» သတင်း

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၅ လအတွင်း ယာဉ်တိုက်မှု ၃၃ မှုတွင် ၁၂ ဦး သေဆုံးပြီး ၁၃၈ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှု ၃၃ မှုနှင့် သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး၊ ကလေးငယ်များအပါအဝင် ၁၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အင်အားပြင်းငလျင်ကြောင့် လမ်းများပျက်စီးနေခြင်းကြောင့် ဂရုပြုစေလိုကြောင်း အမြန်လမ်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုင်းပင်လယ်ပြင်တွင် မြန်မာသင်္ဘောနစ်မြုပ်ပြီးနောက် ဖူးခက်ပန်းခြံမှ သန္တာကျောက်တန်းများအခြေအနေကို စိုးရိမ်နေ

အန်ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ကွပ်ကဲသည့် ထိုင်းရေကြောင်းကွပ်ကဲမှုဗဟိုဌာနက အဏ္ဏဝါဥယျာဉ်မှ ရေငုပ်သမားများနှင့် ထိုင်းတော်ဝင်ရေတပ်တို့ကို မြန်မာကုန်တင်သင်္ဘော ဧရာလင်း နစ်မြုပ်ရာဒေသရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန် တနင်္လာနေ့က စေလွှတ်ထားကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက် ၆ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရရှိ

“ကားက ဘယ်လိုမှောက်တယ်ဆိုတာတော့ မပြောတတ်ဘူး။ ကားပေါ်မှာ ဘယ်နှစ်ယောက်ပါတယ်ဆိုတာလည်း မသိရဘူး။ ဒဏ်ရာရတာနဲ့ သေဆုံးတာပဲသိရတယ်။ သေဆုံးတာက ကလေးတစ်ယောက်ပါတယ်။ စုစုပေါင်း ၆ ယောက်သေဆုံးတယ်။ ဒဏ်ရာရတာ ၁၁ ယောက်ဗျ။ ဒီနေ့မနက်အထိတော့ မိသားစုတွေနဲ့အဆက်အသွယ်ရတာတော့ မရှိသေးဘူး။”

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ရောက်ရှိနေ

"အခုကတော့ အိမ်တွေထဲရေတွေစဝင်နေပြီ။ မိုးက တစ်ရက်မှမတိတ်ဘူး။ တောက်လျှောက်ရွာတာ။ ဒီတိုင်းဆက်ရွာနေရင် မလွယ်ဘူး။ အခုတောင် ဘေးလွတ်ရာကိုစရွှေ့နေရပြီ။ စစ်ဘေးရှောင်လိုက် ရေဘေးရှောင်လိုက်နဲ့ ဘဝက မအေးချမ်းနိုင်ဘူး။"

မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွား လူဦးရေ ၁၅၀၀ ကျော် ရေဘေးလွတ် ရာသို့ ပြောင်းရွေ့နေရ

“လောလောဆယ် ခန့်မှန်းသလောက်ဆိုရင် အိမ်ခြေက ၄၀၀ ၊ ၅၀၀ လောက်ရှိမယ်။ မြေနိမ့်ပိုင်းတွေမှာပေါ့နော်။ လူဦးရေနဲ့ဆို ၁၅၀၀ လောက်ကျော်မယ်ဗျ။ နီးစပ်ရာတွေကို ပြောင်းရွှေ့ထားပါတယ်။ ရေက စိုးရိမ်ရေအမှတ်တော့ လောလောဆယ်မကျော်သေးဘူး။ ရပ်နေတယ်လို့ပြောရမယ်။ မနှစ်ကတော့ စိုးရိမ်ရေအမှတ်ကို ကျော်ခဲ့တယ်။”

ချန်ပီယံလိဂ်တွင် PSG အသင်းဗိုလ်စွဲပြီးနောက် ပြင်သစ်တွင် လူနှစ်ဦးသေဆုံးပြီး ရာနှင့်ချီဖမ်းဆီးခံရ

PSG ဘောလုံးအသင်းသည် ဥရောပကလပ်ဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အကြီးကျယ်ဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့သောကြောင့် အသင်းပရိသတ်များက မီးရှူးမီးပန်းများပစ်လွှတ်ခြင်း၊ ဘတ်စ်ကားအမိုးအကာများကို ဖြိုဖျက်ခြင်း၊ ကားများကိုမီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ငလျင်ဒဏ်ထိ အဆောက်အဦဖြိုချစဉ် ပြိုကျ၍ တစ်ဦးသေဆုံး

"တချို့မပြိုသေးတဲ့အဆောက်အဦတွေရှိတယ်။ ဒါပေမယ့် နေလို့မရတဲ့အနေအထားတွေပေါ့။ မိုးတွေရွာတဲ့အခါမှာ ငလျင်ဒဏ်ထိထားတဲ့ အဆောက်အဦတော်တော်များများက ပြိုကျသွားတာများတယ်။ မပြိုသေးတဲ့ဟာတွေဆိုရင် လူငှားပြီးဖြိုချရတာ။ အရမ်းအန္တရာယ်များတဲ့အနေအထားပေါ့။ မဖြိုနိုင်သေးတဲ့ အဆောက်အဦတွေလည်း အများကြီးကျန်သေးတယ်"

ကျောင်းအပ်နှံရာတွင် ကျောင်းသုံးဖတ်စာအုပ်များရရှိရန် ခက်ခဲနေ ဟုဆို

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းစနစ်ဖြင့် ကျင့်သုံးသွားမည်ဟု အသိပေးပြောကြားထားသော်လည်း ကျောင်းသား၊ ကျောင်းသူအများစုသည် ကျောင်းသုံးဖတ်စာအုပ်များ မရရှိကြောင်း၊ ထို့ကြောင့် ပြင်ပဈေးကွက်မှ ဈေးနှစ်ဆပေး၍ဝယ်ယူနေရကြောင်း သိရသည်။

ဗန်းမော်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၈၀,၀၀၀ ကျော် အကူအညီများလိုအပ်နေ

“အခုက မိုးရာသီထဲရောက်ပြီဆိုတော့လေ နေရာထိုင်ခင်းတွေ၊ စားနပ်ရိက္ခာရယ်၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေရယ်၊ ဆေးဝါးတွေရယ်၊ စောင်၊ ခြင်ထောင်၊ ဖျာတွေက အရေပေါ်လိုအပ်နေတာပေါ့နော်။ စစ်ရှောင်လာကြတာဆိုတော့ အိမ်ကနေအကုန်လုံးလည်း မသယ်လာနိုင်ကြဘူး။ ကိုယ်နိုင်သလောက်ပဲ ယူလာကြရတာ။”

ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ်ရှိ စစ်ဆေးရေးဂိတ် ၁၆ ခုကို ထိုင်းဘက်ကပိတ်ရန်စီစဉ်

နယ်စပ်တလျှောက်နေထိုင်သူများနှင့် နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများ လုံခြုံမှုရှိစေရေး ပိတ်သိမ်းရန်လိုအပ်သည်ဟု လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။