» သတင်း

ဝါရှင်တန်တွင် အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဆိုရှယ်မီဒီယာတွင်ပျံ့နှံ့နေသည့် ဗီဒီယိုတစ်ခုတွင် အဖြူရောင်ရှပ်အင်္ကျီဝတ်ထားသည့် မုတ်ဆိတ်မွေးနှင့် လူငယ်တစ်ဦးကို ရဲများကဖမ်ျးဆီးခေါ်ဆောင်သွားချိန်တွင် “လွတ်လပ်ရေး၊ ပါလက်စတိုင်းလွတ်လပ်ရေး” ဟု ကြွေးကြော်နေသည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။

၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ‌မေလ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးကာလအဖြစ် သတ်မှတ်

မေလ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအဖြစ် သတ်မှတ်ထားပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကိုအခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

တောင်သူများ ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်

"ချေးငွေကမဆပ်နိုင်ဘူး။ လယ်တစ်မျိုးတည်းလုပ်ကိုင်ရုံနဲ့ သူ့ချေးငွေကိုပြန်မဆပ်နိုင်ဘူး။ ငါးကန်တွေနဲ့တွဲလုပ်မှ အဆင်ပြေနိုင်မယ်။ ၈၀ ရာခိုင်နှုန်းလောက်က ချေးငွေကိုပြန်မဆပ်နိုင်ကြဘူး" ဟု တောင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏လုပ်ရပ်များနှင့်ပတ်သက်၍ ဗြိတိန်၊ ကနေဒါနှင့် ပြင်သစ်တို့ သတိပေး

စတားမာ၊ မက်ခရွန်နှင့် ကာနေးတို့သည် ပါလက်စတိုင်းများ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခံရရန် ခြိမ်းခြောက်နေသော နေတန်ယာဟုအစိုးရမှ ဝန်ကြီးများနှင့် အစ္စရေး၏ပိတ်ဆို့အရေးယူမှုများကို ပြစ်တင်ရှုတ်ချခဲ့သည်။

ငလျင်ဒဏ်သင့်အဆောက်အအုံများ လိုင်စင်ရအင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်

"ထောက်ခံချက်လုပ်ဖို့နေနေသာသာ ခုထိမဖြိုနိုင်သေးဘူး။ ပြန်ဆောက်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ဖြိုချတာတောင် ဘူဒိုဇာငှားရမ်းခမတတ်နိုင်လို့ မလုပ်နိုင်သေးဘူး။ ဖြိုချခက ဈေးအရမ်းကြီးတယ်"

YBS ၈၉ ယာဥ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်အုပ်စုက အမျိုးသားတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်

“နံနက်ရုံးချိန်ဆိုတော့ လူကလဲ တအားကြပ်ပါတယ်။ YBS ယာဥ်လိုင်းပေါ်မှာ ပေါ်တင်ကြီးနှိုက်ခံရပြီး ကိုယ့်ဖုန်းကိုယ်ပြန်ယူတာကို အုပ်စုဖွဲ့ပြီး ဝိုင်းဝန်းရိုက်လုတာသွားကြတာပါ။ အတူလိုက်ပါစီးနင်းတဲ့ ခရီးသည်တွေက ဝိုင်းပြောကြတော့ ဖုန်းအလုခံရတဲ့ကောင်လေးကို ယာဥ်လိုင်းပေါ်ကနေကန်ချပြီး အောက်ရောက်တော့ ခါးပိုက်နှိုက်အဖွဲ့က ဝိုင်းပြီးကန်ကျောက်ထိုးရိုက်ကြပါတယ်"

မန္တလေး-လားရှိုး လေကြောင်းခရီးစဉ်ကို ကနဦးပြေးဆွဲမည်

"လေကြောင်းလိုင်းတွေကတော့ ပြန်ပြေးဆွဲမယ်လို့ ကြေညာထားတယ်။ ရန်ကုန်-လားရှိုးကတော့ မရသေးဘူး။ မန္တလေး-လားရှိုးခရီးစဉ်ပဲရသေးတယ်။ ဘယ်နေ့ပြန်ပြေးဆွဲမလဲဆိုတာကိုတော့ အတိအကျမသိသေးဘူး"

သဘောတူညီချက်ရလျှင်လည်း ယူရေနီယံကို ဆက်လက်ဖြည့်တင်းမည်ဟု အီရန်ပြောကြား

ငြိမ်းချမ်းသောရည်ရွယ်ချက်အတွက် ယူရေနီယမ်ကို ဆက်လက်ဖြည့်တင်းရန် ၎င်း၏အခွင့်အရေးသည် ညှိနှိုင်း၍မရသော်လည်း ယူရေနီယံမည်မျှကြွယ်ဝပြီး မည်သည့်အဆင့်အထိ ယာယီကန့်သတ်ချက်များကို ဖွင့်ထားမည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

သမ္မတဟောင်း ဂျိုးဘိုင်ဒင် ပြင်းထန်သော ဆီးကျိတ်ကင်ဆာဖြစ်ပွားနေ

"ဒါက ရောဂါရဲ့ ပိုပြင်းထန်တဲ့ပုံစံကို ကိုယ်စားပြုပေမယ့် ကင်ဆာဟာ ဟော်မုန်းနဲ့ ထိရောက်တဲ့ကုသမှုကို ခွင့်ပြုပေးနိုင်တဲ့အခြေအနေ ဖြစ်ပုံပေါ်ပါတယ်။ သမ္မတနဲ့ သူ့မိသားစုက သူ့ရဲ့သမားတော်တွေနဲ့ ကုသမှုဆိုင်ရာ ရွေးချယ်မှုတွေကို ပြန်လည်သုံးသပ်နေပါတယ်"

အခွန်မဆောင်သည့် အေဂျင်စီများကို Black list သွင်းမည် ဟုဆို

"တချို့ကတော့ အလုပ်သမားမလွှတ်နိုင်လို့ မဆောင်နိုင်ကြဘူး။ တချို့အေဂျင်စီတွေကကျတော့ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းမပြည့်လို့ ရပ်ဆိုင်းခံရတာတွေရှိတယ်။ ဒါတွေကျတော့ အခွန်မဆောင်နိုင်ဘူး။ အေဂျင်စီတွေက လည်း အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတယ်။ ပြီးတော့ မူဝါဒက ခဏခဏပြောင်းနေတာ"