» သတင်း

ထရမ့်၏အခွန်စည်းကြပ်မှုကို အာဆီယံက လက်တုံ့ပြန်မည်မဟုတ် ဟုဆို

"ကုန်သွယ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် အမေရိကန်နှင့် ပွင့်လင်းမြင်သာစွာ အပြုသဘောဆောင်သော ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ကျွန်ုပ်တို့၏ဘုံရည်ရွယ် ချက်ကို ဖော်ပြပါသည်။ ပွင့်လင်းသော ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် မျှတပြီး၊ ရေရှည်တည်တံ့သောဆက်ဆံရေးကို အာမခံရန်အရေးကြီးပါသည်"

ငလျင်ဒဏ်ခံခဲ့ရသည့် စဉ့်ကိုင်မြို့နယ်တွင် အကူညီများလိုအပ်နေ ဟုဆို

မတ်လ ၂၈ ရက်နေ့က စဉ့်ကိုင်မြို့နယ်၊ ခံလူးကျေးရွာတွင် ၇.၇ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင်လှုပ်ခဲ့မှုကြောင့် ဗလီတစ်လုံးနှင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အမေရိကန်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၈၄% ဖြင့် တရုတ်ကလက်တုံ့ပြန်

Shield AI နှင့် Sierra Nevada ကော်ပိုရေးရှင်းအပါအဝင် အမေရိကန် ဉာဏ်ရည်တုကုမ္ပဏီခြောက်ခုကို အမည်ပျက်စာရင်းသွင်းမည်ဟု ဘေဂျင်း၏ ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက ဗုဒ္ဓဟူးနေ့ကထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

ရှမ်းပြည်နယ်တွင် တရုတ်ရွှေတူးဖော်မှုကြောင့် ကိုးမြစ်အတွင်း အာဆင်းနစ်များပြားနေ ဟုဆို

သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးရုံးမှဒါရိုက်တာ အာဗီရာ ပါကာမတ်က မယ်အိုက်ခရိုင်၊ ကိုးချောင်းမြစ်မှ ရေနမူနာများကို တာဝန်ရှိသူများက မတ်လ ၁၉ ရက်တွင် စမ်းသပ်ရယူခဲ့ရာ အာဆင်းနစ်ပါဝင်မှုသည် ဘေးကင်းသည့်အဆင့်ထက် နှစ်ဆဖြစ်နေသည်ဟု ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထရမ့်က ၅၀% စည်းကြပ်ခွန်ထပ်တိုးမည်ဆိုသည်ကို အဆုံးအထိတိုက်ပွဲဝင်မည်ဟု တရုတ်တုံ့ပြန်

ဘေဂျင်းက ၎င်း၏အခွန်စည်းကြပ်မှုကို ရပ်တန့်ရန်ငြင်းဆိုပါက စည်းကြပ်ခွန်များ ထပ်မံကောက်ခံမည်ဖြစ်ကြောင်း ထရမ့်ကသတိပေးပြီးနောက် တရုတ်ကုန်စည်များအပေါ် အခွန် စည်းကြပ်မှုအားလုံးကို ၁၀၄ ရာခိုင်နှုန်းအထိတိုးမြင့်ရန် လုပ်ဆောင်ခဲ့သည်။

အဝေးပြေးကားလက်မှတ်များ လက်ကျန်နည်း၍ ဝယ်ယူရခက်နေ ဟုဆို

YRTC အနေဖြင့် အဝေးပြေးကားလက်မှတ်များကို ကြိုတင်မရောင်းချရန် ညွှန်ကြားထားသော်လည်း ယာဉ်လိုင်းများက မတ်လအတွင်းမှာပင် လက်မှတ်များကိုရောင်းချထားခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်မှုသစ်ကို စည်းလုံးညီညွတ်မှုဖြင့် တုံ့ပြန်မှုရမည်ဟု မလေးရှားဝန်ကြီးချုပ် ဆို

သို့သော်လည်း အမေရိကန်နိုင်ငံ၏ မကြာသေးမီကထုတ်ပြန်ခဲ့သည့် အခွန်စည်းကြပ်မှုအသစ်သည် လက်ရှိကမ္ဘာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်တွင် သင်္ကြန်မဏ္ဍပ်များမလုပ်တော့ ဟုဆို

"မြို့တော်ဝန်မဏ္ဍပ်ကတော့ ရေပက်တာဟာရှိမယ်။ ခန်းမကြီးတော့မရှိဘူးပေါ့။ ပြည်သူ့ရင်ပြင်ထဲမှာလည်း ဒီနှစ်မဏ္ဍပ်မလုပ်ဘူး။ အပြင်မှာတော့ ရေဆော့လို့ရအောင် မဏ္ဍပ်အ သေးလေးတွေလုပ်ထားပေးတယ်။ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင်းပသွားပါမယ်"

အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းတွင် ဒေါ်နယ်ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်

ဥပဒေကျောင်းသူ ကေတီ စမစ်က သူမသည် ဘော့စတွန်ဧရိယာရှိ Tufts တက္ကသိုလ်အနီးတွင် တူရကီကျောင်းသား Rumeysa Ozturk ကို အမေရိကန်အေးဂျင့်များကဖမ်းဆီးခြင်းကို တွေ့မြင်ခဲ့ရပြီးနောက် ဆန္ဒပြပွဲများတွင်ပါဝင်လာခြင်းဖြစ်ကြောင်း BBC News သို့ ပြောကြားသည်။

တံတာဦးမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ကျေးရွာအချို့ အရေးပေါ်အကူအညီများလိုအပ်နေ ဟုဆို

“အခုက စျေးချိုဘက်တွေတော့ အလှူရှင်တွေရနေပါပြီ။ မရသေးတာက ပန်းပဲတန်းဘက်နဲ့ ဘိတ်တန်းဘက်မှာ အလှူရှင်တွေမရသေးလို့ တော်တော်အခက်အခဲဖြစ်နေပါတယ်။ နေဖို့ကတော့ တဲထိုးပြီးနေနေရတယ်။ နှစ်ရွာပေါင်း နေလို့မရတဲ့အိမ်က ၅၀ နီးပါလောက်ကိုရှိတယ်။ သေဆုံးတာ ၁၅ ယောက်လောက်ရှိတယ်။”