» သတင်း

ဂါဇာတွင် အစ္စရေး၏ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၆၀ သေဆုံး

ဇွန် ၁၂ ရက်၊ အရုဏ်မတက်မီအချိန်က ဂျူးအခြေချနေထိုင်ရာ Netzarim ရှိ အစားအသောက်ဖြန့်ဖြူးရေးစင်တာ အနီးတွင် ပါလက်စတိုင်း ၂၅ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်များစွာဒဏ်ရာရရှိခဲ့ကြောင်း Shifa နှင့် Al-Quds ဆေးရုံများမှ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။

လော့စ်အိန်ဂျလိစ်တွင် မရိန်းတပ်များဖြန့်ထားမည်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးအား ဖမ်းဆီးမည့်အကြံကို ထရမ့်ထောက်ခံ

ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့များ၏ စီးနင်းမှုများကို တုံ့ပြန်သည့်အနေနှင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် သမ္မတထရမ့်က စနေနေ့တွင် အမျိုးသားအစောင့်တပ်ကို ဖြန့်ကျက်ချထားခဲ့ခြင်းကြောင့် တင်းမာမှုများ ပိုမိုဖြစ်ပေါ်လာခဲ့သည်။

လမ်းမတော်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဓားပြတိုက်ခံရ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

"တိုက်ခန်းထဲမှာ မနက်အ​စောကြီးကို ပိုက်ဆံ ၇ သိန်းပါတဲ့ ပိုက်ဆံအိတ်ရယ်။ တယ်လီဖုန်းတစ်လုံးနဲ့ လက်ဝတ်ရတနာအချို့ပါသွားတယ်။ ဓားပြတိုက်သူ​တွေက အမျိုးသမီးကိုဓားနဲ့ယမ်းလို့ အမျိုးသမီးရဲ့ဘယ်ဘက်လက်နဲ့ ညာဘက်လက်​တွေမှာ ဓားဒဏ်ရာများစွာရရှိခဲ့ပါတယ်။"

မလေးရှားနိုင်ငံ အမြန်လမ်းတစ်ခုတွင် ဘတ်စ်ကားတိမ်းမှောက် တက္ကသိုလ်ကျောင်းသား ၁၅ ဦး သေဆုံး

Sultan Idris Education University မှ ကျောင်းသား ၁၅ ဦး သေဆုံးခဲ့ကြောင်း အဆင့်မြင့်ပညာရေးဝန်ကြီးဌာန မှ တနင်္လာနေ့တွင်အတည်ပြုပြောကြားခဲ့ပြီး ကလန်တန်မြို့ရှိ ဂျီလီနှင့် ပီရတ်ကို ဆက်သွယ်ပေးသည့် အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် ဟုဆို

"အခု ရန်ကုန်ကိုစစ်ရှောင်လာတဲ့သူတွေရှိတယ်။ သူတို့ရဲ့စာရင်းကိုကောက်ယူနေတယ်။ အဲဒါက မဲပေးဖို့အတွက်။ ရခိုင်ကစစ်ရှောင်လာတယ်ဆိုရင် ရခိုင်ပြည်နယ်ကိုယ်စားပြုဝင်ပြိုင်တဲ့သူတွေကို မဲပေးခွင့်ရအောင်ပေါ့"

မြန်မာနိုင်ငံသားများ အမေရိကန်သို့ ခရီးသွားလာခွင့်ပိတ်လိုက်ခြင်းကြောင့် DV Lottery ပေါက်ထားသူများ အခက်အခဲဖြစ်နေ

"DV ပေါက်တော့ ဒီမှာပိုင်ဆိုင်သမျှ အကုန်ရောင်းလိုက်တာပေါ့။ ကလေးတွေကိုလည်း ကျောင်းကထုတ်လိုက်တယ်။ အခု အမေရိကန်က ဗီဇာပိတ်လိုက်တော့ ဘဝပျက်ကုန်တာပေါ့။ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ပါဘူး"

ဗိုလ်တထောင်တွင် မီးခိုး​ငွေ့​ကြောင့် အသက်ရှုကြပ်ပြီး အမျိုးသမီးနှစ်ဦး ​သေဆုံး

"​သေဆုံး​နေတဲ့ ​နေအိမ်ခန်းထဲမှာ အဲယားကွန်းဖွင့်ပြီးအိပ်​ပျော်​နေတဲ့ အမျိုးသမီးနှစ်ဦးက ဟင်းအိုးတည်ထားတယ်။ အဲဒီဟင်းအိုးက​နေ တူးပြီးထွက်လာတဲ့ မီးခိုး​ငွေ့​တွေ​ကြောင့် ​သေဆုံးခဲ့ကြတာပါ။ ဟင်းအိုးချက်ပြီး မီးမပိတ်မိလို့ ဖြစ်တာလို့ ယူဆလို့ရပါတယ်"

မက်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားပြီဟု ထရမ့်ကပြောကြား၊ ဒီမိုကရက်များကို ငွေကြေးထောက်ပံ့ပါက ပြင်းထန် သောအကျိုးဆက်များကို ဖြစ်ပေါ်လာမည်ဟု ထရမ့်ဆို

ထရမ့်၏ အခွန်ကောက်ခံမှုနှင့် အသုံးစရိတ်ဥပဒေကြမ်းကို "ရွံရှာဖွယ် စက်ဆုပ်ဖွယ်" အဖြစ် အီလွန်မက်စ်က ရှုတ်ချသောကြောင့် ယခုသီတင်းပတ်တွင် မက်စ်နှင့် ထရမ့်တို့ အပြန် အလှန်ရန်လိုမှုများ ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘောဒီးယားနယ်စပ်ဖွင့်ချိန်ကို ထိုင်းနိုင်ငံက ကန့်သတ်ထားပြီး နယ်စပ်ဖြတ်ကျော်မှုအချို့ကို ပိတ်ပင်ထား

ကမ္ဘောဒီးယားနိုင်ငံ၏ ပိုင်နက်နယ်မြေကို ကျူးကျော်ပြီး ၎င်းတို့၏စစ်သားများကို ပစ်ခတ်တိုက်ခိုက်နေကြောင်း ကမ္ဘောဒီးယားက ဆက်လက်စွပ်စွဲနေသောကြောင့် စနေနေ့ညနေတွင် အဆိုပါအစီအမံကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လော့စ်အိန်ဂျလိစ်တွင် ICE ဆန့်ကျင်ရေး ဆန္ဒပြပွဲများကိုချေမှုန်းရန် ဒေါ်နယ်ထရမ့်က အမျိုးသားစောင့်တပ်ကို ဖြန့်ကျက်ထား

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်စည်းကြပ်ရေးအေးဂျင့်များက ရွှေ့ပြောင်းနေထိုင်သူအများအပြားအား ဖမ်းဆီးမှုများကိုဆန့်ကျင်သည့် ဆန္ဒပြမှုများနှင့် ရုန်းရင်းဆန်ခတ်မှုများကိုဖြိုခဲ့ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမျိုးသားစောင့်တပ်သား ၂၀၀၀ ချထားရန် အမိန့်ပေးခဲ့သည်။