» သတင်း

ငလျင်ဒဏ်ခံနေရသည့် ပလိပ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် နေထိုင်စရာအခက်အခဲများကြုံနေရ

လတ်တလောက အလှူရှင်တွေလာတယ်။ စားစရာကတော့ မပူရတော့ဘူး။ နေထိုင်ဖို့လောက်ပဲ လိုတော့တယ်။ လောလောဆယ် တဲထိုးပြီးတော့နေတယ်။ ညကမိုးတွေရွာတော့ အမိုးတွေပြန်လန်ကုန်တာ။ အိမ်တွေပြန်ဆောက်ဖို့အတွက်တော့ ငွေသားတော့နည်းနည်းပါးပါးပဲ လိုတော့တယ်။

ပျဉ်းမနားတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဗလီငါးလုံးပြိုကျ၊ သုံးလုံးပျက်စီး၊ ၂၅ ဦးသေဆုံး

“ပျဉ်းမနားထဲမှာ ဗလီစုစုပေါင်း ၁၁ လုံးရှိတယ်။ ငလျင်လှုပ်တဲ့အချိန်မှာ ဗလီငါးလုံးပြိုကျခဲ့သွားတာ။ ရှစ်လုံးထဲမှာ သုံးလုံကပျက်စီးသွားတာ၊ ဗလီတက်နေတဲ့အချိန်ဆိုတော့ ဗလီတက်ရင်း ပြိုကျပြီးပိတာ ၂၅ ယောက်သေတယ်။”

အင်းလေးတွင် ငလျင်ဒဏ်ကြောင့် နေအိမ် ၂၀၀၀ ကျော်ပျက်စီးခဲ့ပြီး၊ သေဆုံးသူ ၅၃ ဦးရှိ ဟုဆို

“ကျွန်တော်တို့ ကေလာကျေးရွာမှာဆို နေအိမ် ၄၀၀ ကျော်လောက်ပါသွားတယ်။ တစ်ခြားနေရာတွေလည်း ပြို သွားတာတွေရှိတယ်။ ကေလာကျေးရွာမှာတင် သေဆုံးသူက ၄၃ ဦးလောက်ရှိတယ်။ အကုန်လုံးပေါင်းရင်တော့ ၅၃ ဦးလောက်တော့ရှိတယ်ဗျ။ ပြိုကျတဲ့အိမ်တွေဆို စုစုပေါင်း ၂၀၀၀ ကျော်လောက်ရှိမယ်။”

အမေရိကန်ကုန်ပစ္စည်းတင်သွင်းမှုအပေါ် အခွန် 34% စည်းကြပ်မည်ဟု တရုတ်ဆို

“အမေရိကန်ရဲ့ ဒီအလေ့အကျင့်ဟာ နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းတွေနဲ့မညီဘဲ၊ တရုတ်နိုင်ငံရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ဆိုးရွားစွာထိခိုက်စေပြီး တစ်ဖက်သတ်အနိုင်ကျင့်တဲ့ အလေ့အကျင့်တစ်ခုပါ” ဟု တရုတ်နိုင်ငံတော်ကောင်စီ အခွန်စည်းကြပ်ခွန်ကော်မရှင်က ကြေညာချက်ထုတ်ပြန်သည်။

လားရှိုးကို နစကသို့ ပြန်ပေးမည်

"လားရှိုးကိုပြန်ပေးမှာ မှန်တယ်။ ဒါပေမယ့် တပ်တွေတော့ ပြန်ဆုတ်မယ်။ အုပ်ချုပ်ရေးပိုင်းလူကြီးတွေတော့ ဆက်ရှိနေမယ်။ အုပ်ချုပ်ရေးယန္တရားပိုင်းကိုတော့ ညှိနေတယ်" ဟု MNDAA မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

စင်္ကာပူသည် ကိုယ်ပိုင်လုံခြုံရေးသာမက အိမ်နီးချင်းများကိုပါ ဂရုစိုက်သွားမည် ဟုဆို

ပြီးခဲ့သည့်ရက်သတ္တပတ်က ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည့် မြန်မာနိုင်ငံကဲ့သို့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်များအတွင်း ၎င်းတို့အဖွဲ့၏ အရေး ပါပုံကို ပြောကြားခဲ့သည်။

BIMSTEC ထိပ်သီးအစည်းအဝေးတွင် ထိုင်းနှင့် အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်

မြန်မာနိုင်ငံကိုဖြတ်သန်းသွားမည့် အိန္ဒိယအရှေ့မြောက်ပိုင်းမှစတင်သည့် ကီလိုမီတာ ၁၃၀၀ ရှည်လျားသော အဝေးပြေးလမ်းစီမံကိန်းကို အရှိန်မြှင့်ဆောင်ရွက်သွားရန် နှစ်နိုင်ငံသ ဘောတူညီခဲ့သည်။

SKY Villa ကွန်ဒိုနှင့် ဂရိတ်ဝေါဟိုတယ်ရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများရပ်နား

SKY Villa ကွန်ဒို တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် ပိတ်မိနေသူများ အသက်ရှင်လျက်မရှိနိုင်တော့သည့်အတွက် ကယ်ဆယ်ရေးများ ရပ်နားလိုက်ခြင်းဖြစ်ပြီး၊ မြောက်ဘက်ခြမ်းတွင် ယနေ့နံနက်ပိုင်အထိ ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ်သတ်မှတ်

နယ်မြေအများအပြားတွင် လျှပ်စစ်မီး၊ အင်တာနက်နှင့် ဖုန်းလိုင်များပြတ်တောက်နေခြင်းကြောင့် ဆက်သွယ်ရေးများခက်ခဲနေရာ ကပ်ဘေး၏ အတိုင်းအတာ အစစ်အမှန်ကို ရှင်းရှင်းလင်းလင်းမသိရသေးဘဲ သေဆုံးသူဦးရေ သိသိသာသာတိုးလာမည်ဟု ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်ပြောဆိုကြသည်။

အုပ်စု ၆ စုခွဲ၍ တစ်အုပ်စုကို တစ်ရက်လျှင် လေးနာရီမီးပေးမည်

ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်း မရှိစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းစီမံဆောင်ရွက်လျှက်ရှိရာ ယနေ့မှစ၍ နံနက်(၀၅:၀၀) အချိန်မှစ၍ ၂၄ နာရီ တစ်ရက်အတွင်းအုပ်စု(၆)ခုဖြင့် ၄ နာရီနှုန်းခန့်သာမီးပေးမည်ဖြစ်ကြောင်း သိရသည်။