» သတင်း

သီပေါတွင် တောင်ယာလုပ်သားတစ်ဦး မိုင်းနင်းမိကာ သေဆုံး

မတ် ၉ ရက်က မိုင်းနင်းမိကာသေဆုံးခဲ့သည့် အသက်(၅၆)နှစ်အရွယ် တောင်ယာလုပ်သား၏ ရုပ်အလောင်းကို သေဆုံးပြီးသုံးရက်အကြာ မတ် ၁၂ ရက်၊ နံနက် ၁၀ နာရီတွင် နယ် စည်းမခြားပရဟိတ(သီပေါ) လူမူကူညီရေးအသင်းက အခက်အခဲများစွာဖြင့် သယ်ယူ​ပေးနိုင်ခဲ့​ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို သည်ဟိဂ်မြို့သို့ ပို့ဆောင်

မတ်လ ၁၁ ရက်၊ ဒေသစံတော်ချိန် ည ၉ နာရီခန့်တွင် ဒူတာတေးကို အခြားသုံးဦးနှင့်အတူ မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်းလုံးငှားလေယာဉ်ဖြင့် ICC ရုံးချုပ်ရှိရာ နယ်သာလန်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း သူ၏ရှေ့နေ Martin Delgra က ပြောကြားသည်။

အမေရိကန် စတော့ဈေးနှုန်းများ ကျဆင်းပြီးနောက် Tesla ကိုဝယ်မည်ဟု ဒေါ်နယ်ထရမ့် ဆို

သို့သော်လည်း စတော့လေ့လာသုံးသပ်သူများက ရှယ်ယာများကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ Tesla ၏ စွမ်းဆောင်ရည်ညံ့ဖျင်းခြင်းကြောင့် လွန်ခဲ့သည့်နှစ်အတွင်းကပင် အရောင်းကျဆင်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ယူကရိန်းက မော်စကိုကို ဒရုန်းများနှင့် အပြင်းအထန်တိုက်ခိုက် နှစ်ဦးသေဆုံး

မော်စကိုတွင် ဒရုန်း ၉၁ စင်းနှင့် ယူကရိန်းနယ်စပ်ရှိ Kursk ဒေသတွင် ဒရုန်း ၁၂၆ စင်းအပါအဝင် ရုရှားနိုင်ငံအပေါ် အင်္ဂါနေ့က စုစုပေါင်းဒရုန်း ၃၃၇ စင်း ပစ်ချခံခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကား၍ Reuters သတင်းတွင်…

ပြည်ပ​ရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သားများ၏ ပြန်ပို့ငွေမတင်ပြနိုင်​သော အေဂျင်စီ ၄၀ ကို အရေးယူမည်

ပြည်ပရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သားများ၏ လုပ်ခလစာအနက်မှ ၂၅ ရာခိုင်နှုန်းကို တစ်လချင်း(သို့မဟုတ်) သုံးလတစ်ကြိမ် တရားဝင်ဘဏ်စနစ်မှတဆင့်လွှဲပို့ရန် ညွှန်ကြားထားပြီး မလိုက်နာလျှင် အဆိုပါအလုပ်သမားကို ပြည်ပထွက်ခွင့် သုံးနှစ်ပိတ်မည်ဖြစ်​ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်မည့်သူများ အလုပ်သမားဝန်ကြီးဌာနသို့ အကြောင်းကြားရမည် ဟုဆို

"ပြည်ပကနေခွင့်နဲ့ပြန်လာလို့တောင် အဆင်မပြေဘူး။ အလွယ်တကူ ပြန်ထွက်လို့ရတော့မှာမဟုတ်ဘူး။ လက်ရှိ အထဲကလူတွေတောင် အကုန်တိုင်ပတ်ကုန်တာ။ အဆင်မပြေဘူး။" ဟု ပြည်ပထွက်ခွာမည့်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

တာ​မွေတွင် ​တိုက်ခန်းပထမထပ်၌ အိမ်ရှင်အမျိုးသမီးကိုကြိုးတုပ်ကာ အနုကြမ်းစီး

အိမ်ရှင်အမျိုးသမီးသည် ​နေအိမ်အတွင်တစ်ဦးတည်း​ရှိ​နေချိန် အမည်မသိသူများက ​​သော့ဖျက်ကာဝင်ရောက်လာပြီး ​အမျိုးသမီးအားလက်ပြန်ကြိုးတုပ်၍ ဓားဖြင့်မွှန်းပြီး ​ရွှေထည်ပစ္စည်းနှင့် ​ငွေများကို အနုကြမ်းစီး ဓားပြတိုက်ခဲ့​ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် နေ့အပူချိန်မြင့်တက်လာနိုင်

မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်း မိုးနည်းရေရှားဒေသများ၏ အမြင့်ဆုံးအပူချိန်သည် ၄၀°C အောက်မှာသာ ဆက်လက်ရှိနေနိုင်ပြီး အနိမ့်ဆုံးအပူချိန်သည် ၂၀°C အောက် ဆက်လက်ရှိနေနိုင်ကာ အအေးဓာတ်ရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။

ရွှေလီနှင့် ကျယ်ဂေါင်တွင် ၉ ရက်အတွင်း မြန်မာ​ရွှေ့​ပြောင်းလုပ်သားများ ၂၀၀ ​ကျော်ဖမ်းဆီးခံရ

"တရုတ်အာဏာပိုင်​တွေက နယ်စပ်ခိုးဝင်တယ်ဆိုပြီး မတ် ၁ ရက်မှ မတ် ၉ ရက်အထိ မြန်မာ​ရွှေ့​ပြောင်းလုပ်သား ၂၀၀ ကျော် ဖမ်းဆီးထားတယ်" ဟု တရုတ်နိုင်ငံ၊ ကျယ်​​ဂေါင်မြို့ရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သားတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အခြားနိုင်ငံများလည်းပါဝင်နိုင် ဟုဆို

အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၀၈ ခုနှစ်က မြန်မာနှင့် ထိုင်းအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအတွက် လိုအပ်သည့်ငွေကြေးကို အချိန်မီရှာဖွေဖြည့်ဆည်းခြင်းမပြုနိုင်ခြင်းကြောင့် စာချုပ်အားရပ်ဆိုင်းခဲ့သည်။