» သတင်း

အီရန်နှင့် အစ္စရေးတို့ တတိယမြောက်နေ့အဖြစ် အပြန်အလှန်တိုက်ခိုက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နျူကလီယားသဘောတူညီချက်အသစ်ကိုလက်ခံမှသာ အီရန်သည် နောက်ထပ်ပျက်စီးခြင်းများကို ရှောင်ရှားနိုင်မည်ဟုပြောကြားကာ အစ္စရေး၏လုပ်ရပ်ကို အပြည့်အဝထောက်ခံကြောင်း ပြသခဲ့သည်။

မအူပင်တွင် လူနာတင်ဆောင်လာသည့် လိုက်ထရပ်ကားနှင့် အိမ်စီးကားတို့တိုက်မိပြီး နှစ်ဦး​သေဆုံး

"ပန်းတနော်မြို့ကနေ မအူပင်မြို့နယ်မှာ လူနာကိုဆေးခန်းပြဖို့ လိုက်ထရပ်ကားနဲ့လာကြသူတွေပါ။ အခု ကားတိုက်မှုကြောင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးနဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ​နေရာမှာပဲ​သေဆုံးသွားကြပါတယ်"

ရွှေကုန်သည်များ စစ်ဆေးမေးမြန်းခံနေရခြင်းကြောင့် ရွှေအရောင်းအဝယ်ပိတ်ထား

ရွှေဈေးမြင့်တက်ချိန်တွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများရှိနိုင်ခြင်းကြောင့် ရွှေဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန်၊ လိုင်စင်မဖြစ်မနေပြုလုပ်ရန် သတိပေးထားမှုများရှိနေသည်။

အစ္စရေးနှင့် အီရန်တို့၏ စစ်ရေးပဋိပက္ခကို အလွယ်တကူအဆုံးသတ်နိုင်သည်ဟု ထရမ့်ဆို

"အီရန်နဲ့ အစ္စရေးကြား သဘောတူညီချက်ကို အလွယ်တကူရနိုင်ပြီး ဒီသွေးထွက်သံယိုပဋိပက္ခကို အဆုံးသတ်နိုင်ပါတယ်။" ဟု ထရမ့်ကပြောသော်လည်း ဖြစ်နိုင်ချေရှိသည့် သ ဘောတူညီချက်နှင့်ပတ်သက်၍ အသေးစိတ်ပြောကြားခြင်းမရှိချေ။

ပြင်ပငွေကြေးဈေးကွက် အရောင်းအဝယ်ခေတ္တရပ်နားထား ဟုဆို

"အရောင်းကတော်တော်များနေတယ်။ အဝယ်မရှိဘူး။ တချို့တွေက ဝယ်စုထားပြီး ဈေးတတ်မှထုတ်ရောင်းတော့ ဈေးကပိုတတ်တယ်။ ခုချိန်မှာ ဘယ်သူမှ အရောင်းအဝယ်မ လုပ်ရဲဘူး။ အခြေအနေက ဘာမှန်းမသိလို့" ဟု Money Changer လုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထရမ့်၏ စစ်ရေးပြချီတက်ပွဲ၊ ‘No Kings’ ဆန္ဒပြပွဲများနှင့် ပတ်သက်သမျှ

ချီကာဂို၊ နယူးယောက်၊ ဖီလာဒဲလ်ဖီးယား၊ ချားလော့၊ အတ္တလန်တာ၊ ဟူစတန်နှင့် ဖီးနစ်မြို့များအပါအဝင် မြို့ကြီးများတွင် ချီတက်ပွဲများကို အဓိကစီစဉ်ထားသည်။ အလာစကာမှ ဖလော်ရီဒါအထိ ပြည်နယ် ၅၀ လုံးတွင် ဆန္ဒပြရန်စီစဉ်ထားသည်။ ထရန့်၏ အမာခံနယ်မြေနှစ်ခုဖြစ်သည့် တက္ကဆက်နှင့် ဖလော်ရီဒါတို့တွင်လည်း…

အီရန်က ဒုံးကျည်အများအပြားနှင့် အစ္စရေးကို တုံ့ပြန်တိုက်ခိုက်

အီရန်၏ ကြီးမားသော Natanz မြေအောက်နျူကလီးယားနေရာကို အစ္စရေးကဗုံးကြဲပြီး၊ ၎င်းတို့၏စစ်ဘက်ဆိုင်ရာ ထိပ်တန်းတပ်မှူးများသေဆုံးပြီးနောက် တီဟီရန်က ရာနှင့်ချီသော ပဲ့ထိန်းဒုံးကျည်များကို အစ္စရေးသို့ပစ်လွှတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်သတင်းအေဂျင်စီ IRNA က ပြောကြားသည်။ နျူကလီးယားအစီအစဉ်သည် ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက်သာဖြစ်ကြောင်း အီရန်ကပြောကြားသည်။

ဗုံးခြိမ်းခြောက်မှုကြောင့် Air India လေယာဉ် ထိုင်းနိုင်ငံတွင်အရေးပေါ်ဆင်းသက်ခဲ့ရ

ပဏာမရှာဖွေမှုအပြီးတွင် လေယာဉ်ပေါ်တွင် ဗုံးတစ်လုံးမှမတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ သို့သော် ဗုံးခြိမ်းခြောက်မှုပါရှိသည့်စာရွက်ကို တွေ့ရှိခဲ့သည်။ အ ဆိုပါအခြေအနေနှင့်ပတ်သက်ပြီး ခရီးသည်တစ်ဦးကို စစ်ဆေးမေးမြန်းနေကြောင်း တာဝန်ရှိသူက ဆက်လက်ပြောသည်။

အီရန်ကို အစ္စရေး၏တိုက်ခိုက်ခြင်းနှင့် ပတ်သက်သမျှ နောက်ဆုံးရအခြေအနေများ

အီရန်နိုင်ငံအနောက်မြောက်ပိုင်းရှိ စစ်ဘက်သုံးနေရာအား တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအစောင့်တပ်အကြီးအကဲ ဟိုစိန် ဆလာမီနှင့် လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲ မိုဟာမက် ဘဂ်ဟာရီတို့ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာကအတည်ပြုခဲ့သည်။

အွန်လိုင်းကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းမပြုလုပ်ရ ဟုဆို

"တချို့ကရှိတယ် ကံစမ်းမဲဖောက်ပြီး ရွှေရောင်းကြတယ်။ ပြဿနာတွေလည်းတက်ကြတယ်။ အစုံပေါ့။ အဲဒါတွေမလုပ်ဖို့ပေါ့။ နောက်တစ်ခုက ရွှေဆိုင်လိုင်စင်ကို မဖြစ်မနေလုပ်ဖို့။ အွန်လိုင်းကပဲရောင်းရောင်း၊ ဆိုင်နဲ့ပဲရောင်းရောင်း လိုင်စင်လျှောက်ရမယ်။"