» သတင်း

ငလျင်ကြောင့် တစ်နိုင်ငံလုံးလျှပ်စစ်မီးပြတ်တောက်

"မီးက လုံးဝမရတော့ဘူး။ တာဝါတိုင်တွေအကုန်ကျိုးကုန်တာ။ မကြုံဖူးဘူး။ အသေအပျောက်က တော်တော်များတယ်။ ဒီမှာဆို Mytel ဖုန်းတစ်ခုတည်းကပဲ သုံးလို့ရတယ်။" ဟု မန္တလေးမြို့မှ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

တိုင်းဒေသကြီး ၆ ခုကို အရေးပေါ်အခြေအနေထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင် စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့်နေရာများကို အရေးပေါ်အခြေအနေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ကြေညာ လိုက်သည်။

မြန်မာနိုင်ငံတွင် ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်တစ်ခုလှုပ်ခတ်

"တော်တော်ကြမ်းတယ်။ ငလျင်က။ တိုက်တွေဆို ယမ်းခါနေရောပဲ။ တော်တော်သိသာတယ်။ ဆူနာမီတောင် အဲဒီလောက်လှုပ်မယ်မထင်ဘူး။ ‌တိုက်အောက်ကိုဆင်းပြေးရတယ်။" ဟု ရန်ကုန်ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ခြံအမှတ်(၅၄)ကို ငွေကျပ် ၂၇၀ ဘီလီယံဖြင့် လေးကြိမ်မြောက်လေလံတင်မည်

တတိယအကြိမ်မြောက် လေလံတင်ရောင်းချမှုတွင် ဝယ်ယူမည့်သူမရှိခြင်းကြောင့် ဦးအောင်ဆန်းဦးဘက်မှ ဈေးလျှော့ပြီး လေးကြိမ်မြောက်လေလံတင်တင်ရန် ကမာရွတ်ခရိုင်တရားရုံးတွင် မတ်လ ၂၀ ရက်နေ့က လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ပစေလွှတ်သည့်အလုပ်သမားဦးရေ ကန့်သတ်ချက်‌များရှိလာ

"ယောက်ကျားလေးတွေက ပြည်ပထွက်ဖို့မလွယ်တော့ဘူး။ အမျိုးသမီးတွေရသေးတယ်။ ပညာရေးဗီဇာနဲ့က ရသေးတယ်။ စစ်မှုထမ်းအကျုံးဝင်တဲ့လူတွေကို ကန့်သတ်လိုက်တာ။ စာရင်းပါတာနဲ့ သူက ပြည်ပထွက်လို့မရဘူး။ လေဆိပ်တွေကိုလည်း စာရင်းပို့ထားပြီးသား။"

ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုလျှင် လူ ၁၀ ဦးသာခွင့်ပြုမည် ဟုဆို

"မျှော်လင့်ချက်ကတော့ မရှိတော့ဘူး။ ပြည်ပအလုပ်ထွက်လုပ်တာကို သူတို့ကပြင်းပြင်းထန်ထန်တင်းကြပ်နေတဲ့ သဘော။ အခုဆိုရင် ထွက်ဖို့က မလွယ်တော့ဘူး။ ဒုက္ခရောက်ရ တာပေါ့။" ဟု ပြည်ပထွက်ရန် စောင့်ဆိုင်းနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

တစ်နေ့ ၈ နာရီလာ၊ ၁၆ နာရီပျက်ပုံစံဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည်

"တချို့သက်တမ်းလွန်ဓာတ်တိုင်တွေ ကျိုးကျသွားတာလည်းပါတယ်။ ပြီးတော့ နွေရာသီရောက်လာပြီလေ။ ရာသီဥတုကလည်း ပူလာပြီ။ ရေအားလျှပ်စစ်ကလည်း သိပ်အလုပ်မ လုပ်တော့ဘူး။ ပြီးတော့ ပျက်ဆီးသွားတဲ့ တာဝါတိုင်တွေက ပြင်လို့မပြီးသေးဘူး။ အဲဒါကြောင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားတာ။ ရရင်ရသလို လျှပ်စစ်ကိုဖြန့်ဖြူပေးသွားပါမယ်။"

ကနေဒီကို လုပ်ကြံသတ်ဖြတ်မှုတွင် လီဟာဗေး အော့စ်ဝေါဒ်သည် ကူညီခဲ့သူလားဟု ထရမ့်မေးခွန်းထုတ်

အော့စ်ဝေါဒ်သည် ကနေဒီကိုသတ်ခဲ့သည်ဆိုခြင်းကိုယုံကြည်လားဟု မေးမြန်းရာတွင် ထရမ့်က "ကျွန်တော် ဒီလိုပါ ပဲ။ ပြီးတော့ ကျွန်တော်အမြဲတမ်းစွဲလမ်းနေခဲ့တာ သေချာပါတယ်၊ သူကကူညီခဲ့တာလား။" ဟု အားကစားဝဘ် ဆိုဒ် Outkick ကိုတည်ထောင်သူ ကလေး ထရာဗစ်နှင့်တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့လယ်ရှိ တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရ

"ဘယ်သူမှမသိလိုက်ဘူး။ ပစ္စည်းတွေပါသွားတော့မှ သိတာ။ မနက်ပိုင်းဆိုရင် လူကရှင်းတယ်။ တော်ရုံတန်ရုံဆို ဘယ်သူမှမသိဘူး။ ဟိုတစ်ခါ ၃၂ လမ်းထဲကရွှေဆိုင်ဆိုရင်လည်း မနက်ပိုင်းလုခံရတာ။" ဟု ပန်းပဲတန်းတွင်နေထိုင်သူတစ်ဦးက ပြောသည်။

နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်မည်

ဝန်ကြီးချုပ် ပေတုံတန် ရှီနာဝပ်ထရာက သဘာပတိအဖြစ် ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။ အဆိုပါ BIMSTEC အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံအားလုံး၏ ခေါင်း ဆောင်များအားလုံး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။