» သတင်း

ထိုင်းဘုန်းကြီးတစ်ပါး၏ ဘတ်ငွေသန်း ၃၀၀ အလွဲသုံးစားမှုအတွက် ဘဏ်စာရင်းအများအပြားကို ရဲကစစ်ဆေး

၎င်းသည် ဘုရားကျောင်း၏ဘဏ်စာရင်းများမှ ဘတ်ငွေသန်း ၃၀၀ ကို အလွဲသုံးစားလုပ်ပြီး၊ အွန်လိုင်းလောင်းကစားသမားဟု စွပ်စွဲခံထားရသော အမျိုးသမီးတစ်ဦးထံ အလွဲသုံးစားလုပ်ထားသောငွေများကို လွှဲပြောင်းပေးခဲ့သည်ဟု သံသယရှိခဲ့သည်။

ထိုင်းသစ်သီးဝလံများ ရောင်းအားမြှင့်တင်ရေးတွင် အဆိုတော် Lisa ဦးဆောင်ရန် လုပ်ငန်းရှင်များ တောင်းဆို

လယ်သမားများသည် နယ်စပ်စစ်ဆေးရေးဂိတ်များတွင် အကောက်ခွန်ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားပြီး၊ တင်ပို့မှုမှာ ၁၂ ရက်အထိ နှောင့်နှေးကြန့်ကြာမှုများရှိနေသည်။ ၎င်းတို့သည် အလေးချိန်နှင့် အရည်အသွေးကို ထိခိုက်စေသည့် ဒူးရင်းသီးများကို အချိန်မစေ့ဘဲရိတ်သိမ်းခြင်းမှကာကွယ်ရန် ပိုမိုရှင်းလင်းသော စည်းမျဉ်းများကို ရှာဖွေခဲ့ကြသည်။

မန္တလေးတွင် ယာယီရွက်ဖျင်တဲ​​ပေါ် ကုက္ကိုလ်ပင်လဲကျ သားအဖနှစ်ဦးသေဆုံး

အဘယာရာမရွှေဂူကျောင်းတိုက်ရှိ ငလျင်ဘေးသင့် ယာယီကယ်ဆယ်​ရေးရွက်ဖျင်တဲ​​​နေ ​​လေးနှစ်ဝန်းကျင်က​လေးငယ်တစ်ဦးနှင့် အသက် ၄၀ နှစ်(ခန့်မှန်း)အရွယ်ဖခင်တို့ ​နေရာ၌ သေဆုံးသွား​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ​မေ ၁၈ ရက်​နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

မက္ကဆီကိုရေတပ်သင်္ဘော ဘရွတ်ကလင်းတံတားကိုဝင်တိုက် နှစ်ဦးသေဆုံး

စုစုပေါင်း လူ ၂၇၇ ဦးလိုက်ပါခဲ့သည့်သင်္ဘောပေါ်မှ လူနှစ်ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့ကာ ၎င်းတို့အနက်နှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း နယူးယောက်မြို့၊ မြို့တော်ဝန် အဲရစ် အဒမ်စ်က X တွင် ရေးသားထားသည်။

ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၅၀ သေဆုံး

ညလုံးပေါက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဂျာဘာလီယာမြို့နှင့် ဒုက္ခသည်စခန်းတွင် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည်။ သေဆုံးသူများထဲတွင် ကလေး ၂၂ ဦးနှင့် အမျိုး သမီး ၁၅ ဦး ပါဝင်ခဲ့ကြောင်း အင်ဒိုနီးရှားဆေးရုံက သတင်းထုတ်ပြန်သည်။

လားရှိုးလေဆိပ် ယခုလအတွင်း ဖွင့်လှစ်ရန်ပြင်ဆင်နေ

"ဒီလထဲတော့ ပြန်ဖွင့်မယ်လို့ပြောတယ်။ အဲဒီအတွက် သူတို့ဆွေးနွေးနေကြတယ်။ ကုန်းလမ်းထက်စာရင် ‌လေကြောင်းကနည်းနည်း safe ဖြစ်တယ်။ ကုန်ကျတာကလွဲလို့" ဟု လားရှိုးမြို့ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဘန်​ကောက်တွင် ငလျင်ဒဏ်ကြောင့် ဆောက်လက်စ စာရင်းစစ်ရုံးပြိုကျမှု၌ တာဝန်ရှိသူ ၁၇ ဦးအား ဖမ်းဝရမ်းထုတ်မည်

အစိုးရစာရင်းစစ်ရုံး အထပ် ၃၀ ရှိ ရုံးအဆောက်အဦဒီဇိုင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး စာရွက်စာတမ်းများနှင့် သက်သေခံအထောက်အထားများကို မြို့တော်ရဲဗျူရို(MPB)က ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဖမ်းဝရမ်းထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင်ဖော်ပြခဲ့​သည်။

မြန်မာ့စိန်တလုံးသရက်သီး ပြည်ပဈေးကွက်ပျောက်ဆုံးနေ

"စိန်တလုံးသရက်တွေက လှိုင်လှိုင်ပေါ်တော့မယ်။ သူက ပြည်တွင်းဈေးကွက်မှာ ဈေးကောင်းတော့ရတယ်။ ဝယ်လိုအားကျနေတယ်။ ပြည်ပဈေးကွက်ကျတော့ မရှိဘူး။ ဒီရာသီမှာမှ ပြည်ပဈေးကွက်မရှိရင် ဈေးကွက်ပျောက်တော့မှာ။ မိမိတို့အပိုင် ဈေးကွက်ဝေစုကြီး ဆုံးရှုံးရနိုင်ချေရှိတယ်။ အခြားနိုင်ငံတွေရဲ့ သရက်သီးပို့ကုန်ဈေးကွက်က လွှမ်းမိုးသွားလိမ့်မယ်"

အိန္ဒိယ-ပါကစ္စတန် ထိပ်တန်းစစ်ဘက်အရာရှိများ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပြုလုပ်မည်

အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေးကို စနေနေ့တွင်ကြေညာခဲ့ပြီး “လူများစွာသေဆုံးစေကာ အများအပြားပျက်စီးစေမည့် ရန်စမှုများကို ရပ်တန့်ရန်အချိန်တန်ပြီ” ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

ဗီယက်နမ်နှင့် ရုရှားတို့သည် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် သဘောတူညီချက်ရရှိ

"အဆင့်မြင့်နည်းပညာဖြင့် စက်ရုံများဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများနှင့်အညီ တင်းကြပ်စွာလိုက်နာမည်"