» သတင်း

မြန်မာနိုင်ငံ၏ သိသာထင်ရှားသည့်တိုးတက်မှုများကို မလေးရှားဝန်ကြီးချုပ်က အာဆီယံထိပ်သီးအစည်းအဝေးတွင် ချီးကျူး

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်နောက်ပိုင်း ဖြစ်ပေါ်လာသည့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန်နှင့် ရပ်တန့်နေသော ငြိမ်းချမ်းရေးအစီအစဉ်ကို တိုးမြှင့်လုပ်ကိုင်ရန် မလေးရှားက တနင်္ဂနွေနေ့တွင် တိုက်တွန်းလိုက်သည်ဟု မီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

ညောင်ချောင်းသာအနီးတွင် ကမ်းပါးပြိုပြီး လူ​နေအိမ် ၅၀ ​ကျော်ခန့် ပျက်စီးဆုံးရှုံး

“ညတွင်းချင်းမှာ ​​ရေနစ်​မြောပျက်စီးတဲ့​နေအိမ်နဲ့ ကမ်းပါးပြိုကျပြီး ပျက်စီး​ဆုံးရှူံးခဲ့ရတဲ့ ပြည်သူ​တွေကို ​ရေ​ဘေးလွတ်ရာကို အချိန်မီကယ်တင်​ပေးနိုင်ခဲ့ပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး ​ရေကြီး​ရေလျှံမှု​ကြောင့် ကမ်းပါး​ဘေး​နေအိမ်​တွေပျက်စီးခဲ့ရတာပါ”

လူဦးရေ ၁ ဒသမ ၅ သန်းအား အရေးကြီးသောအကူအညီများပေးနိုင်ခဲ့ဟု UNOCHA Myanmar ဆို

"ငလျင်ကြောင့် လူတွေက နေစရာမရှိရတဲ့ကြားထဲ တိုက်ပွဲတွေပါဖြစ်တော့ ပိုဆိုးသွားတာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသူတွေက ပိုပိုများလာတယ်။ နိုင်ငံတကာအကူအညီတွေကိုလည်း အကန့်အသတ်နဲ့သာ ခွင့်ပြုထားတယ်။ ရေရှည်မှာ နေရပ်စွန့်ခွာသူတွေက ပိုများလာနိုင်တယ်"

ဆီးရီးယားနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့မှုများကို အမေရိကန်ရုတ်သိမ်း

ယခုလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပင်လယ်ကွေ့ခရီးစဉ်တွင် ဆီးရီးယား၏ ဂျီဟတ်ဝါဒီအဖြစ်မှ ပြောင်းလဲလာသော ကြားဖြတ်သမ္မတ Ahmed al-Sharaa နှင့်တွေ့ဆုံပြီးနောက် သောကြာနေ့တွင် ပိတ်ဆို့အရေးယူမှုများကိုရုပ်သိမ်းသည့် ကြေညာချက်ကို တရားဝင်ထုတ်ပြန်ခဲ့သည်။

ကယ်ဆယ်ရေးထရပ်ကားများ လုယက်ခံရခြင်းသည် ဂါဇာစစ်ပွဲ၏ အရက်စက်ဆုံးအဆင့်ဖြစ်ကြောင်း ကုလအကြီးအကဲ ပြောကြား

ဂါဇာအရပ်ဘက်ကာကွယ်ရေးအေဂျင်စီမှ တာဝန်ရှိသူ မိုဟာမက်အယ်လ်မူဂါယိုင်ယာက အစ္စရေး၏လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇၁ ဦး သေဆုံးခဲ့ကြောင်း၊ ဒါဇင်နှင့်ချီသော ဒဏ်ရာရသူများနှင့် အပျက်အစီးများအောက်တွင် ပျောက်ဆုံးသူအများအပြားရှိနေသည်ဟု

မိုးသက်လေပြင်းတိုက်၍ တာဝါတိုင်နှစ်ခုပျက်စီး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသအချို့တွင်မီးပျက်နိုင် ဟုဆို  

ယနေ့နံနက် ၄ နာရီ ၂၂ မိနစ်အချိန်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်းသည် ထန်းတပင်မြို့နယ်၊ တံတားဦးကျေးရွာအနီး၊ တာဝါတိုင်အမှတ် ၉၁ နှင့် ၉၂ နှစ်တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် အရေးပေါ်ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နစကအစိုးရနှင့် နိုင်ငံတကာထိတွေ့ဆက်ဆံမှု ပိုမိုကျယ်ပြန့်လာစေရန် ထိုင်းနိုင်ငံကတွန်းအားပေးမည် ဟုဆို

“အပစ်အခတ်ရပ်စဲရေးဟာ အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်ပေမယ့် တစ်ဖက်သတ်လုပ်လို့မရပါဘူး” ဟု Mr Maris က Reuters သို့ ပြောကြားခဲ့သည်။ “အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေအတွက် စားပွဲဝိုင်းမှာ အမျိုးမျိုးသောပြဿနာတွေကို ဆောင်ကျဉ်းပေးနိုင်ဖို့လိုအပ်ပြီး ဒီအရာတွေကို ဖိအားမပေးဘဲ တွန်းအားပေးဖို့လိုပါတယ်။”

အခြေခံပညာကျောင်းသားများ၏ ကျူရှင်လခများ နှစ်ဆခန့်မြင့်တက်လာ  

ကျောင်းသား/သူမိဘများသည် ပြောင်းလဲသွားသည့် ပညာရေးစနစ်သစ်ကို လိုက်မီနိုင်ရန် ကလေးများကို ကုန်ကျစရိတ်များပြားသော်လည်း ကျောင်းအပြင် ပြင်ပကျူရှင်ကိုပါထားရခြင်းဖြစ်ကြောင်း သိရသည်။

ပုသိမ်တွင် ​ယာဥ်တိုက်မှု​ကြောင့် ​ကျောင်းဆရာမတစ်ဦး ​သေဆုံး

အိမ်စီးယာဥ်သည် အရှိန်လွန်ကာ ​အခြားမော်​တော်ဆိုင်ကယ်လေးစီးကို ဆင့်တိုက်မိပြီး​နောက် ပန်းဝါအပ်ချည်ဆိုင်ကို ထပ်ဆင့်ဝင်တိုက်ခဲ့​ရာ အပ်ချည်ဆိုင်အတွင်းမှလူများ ထိခိုက်မှုမရှိသော်လည်း ​စျေးဝယ်သူ ကျောင်းဆရာမတစ်ဦး ကို တိုက်မိခဲ့​​ကြောင်း သိရသည်။

ကျောက်ဆည်တွင် ​နေအိမ်မီးလောင်မှု​ကြောင့် ပညာရေးဝန်ထမ်း(ငြိမ်း) မိသားစုဝင်လေးဦး သေဆုံး

"မီး​လောင်မှုအားပြင်းပါတယ်။ တစ်နာရီကြာ မီးငြိမ်းသတ်ခဲ့ရပါတယ်။ မီး​လောင်မှုထဲမှာ အ​ပေါ်ထပ်မှာ သက်ကြီးအမျိုးသမီးနှစ်ဦးအ​လောင်းနဲ့ ​အောက်ထပ်က အမျိုးသမီးနှစ်ဦးအ​လောင်း ​တွေ့ရှိခဲ့ရပါတယ်​။ သက်ကြီးပိုင်း​တွေမို့ မီး​လောင်မှုထဲပိတ်မိသွားတယ် ထင်ပါတယ်။ မီး​လောင်မှုက ဝါယာလျော့ဖြစ်တာလို့ ယူဆရပါတယ်"