» သတင်း

ထိုင်းစစ်တပ်က နယ်စပ်စစ်ဆေးရေးဂိတ်များကို ထိန်းချုပ်

သို့သော် ကမ္ဘောဒီးယားသည် အငြင်းပွားနယ်မြေများမှ တပ်ဖွဲ့ဝင်များရုပ်သိမ်းရန် ထိုင်းနိုင်ငံ၏တောင်းဆိုမှုကို ပယ်ချခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် ၎င်း၏ကာကွယ်ရေးကို အား ကောင်းစေရန် လုပ်ဆောင်မည်ဟု ကာကွယ်ရေးဝန်ကြီး ဖမ်သမ် ဝချ်ရာချိုင်းက စနေနေ့တွင် ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်တွင် လူဝင်မှုကြီးကြပ်ရေး၏ ဖမ်းဆီးမှုများကြောင့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့

သောကြာနေ့အစောပိုင်းတွင် အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြပ်မတ်ရေး(ICE) အေးဂျင့်များသည် လော့စ်အိန်ဂျလိစ်မြို့တလွှား ဖမ်းဆီးစစ်ဆေးမှုအတွင်း လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရွေးကောက်ပွဲအတွက် ကြားဖြတ်အစိုးရဖွဲ့စည်းရန် ပြင်ဆင်နေ ဟုဆို

"ရွေးကောက်ပွဲအတွက်ကို ကာ/လုံကပဲ ကြားဖြတ်အစိုးရဖွဲ့မှာ။ ဩဂုတ်လမှာပေါ့။ သက်တမ်းက နောက်လဆိုပြည့်ပြီ။ နစကဥက္ကဌကလည်း ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကတိပေးထားပြီးပြီဆိုတော့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လုပ်သွားမှာပါ"

ငလျင်ဒဏ်သင့်အဆောက်အဦးများ ဖြိုဖျက်နေစဉ် တိုက်ပိသေဆုံးသူများပြား ဟုဆို

"တစ်ယောက်ကို တစ်ရက်တစ်သိန်းနဲ့ တိုက်တွေကိုဖြိုချဖို့ လူတွေခေါ်ကြတယ်။ တစ်ရက်တစ်သိန်းဆိုတော့ လုပ်ကြတယ်။ သူတို့က လူအင်အားနဲ့ဖြိုချတာ။ မိုးရွာထားတော့ တိုက်တွေက ဖြိုချနေတဲ့အရှိန်နဲ့ ရုတ်တရက်ပြိုကျပြီး အုတ်ပိပြီးသေကြတာ။ အဲဒါနေ့တိုင်းပဲ။ ဒီသတင်းကို ဘယ်သူမှမထုတ်ရဲဘူး။"

ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်

ကြေညာချက်သည် ဇွန်လ ၉ ရက်၊ နံနက် ၁၂ နာရီ၊ အရှေ့တိုင်းစံတော်ချိန်တွင် အကျုံးဝင်သည်။ အဆိုပါနေ့မတိုင်မီ ထုတ်ပေးထားသည့်ဗီဇာများကို ရုတ်သိမ်းမည်မဟုတ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။

ကမ္ဘောဒီးယားက တိုက်ခိုက်မည်ဆိုပါက အသင့်ရှိနေမည်ဖြစ်သော်လည်း  ငြိမ်းချမ်းရေးကိုလိုလားကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား

“ထိုင်းနိုင်ငံသားတွေအားလုံးရဲ့ လုံခြုံရေးကို သေချာပြင်ဆင်ထားပြီ၊ တိုက်ပွဲဖြစ်ရင် ရင်ဆိုင်ဖို့အဆင်သင့်ပါပဲ။ အားလုံးပြင်ဆင်ထားပေမယ့် ငြိမ်းချမ်းတဲ့နည်းလမ်းကို ရွေးချယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသူနိုင်ငံသားတွေ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှု ဒါမှမဟုတ် ထိခိုက်သေဆုံးမှုတွေ မဖြစ်စေချင်တာကြောင့် အခုလိုရွေးချယ်တာပါ။”

အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တရုတ်နိုင်ငံသို့ ဗီဇာမလိုဘဲသွားရောက်နိုင်

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား မကြာခဏလာရောက်လည်ပတ်မှုများနှင့်အတူ အဆိုပါအစီအစဉ်သစ်သည် ဒေသတွင်း နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်လုပ်ငန်းများစတင်ဆောင်ရွက်နေ ဟုဆို

"ဘဏ်ဝန်ဆောင်မှုက ရနေပြီ။ သတ်မှတ်ထားတဲ့ရက်အတိုင်း ပင်စင်သမားတွေကိုလည်း ပင်စင်ထုတ်ပေးသွားမယ်ပြောတယ်။ အဲဒီမှာမှ တိုက်ပွဲတွေကြောင့် မထုတ်ပေးခဲ့တဲ့ ကာလတွေအတွက်ပါ ပေါင်းပြီးထုတ်ပေးသွားမယ်လို့သိရတယ်။ အခြေအနေကတော့ ငြိမ်ပါတယ်။ လက်ရှိအချိန်ထိတော့။ ဒါပေမယ့် ခိုးဆိုးလုနှိုက်တွေတော့ ပေါလာတယ်။"

ကျောင်းကုန်းတွင် ခရီးသည်တင်ယာဥ်တစ်စီးတိမ်း​မှောက် လူတစ်​ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရ

"ခရီးသည်တင် မှန်လုံယာဥ်က အရှိန်မထိန်းနိုင်တာ​ကြောင့် တိမ်း​မှောက်သွားတာပါ။ ယာဥ်​ပေါ်လိုက်ပါလာတဲ့ ခရီးသည် ၁၂ ဦးအနက်မှာ တစ်ဦးက ​နေရာမှာပဲ​သေဆုံးသွားပါတယ်။ ကျန် ၁၁ ဦးက ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ လက်ရှိ​တော့ ​ကျောင်းကုန်းပြည်သူ့​ဆေးရုံကြီးကို ပို့​ဆောင်​ပေးထားပါတယ်။"

Iron Cross ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် ဂစ်တာတစ်လုံး ကျပ်သိန်း ၂၀၀ ဖြင့် လေလံအောင်

"အခု​လေလံပွဲမှာ ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူ​ထောင်​ရေးအတွက် Iron Cross အဖွဲ့ရဲ့ ​ဟော်လိုဂစ်တာကို ​လေလံပစ်ရာမှာ ကျပ်သိန်း ၂၀၀ နဲ့ လေလံအောင်ခဲ့တာပါ။ ဒီ​လေလံ​အောင်ခဲ့​တော့ အတိုင်းမသိ ဝမ်း​မြောက်ပီတိဖြစ်ရပါတယ်။ ငလျင်လှုပ်ခတ်မှု​ကြောင့် ထိခိုက်ဆုံးရှုံးမှု​တွေအတွက် မိသားစု​တွေနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်"