» သတင်း

ငလျင်ဒဏ်သင့်ဒေသများတွင် ယာယီစာသင်ကျောင်းများ တည်ဆောက်မည်

"ကလေးတွေအတွက်တော့ ပင်ပန်းတာပေါ့။ နှစ်ချိန်ကျောင်းဆိုတော့။ အခုကတော့ ကျောင်းတွေပြန်ဖွင့်ဖို့လုပ်နေတယ်။ ကလေးတွေပညာရေးအတွက် နှောင့်နှေးကုန်တာပေါ့။ ဆ ရာ၊ ဆရာမတွေလည်း ငလျင်ကြောင့် အသက်ပါသွားတဲ့သူတွေရှိတယ်။ ဒီတစ်ခေါက်ကျောင်းပြန်ဖွင့်ရင် ဆရာတွေလည်း မစုံတော့သလို ကျောင်းသားတွေလည်း မစုံတော့ဘူး"

ဗီဇာကင်းလွတ်ခွင့်များကို ပြန်လည်သုံးသပ်ရန် ထိုင်း၀န်ကြီးချုပ်အမိန့်ပေး

ပြည်သူ့ပါတီအမတ် လက်ခနာဒီဆုမ်က မြောက်ပိုင်းပြည်နယ်များရှိ ထိုင်းတက္ကသိုလ်အချို့သည် အင်ဂျင်နီယာအလုပ်များ ထိုင်းနိုင်ငံတွင် တရားမ၀င်လုပ်ကိုင်နိုင်စေရန်အတွက် ကျောင်းသားဗီဇာထုတ်ပေးထားကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။

ချင်းမိုင်တွင် လက်နက်မှောင်ခိုသမားများ ဖမ်းဆီးခံရ

မယ်ဟောင်ဆောင်နယ်စပ်၊ သောင်မဲ့ခရိုင်တွင် လက်နက်များစုဆောင်းရန်နှင့် ကရင်အမျိုးသားအစည်းအရုံးသို့ လက်နက်များပေးပို့ရန် ၎င်းတို့ကိုငှားရမ်းထားကြောင်း သံသယရှိသူများက ထိုင်းရဲတပ်ဖွဲ့သို့ ပြောကြားသည်။

ကက်ရှ်မီးယားတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ခရီးသွားဧည့်သည် ၂၆ ဦးသေဆုံး

အင်္ဂါနေ့မွန်းလွဲပိုင်းတွင် သေနတ်သမားများက လူကြိုက်များသော ခရီးသွားနေရာတစ်ခု၌ ခရီးသွားဧည့်သည်များကို သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက AFP သို့ ပြောကြားသည်။

ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းတစ်ပတ်တိုးကြောင်း နစကကြေညာ

ပြင်းထန်သည့်ငလျင်ဘေးကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက်ပံ့ပိုးကူညီနိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေးသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက် ဦးဆောင်လှုပ်ရှားနေသူ ဦးမြအေးက ယနေ့ခေတ်သို့ ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေရှိပြီး၊ ကိုယ်စားပြုမှုရှိသည့်အဖွဲ့ကိုသာ ငြိမ်းချမ်းရေးဆွေးနွေးမည် ဟုဆို

အဖွဲ့လိုက်ဆွေးနွေးတဲ့အခါမှာ အဖွဲ့တစ်ဖွဲ့က ဒီဟာနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာ။ မဖြစ်နိုင်ပါဘူး။ ဘာလို့ဆိုတော့ ခေါင်းဆောင်ကဘယ်သူမှန်းမသိ၊ ဘယ်သူ့ကိုကိုယ်စားပြုမှန်းမသိ၊ ဒါတွေကဆွေးနွေးလို့မရဘူးလေ။ တိုင်းရင်းသားလက်နက်ကိုင်တွေဆိုရတယ်။

ငလျင်ဘေးသင့်ဒေသများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပမည်

"ပြန်ဖြေဖို့ဆိုတာက မဖြစ်နိုင်ဘူး။ တချို့ကလေးတွေလည်း ရှိပါတော့မလား။ သေချာစဉ်းစားကြည့်ရင်လေ။ သူတို့စာပြန်လေ့လာဖို့ဆိုရင်လည်း အချိန်ကလိုတယ်။ ကျောင်းသားတွေဘက်ကို ပြန်ကြည့်သင့်တယ်။ တချို့ဆိုနစ်နာတယ်" ဟု ကျောင်းဆရာမတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရန်ကုန်မြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းမြင့်တက်

ကြက်ဥတွေက လိုသလောက်ဝယ်လို့ကိုမရတာ။ ‌ခါတိုင်းဆို အော်ဒါဒီနေ့မှာရင် ဒီနေ့ပို့နိုင်တယ်။ အခုက ပစ္စည်းတွေပြတ်တာများနေတယ်။ ရရင်ရသလောက်နဲ့ရောင်းနေရတယ်။ ဈေးကတော့ နည်းနည်းတက်တယ်လို့ပြောလို့ရတယ်။ ငလျင်ဖြစ်တော့ အလှူရှင်တွေက ငလျင်ဘက်တွေကို သွားလှူကြတာလည်းများတယ်။

ကုန်သွယ်ရေးညှိနှိုင်းမှုများတွင် အမေရိကန်၏ချွေးသိပ်မှုကိုလက်မခံရန် အခြားနိုင်ငံများကို တရုတ်သတိပေး

အမေရိကန်သည် သွင်းကုန်ခွန်ကင်းလွတ်ခွင့်နှင့် အခြားနိုင်ငံများကို အပေးအယူလုပ်ကာ တရုတ်ကိုဖိအားပေးရန် စီစဉ်နေကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးခဲ့သည်။

သင်္ကြန်ကာလနောက်ပိုင်း စက်သုံးဆီဈေး ကျဆင်းလာ

"ဆီဈေးသာကျလာတယ်။ တက္ကစီခတွေက ကျမလာဘူး။ ကားသမားတွေကပြောလိုက်ရင် ဆီဈေးတတ်လို့ဆိုတာချည်းပဲ။ ဈေးကပြန်မကျလာဘူး။ တတ်ရင်လည်းတတ်တဲ့အ လျောက် ပေးစီးပါတယ်။ ဆီဈေးပြန်ကျတော့ ဈေးကပြန်ကျမလာဘူး"