» သတင်း

အမေရိကန်တဝှမ်း ယူကရိန်းလိုလားသော ဆန္ဒပြပွဲများပြုလုပ်

ယူကရိန်းလိုလားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ထားသည့် ဆန္ဒပြသူများက ဒုတိယသမ္မတ ဗန့်စ်နှင့် သူ့မိသားစု များ အားလပ်ရက်အတွင်း နှင်းလျှောစီးအပန်းဖြေနေရာသို့ အလည်အပတ်ရောက်ရှိနေစဉ် Waitsfield၊ Vermont တွင်ရှိသည့် လမ်းတစ်ခုတွင် စီတန်းဆန္ဒပြခဲ့ကြသည်။

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၅၆.၁၅ သန်းသာရရှိထား

"နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကိုဗစ်ကာမတိုင်ခင်အခြေအနေကို မရောက်တော့ဘူး။ ယှဉ်ကြည့်ရင် ထက်ဝက်လောက် ကျသွားတာပေါ့။ အကြီးစားရင်းနှီးမြှုပ်နှံမှုက မလာဘူး။ ပမာ ဏအနည်းငယ်လောက်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ကပဲ လာတာများတယ်။"

ကန်ချနပူရီတွင် တရားမဝင် ဝင်ရောက်လာသူ ၄၉ ဦးကို ဖမ်းဆီး

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်နိုင်ချေရှိပြီး၊ လုံခြုံရေးတပ်ဖွဲ့မှ တွေ့ရှိချိန်တွင် ၎င်းတို့သည် လမ်းလျှောက်သွားလာနေခြင်းဖြစ်သည်။ ဖမ်း ဆီးခံရသူများထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ သက်သေခံစာရွက်စာတမ်းမပါရှိကြောင်း သိရသည်။

HIV ပိုးရှိသူများ သောက်သုံးရသည့် အေအာတီ(ART)ဆေးဝါးများပြတ်လပ်နေ

"ဆေးကထုတ်လို့မရတော့ဘူး။ ဆေးပြတ်နေပြီလို့ပြောတယ်။ မတတ်နိုင်‌ဘူးပေါ့။ စောင့်လို့ရတဲ့အချိန်ထိတော့ စောင့်တာပေါ့။ မရတော့လည်းကံပေါ့။" ဟု အေအာတီ(ART) ဆေး ဝါးသောက်သုံးနေရသူတစ်ဦးက ပြောသည်။

မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦး နေရပ်သို့ပြန်ရောက်

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုအားနည်းသည့် နယ်စပ်ဒေသများတွင် မြင့်မားသည့်လုပ်ခလစာပေးမည်ဟု ကတိပြုကာ နိုင်ငံခြားအလုပ်သမားများကို ဓားစာခံအဖြစ်ဖမ်းဆီးထားခဲ့ပြီး တရားမဝင်အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများတွင် စေခိုင်းခဲ့သည်။

အိမ်ဖြူတော်အငြင်းပွားမှုအပြီးတွင် ဥရောပမဟာမိတ်များက ယူကရိန်းနောက်တွင်ရပ်တည်

အမေရိကန်သမ္မတက ယူကရိန်းသမ္မတ ဇီလန်စကီးကို ရုရှားနှင့် ငြိမ်းချမ်းရေးအတွက် အသင့်မဖြစ်ဟုစွပ်စွဲကာ အိမ်ဖြူတော်မှထွက်ခွာစေပြီးနောက် ယူကရိန်း၏ ဥရောပမဟာမိတ်များသည် တနင်္ဂနွေနေ့တွင် လန်ဒန်၌တွေ့ ဆုံရန်ပြင်ဆင်ကာ သမ္မတ ဇီလန်စကီး၏နောက်တွင် ရပ်တည်ခဲ့ကြသည်။

နှစ်ပေါင်း ၄၀ ကျော်တိုက်ခိုက်ခဲ့သည့် ကာဒရှ်စစ်သွေးကြွများ အပစ်ရပ်ရေးကြေညာ

ယခုသီတင်းပတ်အတွင်း Ocalan က အဖွဲ့ကိုဖျက်သိမ်းရန် တောင်းဆိုပြီးနောက် ကာဒစ်စတန် အလုပ်သမားပါတီ (PKK) ၏ ပထမဆုံးတုံ့ပြန်မှုဖြစ်သည်။ တူရကီနိုင်ငံအား ဆယ်စုနှစ်လေးစုကြာ တိုက်ခိုက်ခဲ့ပြီးနောက် Ocalan က လက်နက်ချရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ခြံအမှတ် (၅၄) နေအိမ်ကို ထပ်မံဈေးလျှော့ချရောင်းချရန် ဦးအောင်ဆန်းဦး နောက်တစ်ကြိမ်တင်ပြ

"သူ့ဘက်ကတော့ ဝယ်မယ့်သူမရှိသရွေ့ ဈေးထပ်လျှော့မှာပဲ။ သူဘယ်လောက်ပဲဈေးလျှော့ဈေးလျှော့ ဝယ်မယ့်သူရှိလာမှာမဟုတ်ဘူး။ ဘယ်သူမှလဲ မဝယ်ရဲဘူးလေ။" ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြည်ပရောက်မြန်မာများ စစ်မှုထမ်းဆင့်ခေါ်ရာတွင် ပြန်လာရမည် ဟုဆို

"အခုက ပုံစံပြောင်းသွားပြီ။ မနှစ်က သန်းခေါင်စာရင်းကောက်ထားတာရှိတယ်။ အဲဒီထဲကအတိုင်း စစ်မှုထမ်းဖို့ ခေါ်မှာ။ ပြည်ပမှာရောက်နေတဲ့သူတွေလည်းပါတယ်။ နာမည်စာရင်းပါရင် သူတို့ကိုပြန်ခေါ်ရမယ်။ မလာရင် အရေးယူခံရမယ်။"

ကိုဗစ်- ၁၉ ချေးငွေပြန်မပေးသူများကို နိုင်ငံပိုင်သတင်းစာတွင်ကြေညာမည် ဟုဆို

"ချေးငွေက ဘယ်လိုပြန်ဆပ်မလဲ။ သိတဲ့အတိုင်း စီးပွားရေးတွေကအဆင်မပြေဘူး။ အရှုံးပေါ်နေတာ။ ပြီးတော့လည်း သူတို့ပဲအမျိုးမျိုး ဟိုဟာပိတ်လိုက် ဒီဟာပိတ်လိုက်နဲ့ အလုပ်ကဘယ်အဆင်ပြေတော့မလဲ။" ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။