» သတင်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ကမ္ဘာတလွှား လက်ယာစွန်းကိုဆန့်ကျင်သည့်  ဆန္ဒပြပွဲများပြုလုပ်

"အမျိုးသမီးတွေဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းရဲ့ တစ်ဝက်လောက်ဖြစ်ပြီး သူတို့ဘာလုပ်တယ်၊ ဘယ်လိုပုံစံ၊ ဘယ်လိုကာကွယ်ကြမလဲ၊ ကျွန်မတို့နိုင်ငံ လွတ်လပ်ပြီး အမှီအခိုကင်းစေဖို့ သူတို့ဘာတွေလုပ်လဲဆိုတာကို ဆွေးနွေးဖို့လိုပါတယ်"

ဆေးဝါးကုသမှုခံယူနေသည့် ကျောင်းသား/ကျောင်းသူများအတွက် ဆေးရုံစာဖြေဌာနလေးခုစီစဉ်ထား

"ဆေးရုံတွေမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ကျောင်းသားတွေ စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးရလေအောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ သက်ဆိုင်ရာဆေးရုံရဲ့ လူမှုဆက်ဆံရေးဌာနကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။"

ပထမဦးဆုံးအကြိမ် ရိုးရာသနပ်ခါး အလှလိမ်းခြယ်ပြိုင်ပွဲ ပဲခူးမြို့တွင်ကျင်းပ

၂၀၂၀ ပြည့်နှစ်တွင် မြန်မာ့သနပ်ခါးကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကိုသို့ တင်သွင်းခဲ့သော်လည်း လိုအပ်သည့်အချက်အလက်များကို ထပ်မံတင်သွင်းရန် ယူနက်စကိုက ထပ်မံညွန်ကြားထားသဖြင့် ယခုနှစ်တွင် ပြန်လည်တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ရွှေစက်တော်ဘုရားပွဲသို့ လာရောက်သူနည်းပါးနေသေး ဟုဆို

"ဘုရားဖူးကတော့ နည်းနေသေးတယ်။ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြှော်လို့ရပါတယ်။ ညအိပ်တည်းခိုလို့လည်းရပါတယ်။ လုံခြုံရေးအတွက်လည်း စိတ်ပူးရာမလိုပါဘူး" ဟု ရွှေစက်တော်ဂေါပက ဥက္ကဌက ယနေ့ခေတ်သို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီတွင် ရွေးကောက်ပွဲကျင်းပမည် ဟုဆို

“မကြာခင်မှာလည်း ဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေး ကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောဆုံး ကျင်းပသွားဖို့စီစဉ်ထားကြောင်း ပြောလိုပါတယ်။” ဟု နစက ဥက္ကဌက ဆိုသည်။

ရုရှားတို့၏တိုက်ခိုက်မှုကြောင့် ဒွန်းနက်တွင် လူ ၂၀ ဦးသေဆုံး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားအပေါ် ကြီးမားသော ပိတ်ဆို့အရေးယူမှုများနှင့် အခွန်စည်းကြပ်မှုများကို ပြင်းပြင်းထန်ထန်ပြုလုပ်ရန် ထည့်သွင်းစဉ်းစားနေသည်ဟု ပြောကြားသည်။ ၎င်းက ယူကရိန်းကို စစ်မြေပြင်တွင် အနိုင်ကျင့်ခြင်းဖြစ်သည်ဟု ဆက်လက်ပြောဆိုသည်။

ဖေဖော်ဝါရီလအတွင်း ပြည်ပဆန်တင်ပို့မှု လျော့ကျခဲ့

"ပင်လယ်ရေကြောင်းတစ်ခုတည်းကနေသွားတော့ တင်ပို့မှုလျော့ကျသွားတာပေါ့။ နယ်စပ်ဆန်တင်ပို့မှုက မရှိတော့ဘူး။ ဒါပေမယ့် ဒီဘဏ္ဍာနှစ်မှာ အရင်ဘဏ္ဍာနှစ်ထက် ဆန်တန်ချိန်မပြည့်မီ‌နိုင်ပေမယ့် ဝင်ငွေအားဖြင့်တော့ ကျော်လွန်နိုင်ပါတယ်။"

ထိုင်းတွင် မြန်မာနိုင်ငံသားခုနစ်ဦး ခွင့်ပြုချက်မရှိ ​စျေး​ရောင်းချသဖြင့် ဖမ်းဆီးခံရ

စမွတ်စခွန်ပြည်နယ်တွင် ထိုင်းနိုင်ငံသားများအတွက် သီးသန့်လုပ်ကိုင်ခွင့်ပေးထားသည့် စီးပွားရေးဆိုင်ရာဥပဒေများကို ချိုးဖောက်ပြီး ဈေးကွက်အတွင်း တရားမဝင်ရောင်းချမှုဖြင့် စွဲချက်အတင်ခံခဲ့ရ​ကြောင်း သိရသည်။

ခရီးသည်တင်ယာဥ်တစ်စီး ပစ်ခတ်ခံရပြီး က​လေးတစ်ဦးအပါအဝင် လူသုံးဦးနေရာ၌​သေဆုံး

နှစ်ဖက်ထိ​တွေ့မှုဖြစ်​​နေတာမသိဘဲ လျှပ်တပြတ်ဖြတ်​မောင်းမိလို့ ​ကောင်းကင်ယံ အ​ဝေး​ပြေးယာဥ်ကို ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာပါ။ တိုက်ခိုက်ခံရမှုမှာ သုံးနှစ်အရွယ်က​လေးငယ်တစ်ဦး ​နေရာမှာသေဆုံးသွားပါတယ်။ က​လေးမိခင် အသက် ၂၇ နှစ်အရွယ်အမျိုးသမီးလည်း ​သေဆုံးသွားပါတယ်။

ထန်းတပင်တွင် အရက်သောက်နေသူချင်း စကားများရန်ဖြစ်ရာမှ တစ်ဦး​သေဆုံး

"အရက်​သောက်ပြီး ​နေအိမ်ပြန်ကြတဲ့အချိန်မှာ အရက်သမား​တွေသုံးဦးစလုံး အချင်းချင်းစကားများရန်ဖြစ်ပြီး လူသတ်မှုထိဖြစ်​ပေါ်ခဲ့ပါတယ်။ လူသတ်တရားခံက ထွက်​ပြေးလွတ်​မြောက်သွားပါတယ်။ ကျန်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများပါတယ်။"