» သတင်း

ငလျင်ကြောင့် ပျက်စီးသွားသည့် ‌စာသင်ကျောင်းများကို ဦးစားပေးပြုပြင်မည်

"ကျောင်းတွေကို ဦးစားပေးပြုပြင်သွားမယ်လို့ ကနဦးသိရတယ်။ ကျောင်းတွေက ဇွန်လဆိုတတ်ရပြီလေ။ အခုဆို အငယ်တန်း‌ကလေးတွေရဲ့ အောင်စာရင်းကိုတောင်မထွက်နိုင်သေးဘူး" ဟု အထက်တန်းပြကျောင်းဆရာမတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

တပ်နှင့် ဝန်ထမ်းအချို့ လားရှိုးမြို့သို့ ဝင်ရောက်နေပြီ ဟုဆို

"မနေ့ကတော့ သူတို့တွေတွေ့ကြတယ်။ အုပ်ချုပ်မှုအပိုင်းကို ဆွေးနွေးကြတယ်လို့ ပြောတယ်။ MNDAA ဘက်ကလည်း အုပ်ချုပ်မယ်။ သူတို့ကတော့ မြို့ပြင်ကနေအုပ်ချုပ်မယ်။ တချို့လမ်းတွေတော့ သူတို့ပြန်ဝင်လာလို့ ပိတ်ထားတာရှိတယ်။ ရှေ့ဆက်ဘယ်လိုလာမလဲမသိပါဘူး"

ငလျင်ကယ်ဆယ်ရေးအတွက် မလေးရှား၀န်ကြီးချုပ်နှင့် မြန်မာစစ်ဦးစီးချုပ် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံကို တုန်လှုပ်ချောက်ချားစေသည့် ငလျင်လှုပ်ခတ်မှုအပြီး ၃ ပတ်အကြာတွင် ထွက်ပေါ်လာသည့် အဆိုပါတွေ့ဆုံမှုသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)မှ ခေါင်းဆောင်တစ်ဦးတို့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ရှားရှားပါးပါးတွေ့ဆုံမှုဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် နစကကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

“အပစ်အခတ်ရပ်စဲရေးမရှိရင်၊ မလိုအပ်တဲ့ရန်စမှုတွေ ရှိလာနေရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုလုံး ပျက်သွားမှာပါ” ဟု အန်ဝါက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အကောက်ခွန်ဆိုင်ရာညှိနှိုင်းမှုများကိုအသုံးပြုပြီး တရုတ်နိုင်ငံကို သီးခြားခွဲထားရန် အမေရိကန်စီစဉ်နေ ဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့သည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ကန့်သတ်ဖိအားပေးရန် အမေရိကန်ကုန်သွယ်ဖက်များအား အကောက်ခွန်မဲ့ညှိနှိုင်းမှုများကို ဆက်လက်အသုံးပြုရန် စီစဉ်နေကြောင်း The Wall Street Journal က အင်္ဂါနေ့တွင်ဖော်ပြခဲ့သည်။

ပြည်သူ့ရင်ပြင်တွင် လမ်းလျှောက်သင်္ကြန်ပြုလုပ်မည်

"အကြတ်နေ့နဲ့ အတတ်နေ့ကို လမ်းလျှောက်သင်္ကြန်လုပ်ပေးသွားမယ်။ အကြိုနေ့နဲ့ အကျနေ့မှာ စတုဒီသာကျွေးနေပါတယ်။ ကလေးတွေတော့ ရေလာကစားကြတယ်" ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ငလျင်တုံ့ပြန်ရေးအတွက် နိုင်ငံ ၁၃ နိုင်ငံက လာရောက်ကူညီ

ထို့အပြင် နိုင်ငံတကာမှ လူမှုဂရုဏာလုပ်သားများသည် မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြီး ဒုက္ခရောက်ခဲ့ကြရသည့် လူဦးရေ ၁၆၅,၀၀၀ အတွက် အမိုးအကာ၊ ရေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းစုံ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ရွေ့ လျားကျန်မာရေးဝန်ဆောင်မှုများကို ကူညီပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

တရုတ်က ငလျင်ဘေးအတွက် ယွမ်ငွေ ၁ ဘီလီယံ ထပ်မံပံ့ပိုးမည် ဟုဆို

ထို့ပြင် ဘေးအန္တရာယ် အကဲဖြတ်ရေးအဖွဲ့စေလွှတ်၍ ငလျင်ဒဏ်ခံစားရဒေသများသို့ ကွင်းဆင်းစစ်ဆေးပြီး မြန်မာနိုင်ငံတွင် ဘေးဒဏ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ်ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များရေးဆွဲရာတွင် ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဒေသအချို့မိုးကြီးပြီး မြေပြိုနိုင်

"အချိန်အခါမဟုတ် မိုးရွာတာဖြစ်သလို လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်လည်း မိုးရွာတာပေါ့။ ပြီးတော့ အပူချိန်မြင့်တဲ့အချိန်မှာ မိုးရွာတာဆိုတော့ ပိုပြီးဂရုစိုက်သင့်တယ်။ မြေပြိုတာတွေဖြစ်နိုင်တယ်။ အဲဒါအရေးကြီးဆုံးပဲ"

ဂါဇာတွင် အစ္စရေး၏ ပိတ်ဆို့ဗုံးကြဲမှုကြောင့် အပျက်အစီးများကြားတွင် ပါလက်စတိုင်း ၃၅ ဦးသေဆုံး

ရှုဂျာရာတွင် ဒဏ်ရာပြင်းထန်စွာဖြင့် အသက်ရှင်ကျန်ရစ်သူများကို ကုသရန်အတွက် သွေးလှူဒါန်းမှုများလိုအပ်နေသည့် ဆေးရုံတစ်ရုံကို အစ္စရေး၏ဗုံးခွဲမှုမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။