» သတင်း

ဂါဇာရှိ ဟားမတ်စ်အကြီးတန်းအရာရှိတစ်ဦး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး

အစ္စရေးစစ်တပ်သည် ဇန်နဝါရီ ၁၉ ရက်ကစတင်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စွန့်လွှတ်ပြီး နှစ်လနီးပါးငြိမ်သက်နေသောဂါဇာကို အင်္ဂါနေ့မှစ၍ ကြီးမားသောတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့သည်။

နွေစပါးတင်းသိန်းချီကို လယ်သမားများထံမှ ဆန်စပါးအသင်းချုပ်ဝယ်ယူမည်

နွေစပါးစိုက်ပျိုးသော တောင်သူလယ်သမားများအနေဖြင့် ဧည့်မထဈေးနှုန်းကျဆင်းနေခြင်းနှင့် ရောင်းချရန်ခက်ခဲနေခြင်းတို့ကြောင့် MRF အနေဖြင့် ဧပြီလနှင့် မေလတွင်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟီလာရီကလင်တန်နှင့် ကမ်မီလာ ဟာရစ်တို့အတွက် လုံခြုံရေးကင်းရှင်းမှုများကို ထရမ့်ဖယ်ရှား

အဆိုပါရုတ်သိမ်းမှုသည် ချက်ချင်းအကျိုးသက်ရောက်မှုမရှိနိုင်သော်လည်း ထရမ့်က သူ၏ရန်သူများဟု ယူဆသောသူများကို လက်စားချေရန်ကြိုးပမ်းနေရာ ဝါရှင်တန်တွင် ကြီးထွားလာနေသည့် နိုင်ငံရေးအကွဲအပြဲ၏ နောက်ထပ်လက္ခဏာတစ်ရပ်ဖြစ်သည်။

အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အစ္စရေးက လက်ဘနွန်ကို ပထမဆုံးအကြိမ် ဒုံးကျည်နှင့် ပစ်ခတ်တိုက်ခိုက်

လက်ဘနွန်ရှိ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့က “အကြမ်းဖက်မှုများ တိုးလာနိုင်ခြေရှိသောကြောင့် စိုးရိမ်နေရသည်။” ဟုပြောကြားပြီး၊ အစ္စရေးနှင့် လက်ဘနွန်နှစ်နိုင်ငံစလုံးက ၎င်းတို့၏ကတိကဝတ်များကိုလိုက်နာရန် တိုက်တွန်းခဲ့သည်။

၂၀၂၅ အလွန် မြန်မာနိုင်ငံ၏စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအကြောင်း Forum on Myanmar Beyond 2025 ကို နေပြည်တော်တွင် ပြုလုပ်မည်

“အခုလုပ်မယ့်ဟာက ၂၀၂၅ အ လွန်ဖြစ်လာနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်းကို ဆွေးနွေးမှာပေါ့နော်။ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကိုကျော်ပြီးတော့ ဆွေးနွေးလိမ့်မယ် ထင်ပါတယ်။ ၂၀၂၅ အလွန်မှာ မြန်မာနိုင်ငံဟာ ဘယ်လိုပုံစံ၊ ဘယ်လိုရပ်တည်ချက်နဲ့သွားမလဲဆိုတာကတော့ အဓိကကျလိမ့်မယ်ထင်တယ်။”

ထိုင်းဖုန်းနံပါတ်များဖြင့် ဖွင့်ထားသည့် Kpay အကောင့်များကို ဝန်ဆောင်မှု ယာယီဆိုင်းငံ့မည်

ဖုန်းနံပါတ်ပြောင်းလဲနိုင်ရန်အတွက် ဗားရှင်းအသစ်ထွက်ရှိမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ဗားရှင်း 5.8.1 မထွက်ရှိသေးခင်ကာလအတွင်း ဖုန်းနံပါတ်အား အမြန်ပြောင်းလဲတပ်ဆင်လိုပါက Virtual Customer Support ဖြင့် Booking ပြုလုပ်ပြီး ဝန်ဆောင်မှုရယူနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ကယ်ဆယ်ရေးစခန်းများသို့ နောက်ဆုံးအကူအညီများကို WFP ပေးအပ်

“အလှူရှင်တွေ ကောင်းချီးပေးပြီး ပြန်ကူညီနိုင်ပါစေလို့ ဘုရားသခင်ကို ဆုတောင်းပါတယ်။ ကျေးဇူးပြုပြီး ငါတို့ကိုသနားပါ" ဟု မြစ်ကြီးနားမြို့အရှေ့မြောက်ဘက်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် သူမက AFP သို့ ပြောကြားသည်။

ထရမ့်၏ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ပူတင်ကပယ်ချပြီး ယူကရိန်းဆေးရုံနှစ်ခုကို တိုက်ခိုက်

အင်္ဂါနေ့က ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် စွမ်းအင်အခြေခံအဆောက်အအုံဆိုင်ရာ တိုက်ခိုက်မှုများကို ရက်ပေါင်း ၃၀ ယာယီရပ်နားရန် ပူတင်က သဘောတူခဲ့သော်လည်း ပိုမိုပြည့်စုံသော အပစ်အခတ်ရပ်စဲရေးကို ပယ်ချခဲ့သည်။

တရုတ်သို့တင်ပို့မည့် သစ်သီးများကို Packing စနစ်ဖြင့်သာလက်ခံမည် ဟုဆို

၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ ဖရဲ၊ သခွားနှင့် သစ်သီးဝလံတင်ပို့နေသည့် တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးတို့မှာ ပိတ်သွားသည့်အတွက် မိုင်းလားနယ်စပ်မှတဆင့် တရုတ်နှင့်ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်သည်။

မဲဆောက် အကောက်ခွန်ဝင်းအတွင်း မြန်မာနိုင်ငံသို့တင်ပို့မည့် မော်တော်ကားအစီး ၂၀၀ မီးလောင်

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေပြီး၊ အကောက်ခွန်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Phantong Loykulnanta က “တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာမရခဲ့ပါဘူး။ ခြံဝင်းအတွင်း သိမ်းဆည်းထားတဲ့ မော်တော်ကားတွေကို မီးလောင်တာကတော့ မကြုံစဖူးပါဘဲ”