» သတင်း

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ၌ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရရှိ​ရေး တောင်းဆို​

"အလုပ်သမား​တွေရဲ့ အ​ခြေခံလုပ်ခလစာ တစ်ရက် ၁၃,၀၀၀ ကျပ်နဲ့ အချိန်ပို​ကြေး ၂၅၀၀ ကျပ်ရရှိ​ရေးအတွက် တိုးမြှင့်​တောင်းဆိုခဲ့တာပါ။ အထည်ချုပ်ဝန်ထမ်းအားလုံး လုပ်ငန်းခွင်ထဲ ဝင်​ရောက်ရှိခြင်းမရှိခဲ့ပါဘူး၊ လက်ရှိအချိန်ထိ အလုပ်ရှင်ဘက်က ​တွေ့ဆုံညှိနှိုင်းမှု မရှိ​သေးပါဘူး"

အမေရိကန်နိုင်ငံရှိ တရုတ်ကျောင်းသားများ အဆင်ပြေမည်ဟု ဒေါ်နယ်ထရမ့် ဆို

ဟားဗတ်တက္ကသိုလ်သည် ဝင်ခွင့်လက်ခံခြင်းမှ အလုပ်ခန့်ခြင်းအထိ ကျယ်ပြန့်သောကိစ္စရပ်များစွာတွင် ၎င်းတို့၏မူဝါဒများကိုပြောင်းလဲရေးအတွက် အထက်တန်းလွှာအဖွဲ့အစည်းများကို အတင်းအကျပ်ဖိအားပေးရန် ထရမ့်၏ကြိုးပမ်းအားထုတ်မှုများကို တွန်းလှန်ခဲ့ပြီးနောက် ဟားဗတ်တက္ကသိုလ်သည် အဆိုပါလှုပ်ရှားမှု၏ အဓိကပစ်မှတ်ဖြစ်ခဲ့သည်။

ရန်ကင်းတွင် မီး​လောင်မှု​ကြောင့် ​နေအိမ်နှစ်လုံး မီးကူးစက်​လောင်ကျွမ်း

"ကားဝင်လို့မရတဲ့လမ်းမှာ မီး​လောင်တာပါ။ မီး​လောင်မှု​ဖြစ်စဥ်ကို စုံစမ်းစစ်​ဆေး​နေဆဲပါ။ မီး​လောင်မှု​ကြောင့် ​ဘေး​နေအိမ်နှစ်လုံးလဲ ကူးစက်​လောင်ကျွမ်းခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးက စစ်​ဆေး​နေဆဲပါ" ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

စစ်အုပ်ချုပ်ရေးနောက်ပိုင်း တောင်ကိုရီးယား၏ အစောပိုင်းမဲပေးမှု စံချိန်တင်

အသက် ၃၈ နှစ်အရွယ်ရှိသူက တစ်နာရီနီးပါးစောင့်ဆိုင်းခဲ့ရသော်လည်း ၎င်းသည်ထိုက်တန်သည်ဟု AFP ကိုပြောကြားသည်။ “စစ်အုပ်ချုပ်ရေးဥပဒေက ခေါင်းဆောင်ကောင်းကိုရွေးချယ်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြသခဲ့တယ်။ ပြီးတော့ တခြားသူတွေလည်း ဒီလိုပဲခံစားရတယ်လို့ ထင်ပါတယ်။” ဟု ၎င်းကဆက်ပြောသည်။

ဖျာပုံတွင် မြစ်ရေမြင့်တက်လာခြင်းကြောင့် မြစ်ကမ်းပါးပြိုကျပြီး လူ​နေအိမ်အချို့ပျက်စီး

“မုန်တိုင်းငယ်ဝင်​ရောက်လို့ လှိုင်းလုံးကြီးပြီး လူ​နေအိမ်အချို့ ပြိုပျက်ကျခဲ့တယ်။ ပင်လယ်​ရေလှိုင်းဒဏ်​ကြောင့် ကမ်းပါးပြိုကျတယ်။ ဒါ့အပြင် လူ​​နေအိမ်အချို့လဲ ပြိုပျက်သွားပါတယ်။ သောင်ပြင်မှာဆောက်ထားတဲ့ တချို့အိမ်တွေဆိုလည်း အိမ်လုံးကျွတ်ရေထဲမျောကြတယ်"

ကိုဗစ် ၁၉ မျိုးကွဲသစ် ကူးစက်ခံရသူ မြင့်တက်လာ၍ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံရန် တိုက်တွန်း

ကိုဗစ်မျိုးကွဲရောဂါလက္ခဏာသည် အနံ့အရသာပျောက်ခြင်း ၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေလက်ကိုက်ခဲခြင်း၊ နှာ ရည်ယိုနှာစီးခြင်း၊ ချောင်းဆိုး၊ လည်ချောင်းနာသည့်အပြင် ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

သက်ဆင်၏ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စွပ်စွဲချက်များကို ‘ဝ’စစ်တပ်ပယ်ချ

“စွပ်စွဲချက်တစ်ခုသာဖြစ်ပါတယ်။ “သူတို့တောင်းဆိုချက်အတွက် သက်သေအထောက်အထားပြဖို့လိုတယ်။ ကျနော်တို့က မူးယစ်ဆေးဝါးကို တိုက်ဖျက်နေတယ်။ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းသိတယ်။ မူးယစ်ဆေးဝါးကို ဆက်တိုက် တိုက်ဖျက်နေတာ”

အစ္စရေးထံ လက်နက်ရောင်းချမှုကို အဆုံးသတ်ရန် ပေါ့ပ်စတား ​​Dua Lipa က ဗြိတိန်အစိုးရကို တိုက်တွန်း

ဂါဇာကမ်းမြောင်တလွှား လူသားချင်းစာနာထောက်ထားမှု အပြည့်အဝရရှိရေး၊ ချက်ချင်းနှင့် အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို ပူးပေါင်းပါဝင်ရန်နှင့် အစ္စရေးသို့ လက်နက်ရောင်းချမှုအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် လက်မှတ်ရေးထိုးထားသည့်အဖွဲ့များက ဗြိတိန်အစိုးရကို တိုက်တွန်းထားသည်။

ကမ္ဘာ့ရွှေ‌ဈေးနှင့်အတူ ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ် ၇၆ သိန်းကျော်လာ

"ကမ္ဘာ့ရွှေဈေးတတ်လို့ ပြည်တွင်းရွှေဈေးကတတ်တာ။ ရွှေဈေးတတ်တော့ အရောင်းများတယ်။ တစ်နေ့ကို ၅ ပိဿာလောက်ရှိမယ်။ အရောင်းများတယ်၊ အဝယ်နည်းတယ်" ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မန္တလေးမှ Cowboy Music Bar မီးလောင်မှုဖြစ်ပွား လေးဦးသေဆုံး

"နယ်မြေခံမီးသတ်က သွားငြိမ်းတာ။ ဆယ်မိနစ်လောက်ကြာတော့ မီးထိန်းနိုင်ခဲ့တယ်။ မီးလောင်ရတဲ့အကြောင်းရင်းကို သေချာမသိသေးဘူး။ စစ်နေတုန်း။ ဆုံးရှုံးမှုတန်ဖိုးကတော့ ပြီးမှပြောလို့ရမယ်။ မီးခိုးမွှန်ပြီး သေဆုံးတာပါ"