» သတင်း

CMP လုပ်ငန်းများသို့ ဝင်ရောက်သည့်နိုင်ငံခြားငွေကို သွင်းကုန်လုပ်ငန်းရှင်များသို့ ပြန်လည်ရောင်းချပေးနေ ဟုဆို

"‌လက်ရှိအနေအထားကိုပြောရရင် နိုင်ငံခြားငွေလိုအပ်ချက်က မြင့်နေတာ။ ဒါကြောင့်လည်း သွင်းကုန်လုပ်ငန်းတွေကို ကန့်သတ်လာတာ။ နိုင်ငံခြားငွေကိုလည်း လိုသလောက်မ ရောင်းပေးနိုင်ဘူး။ လက်ရှိရောင်းပေးနေတဲ့ပမာဏက အလွန်နည်းတယ်။"

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးလေကြောင်းတိုက်ခိုက် အနည်းဆုံး ၃၃၀ သေဆုံး

အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် ဆွေးနွေးပွဲများ မအောင်မြင်ပြီးနောက် ကျယ်ကျယ်ပြန့်ပြန့်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး၊ အ ပစ်အခတ်ရပ်စဲရေးစတင်ခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နောက်ပိုင်း အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်သည်။

ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသားလေးဦးက ဖမ်းဆီးခေါ်ဆောင် သွား

"အဲဒီအမျိုးသမီးက အိမ်မှာတစ်ယောက်ထဲနေတာ။ နေတာက ထူပါရုံ ၂၂ လမ်းမှာ။ ရွှေဆိုင်က (၁)ဈေးမှာဖွင့်တာ။ ရွှေဘယ်လောက်ပါသွားလဲဆိုတာတော့ မသိဘူး။ အခုတော့ လိုက်ရှာနေကြတယ်" ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

ယီမင်တွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ၃၁ ဦး သေဆုံး ဟူသီတိုက်ခိုက်မှုကို အဆုံးသတ်မည်ဟု ထရမ့် ပြောကြား

အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များသည် ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို ဆက်လက်တိုက်ခိုက်နေပါက ၎င်းတို့အပေါ်သို့ ဆက်လက်တိုက်ခိုက်သွားမည်ဟု အမေရိကန်သမ္မတက ဆိုသည်။

မြောက်မက်ဆီဒိုးနီးယားတွင် နိုက်ကလပ်မီးလောင်မှုကြောင့် သေဆုံးသူ ၅၉ ဦးအထိမြင့်တက်

ဘီဘီစီမှအတည်ပြုထားသော ဗီဒီယိုတွင် မျက်နှာကျက်ပေါ်ရှိ မီးတောက်များကို ငြှိမ်းသတ်ရန် ကြိုးစားနေသူများကို ပြသထားသည်။ ကလပ်တွင်လူပြည့်နေပြီး လူငယ်များသည် ထွက်ပြေးခြင်းမပြုဘဲ မီးငြိမ်းသတ်ရန် အားထုတ်ခဲ့ကြကြောင်း တွေ့ရသည်။

ဝီဂါများကို တရုတ်နိုင်ငံသို့ ပြန်ပို့မှုနှင့်ပတ်သက်ပြီး ထိုင်းအရာရှိများကို အမေရိကန်ဗီဇာပိတ်ပင်

ဗီဇာကန့်သတ်ချက်သည် ဝီဂါနှင့်အခြားအုပ်စုများကို တရုတ်နိုင်ငံသို့ အတင်းအကြပ်ပြန်ပို့ရန် တရုတ်အစိုးရ၏ ဖိအားပေးကြိုးပမ်းမှုများကို တိုက်ဖျက်ရန် အမေရိကန်မူဝါဒအသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆီဝယ်စာအုပ်ဖြင့်ဝယ်ယူခွင့် တစ်လလျှင်တစ်ပိဿာသာရောင်းချပေးတော့ ဟုဆို

"အခု ဆီက ခါတိုင်းလိုမရတော့ဘူး။ တစ်လမှ တစ်ပိဿာပဲရတော့တယ်။ ဆီကန်ပိတ်လို့ ဘာဖြစ်လို့နဲ့ အကြောင်း ပြကြတယ်။ ဆီစာအုပ်နဲ့ဆို ဆိုင်တွေကသိပ်မရောင်းချင်ဘူး။ သူတို့က သတ်မှတ်ချိန်ကျော်သွားရင်လည်း မရောင်းတော့ဘူး။"

မြန်မာနိုင်ငံသို့ စားနပ်ရိက္ခာအထောက်အပံ့များ WFP ရပ်ဆိုင်းမည်

နိုင်ငံအတွင်းပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့် ကန့်သတ်ချက်များ တိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာအကူအညီလိုအပ်ချက်များ ပိုမိုများပြားလာနေသည့်အချိန်တွင် ယခုကဲ့သို့ အ ထောက်အပံ့ရပ်ဆိုင်းမှု ဖြစ်လာရခြင်းဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်တွင် စစ်သွေးကြွများ စီးနင်းခဲ့သည့်ရထားပေါ်မှ ခရီးသည်ဒါဇင်နဲ့ချီ လွတ်မြောက်ခဲ့သော်လည်း ဓားစာခံအချို့ ကျန်ရှိနေ

အာဖဂန်နစ္စတန်နှင့် အီရန်နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ်အတွင်း အကြမ်းဖက်မှုများ မြင့်တက်လာပြီးနောက် ခွဲထွက်ရေးတပ်(BLA)မှ သေနတ်သမားများက အင်္ဂါနေ့မွန်းလွဲပိုင်းတွင် လူအများနှင့်အလှမ်းဝေးပြီး တောတောင်ထူထပ်သောနေရာတွင် ရထားကိုစီးနင်းခဲ့သည်။

နမ့်ခမ်းတွင် ဖုန်းအားသွင်းရာမှ ​အပူရှိန်လွန်ကဲကာ ပေါက်ကွဲမှုဖြစ်ပြီး ​နေအိမ်မီး​လောင်

"​နေအိမ်တစ်လုံးလုံး မီး​လောင်ပြာကျသွားတယ်။ လူထိခိုက်​သေဆုံးမှု​တော့ မရှိပါဘူး။ ပျက်စီးဆုံးရှုံးမှုများပါတယ်။ ဖုန်းအားသွင်းရာက​နေ ဓာတ်ခဲက အပူလွန်ကဲပြီး ​​ပေါက်ကွဲမှုဖြစ်တယ်။ အသံအ​တော်ကျယ်​လောင်ပါတယ်။ ​နေအိမ်တစ်ခုလုံး ပြာကျသွားပါတယ်။"