကာကွယ်ပြောဆိုခဲ့သည်။

မြန်မာရွှေ့ပြောင်းလုပ်သား ပထမအသုတ် ဧပြီတွင် ရုရှားသို့စေလွှတ်မည်

"ဧပြီလထဲလောက်ကို ပထမအသုတ်စေလွှတ်ဖို့ရှိတယ်။ လောလောဆယ်တော့ အေဂျင်စီလေးခုလောက်ကပဲပို့မယ်။ ပို့ချင်တဲ့အေဂျင်စီတွေကတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း မူဝါဒက ခဏခဏပြောင်းနေတာ။ အခုတောင် ထွက်လို့မရတာလေ။ သိပ်တော့မရင်းရဲဘူး။"

ကလီဆိပ်ကမ်းအနီးတွင် သမ္ဗာန်တစ်စီးတိမ်း​မှောက် တစ်ဦး​ပျောက်ဆုံး​

"သမ္ဗာန်​မောင်းသူတစ်ဦးအပါအဝင် လူ၁၂ ဦးအနက်မှာ ၁၁ ဦးကို ပြန်လည်ကယ်ဆယ်ရရှိခဲ့ပါတယ်။ လက်ရှိ​တစ်ဦး​ပျောက်ဆုံး​နေပါတယ်။ ဆက်လက်ရှာ​ဖွေ​နေဆဲပါ။ ကယ်ဆယ်ရရှိသူ​​တွေကို ရန်ကုန်ပြည်သူ့​ဆေးရုံကြီးကို ကူညီပို့​ဆောင်​ပေးခဲ့ပါတယ်။"

တစ်ရက်တည်း မြေငလျင် လေးကြိမ်လှုပ်ခဲ့

"အိမ်ကို ရမ်းခါသွားတာပဲ။ နည်းနည်းလေးကြမ်းတယ်။ ကိုယ်တွေက ၅ လွှာမှာနေတာဆိုတော့ ဆင်းပြေးရတယ်။ ကြောက်လို့။ ဒီရက်ပိုင်း ငလျင်တော်တော်လှုပ်တယ်။" ဟု တောင်ဥက္ကလာပမြို့တွင်နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မတ်လ ၁၂ ရက်နှင့် ၁၄ ရက်နေ့များကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ကြေညာ

၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နှင့် ၁၄ ရက်နေ့များကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ကြေညာထားပြီး  တဆက်တည်းပိတ်ပေးထားခဲ့သည့် ကြားရက်များအတွက် စနေတစ်ရက် ပြန်အစားထိုးရန်သတ်မှတ်ကြောင်း သက်ဆိုင်ရာမှထုတ်ပြန်သည်။

ထိုင်းမဟာသင်္ကြန် ဆောင်ခရန်ပွဲတော်ကို ဧပြီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည်ဟုဆို

ဝန်ကြီးချုပ် ပေတုံတန် ရှီနာဝပ်ထရာသည် လာမည့်လတွင် ဘန်ကောက်၌ သင်္ကြန်ပွဲတော်ကျင်းပရန် ဗဟိုဘဏ္ဍာငွေများကိုအသုံးပြုရန် ခရီးသွားနှင့် အားကစားဝန်ကြီးဌာနအား ခွင့်ပြုခဲ့ကြောင်း ယနေ့(တနင်္လာနေ့)တွင် အစိုးရအဖွဲ့က ပြောကြားသည်။

သက်ဆိုင်ရာနိုင်ငံများမှ မိမိနိုင်ငံသားများကို အမြန်ဆုံးလာရောက်ခေါ်ယူရန်နှင့် ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ပေးရန် BGF တောင်းဆို

နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ မမျှော်လင့်ထားသော နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်ပွားလာသောကိစ္စရပ်များကို နှိမ်နှင်းတိုက်ဖျက်ရန် အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲဆောင်ရွက်ရန် တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

ယူကရိန်းနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်လေးရပ်ကို ဥရောပမဟာမိတ်များ သဘောတူ

ထိပ်သီးစည်းအဝေးပွဲအပြီးတွင် ဇီလင်စကီးက ယူကရိန်းအနေဖြင့် "ခိုင်မာသော ထောက်ခံမှု" ကို ရရှိခံစားခဲ့ရပြီး "အချိန်အတန်ကြာ မမြင်တွေ့ခဲ့ရသည့် ဥရောပစည်းလုံးညီညွတ်မှု၏ အလွန်မြင့်မားသောအဆင့်ကို ပြသနိုင်ခဲ့သည်။" ဟု ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှတဆင့် မန္တလေးအထိ တရုတ်ကုန်စည်များ ဝင်ရောက်လာ

"တရားဝင်တော့မဟုတ်ပေမယ့် နှစ်ဖက်နားလည်မှုနဲ့ သွားနေကြတာပေါ့။ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကုန်သည်တွေနဲ့ ညှိနှိုင်းသွားကြတယ်။ သတ်မှတ်ကုန်ကျစရိတ်ထက်ပိုကုန်တော့ မကိုက်ဘူး။ လမ်းကြောင်းအခြေအနေကလည်း ကြာတာပေါ့။ သွားတာတော့ သွားနေကြပြီ။"