» သတင်း

ယူကရိန်းနှင့် တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ပူတင်ဆို

ပူတင်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းသို့ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာစေလွှတ်တိုက်ခိုက်ခဲ့ရာ စစ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။ အဆိုပါစစ်ပွဲသည် ၁၉၆၂ ကျူးဘားအကျပ်အတည်းနောက်ပိုင်း ရုရှားနှင့် အနောက်အုပ်စုအကြား ဆိုးရွားသောထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် စစ်ပွဲကြီးဖြစ်ပွားရန် နီးကပ်လာပြီ ဟုဆို

ဝန်ကြီးချုပ် ရှာဘတ်စ် ရှရစ်ဖ်သည် နျူကလီးယားလက်နက်ဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်မည့် အမျိုးသားကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အစည်းအဝေးကိုခေါ်ခဲ့ကြောင်း ပါကစ္စတန်ပြည်တွင်းမီဒီယာက စနေနေ့တွင် ဖော်ပြခဲ့သည်။

ထိုင်းနယ်စပ်အနီးတိုက်ပွဲများကြောင့် မြန်မာဒေသခံ ၃၀၀ ကျော် ထိုင်းနိုင်ငံထဲသို့ဝင်ရောက်

မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU)တို့ တိုက်ပွဲများကြောင့် အဆိုပါဒေသတွင်းမှ စစ်ဘေးဒုက္ခ သည် ၃၂၈ ဦး ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်လာမှု ကြောင့် ထိုင်းနိုင်ငံက လုံခြုံရေးတိုးမြှင့်ခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်သင့်ဒေသများကို ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်နိုင်သည့်ခရီးစဉ်အဖြစ် ဖော်ဆောင်မည်ဟုဆို

"ရှေးဟောင်းဘုရားတွေကို Tourist site အနေနဲ့လုပ်မယ်ဆိုရင် ဝင်ငွေရတာပေါ့။ ငလျင်ကြောင့်ပျက်စီးသွားတဲ့ ရှေးဟောင်း‌ဘုရားတွေအများကြီးရှိတယ်။ ဒါတွေကိုပြလို့ရတာပေါ့။ တချို့ဘုရားတွေကိုတော့ ရှေးမူမပျက်ပြင်ပေါ့။ ခရီးသွားလုပ်ငန်းအတွက် ဒါတွေကအထောက်အကူပြုတယ်"

ပါရှန်ပင်လယ်ကွေ့ကို အာရေဗျပင်လယ်ကွေ့ဟု ပြောင်းလဲရန် ဒေါ်နယ်ထရမ့်စီစဉ်နေ ဟုဆို

အဆိုပါကိစ္စကို အမည်မဖော်လိုသည့် အမေရိကန်အရာရှိနှစ်ဦးသည် အင်္ဂါနေ့က The Associated Press နဲ့ ဆွေးနွေးပြောဆိုခဲ့သည်။ အိမ်ဖြူတော်နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့ကမူ မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

ပြည်ပမှခွင့်နှင့်ပြန်လာပြီး အသက်ကန့်သတ်ချက်ဖြင့် အကျုံးဝင်နေသည့် အမျိုးသားများ ပြည်လည်ထွက်ခွင့်မရ

"ဒီလိုတွေပိတ်လိုက်တော့ ဘယ်သူမှပြန်လာတော့မှာမဟုတ်ဘူး။ တရားဝင်အသိပေးထုတ်ပြန်ထားတာလည်းမရှိဘူး။ တချို့နစ်နာတဲ့အလုပ်သမားတွေ အများကြီးရှိတယ်။ ထွက်ဖို့စောင့်ဆိုင်းနေသူတွေလည်းရှိတယ်။ စာတော့တင်ထားတယ်။ ခွင့်ပြုပေးဖို့"

နန်းသီတာဆိပ်ကမ်း ဗောတံတားအမှတ်(၂)တွင် အိန္ဒိယနိုင်ငံသားတစ်ဦး ​မြစ်ထဲပြုတ်ကျ ​ပျောက်ဆုံး​နေ

နန်းသီတာဆိပ်ကမ်းမှာရှိတဲ့ ​ရွှေဘဲစား​သောက်ဆိုင်ကို ခြေလျင်လမ်း​လျှောက်သွားခဲ့ကြတယ်။ ​အဲဒီရွှေဘဲက​နေ စား​သောက်ပြီး​နောက်မှာ ​အိန္ဒိယနိုင်ငံသားသုံးဦး ​လမ်း​လျှောက်ပြန်ချိန် ဗောတံတားအမှတ်(၁)နဲ့ အမှတ်(၂)ကြားမှာ အိန္ဒိယနိုင်ငံသား Abdul Kabeer အသက်(၃၉)နှစ်က ရေထဲပြုတ်ကျပြီး ​ပျောက်ဆုံး​နေပါတယ်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ သန်း ၇၀၀ နီးပါးသာရရှိ

"ပြည်ပရင်းနှီးမြှုပ်နှံမှုက သိပ်မလာကြဘူး။ အဓိက နယ်မြေလုံခြုံရေးကိုကြည့်ကြတာ။ နယ်မြေဒေသလုံခြုံမှုမရှိတော့ သိပ်မလာကြဘူး။ ရင်းနှီးမြှုပ်နှံမှုက အရင်ထက် ၆၀ ရာခိုင်နှုန်း‌နည်းသွားတယ်"

စင်္ကာပူ အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဝေါင် သောင်ပြိုကမ်းပြိုအနိုင်ရ

ဒီထက်ပိုကြီးမားတဲ့ ပြိုင်ဆိုင်မှုဟာ နိုင်ငံရေးပါတီတွေကြားမဟုတ်ဘဲ၊ စင်ကာပူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကြားက ရွေးကောက်ပွဲဟာ စင်္ကာပူအတွက် အရေးကြီးတဲ့အချိန်ကာ လမှာဖြစ်ကြောင်း မစ္စတာ ဝေါင်က ထပ်လောင်း ပြောကြားသည်။

ယီမင်ကပစ်လွှတ်လိုက်သည့်ဒုံးကျည်သည် လေဆိပ်ဧရိယာကို ထိမှန်ခဲ့ကြောင်း အစ္စရေးဆို

နိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အချက်ပေးသံများပေါ်ထွက်လာပြီးနောက် ဂျေရုဆလင်နှင့် လေဆိပ်ဧရိယာများတွင် ပေါက်ကွဲသံများကြားခဲ့ရကြောင်း အေအက်ဖ်ပီသတင်းထောက်များက ပြောကြားသည်။