» သတင်း

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများထိတ်လန့်ခဲ့ရ

“ဝရန်တာမှာ ထိုင်ပြီးဖုန်းကြည့်နေတာ။ အဲ့အချိန်မှာ ခန္တာကိုယ်က မူးသလိုဖြစ်တာနဲ့ ငလျင်လုပ်တာပဲ့ဆိုပြီး အိမ်ပေါ်ကဆင်းပြေးတာ။ လှေကားရင်းမှာ ခဏထိုင်သေးတယ်။ ပြီးမှ အိမ်ပြင်ထွက်ကြတာ။ ငလျင်လှုပ်တာက သိသာနေတယ် အသံတွေကျွတ်ကျွတ်နဲ့။ နောက် ၁၀ မိနစ်လောက်နေမှ ထပ်လှုပ်ရင်တော့ အိမ်ထဲမရဲတော့ဘူး။ တစ်ချို့အိမ်ဆို…

ငြိမ်းချမ်းရေးလမ်းလျှောက်သည့် ဗုဒ္ဓဘာသာရဟန်းတော်များ ဖေဖော်ဝါရီ ၁၀ ရက်တွင် ဝါရှင်တန်ရောက်မည်

လွန်ခဲ့သော ၁၀၁ ရက်ခန့်က တက္ကဆက်ပြည်နယ်၊ ဖို့ဝါ့သ်မြို့ရှိ ဗုဒ္ဓဘာသာစင်တာတစ်ခုမှ ၎င်းတို့၏ ရည်မှန်းချက်ကြီးမားသောခရီးစဉ်ကို စတင်ခဲ့ပြီးနောက်ပိုင်း ရဟန်း ၂၀ ခန့်ပါအဖွဲ့သည် စည်းလုံးမှု၊ ကရုဏာ၊ သတိပဋ္ဌာန်၊ နှစ်သိမ့်ခြင်းနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းစကားကို ဖြန့်ဝေခဲ့သည်။

ဒေသခံအရာရှိများကို ဝေဖန်သည့်သတင်း ရေးသားပြီးနောက် တရုတ်သတင်းထောက် လျူဟူ စီချွမ်တွင် ဖမ်းဆီးခံရ

ကြာသပတေးနေ့က ထုတ်ဝေခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ချန်ဒူးလက်အောက်က ပူကျန်းခရိုင်၏ ကွန်မြူနစ်ပါတီအတွင်းရေးမှူး ပူဖာယိုသည် ပုဂ္ဂလိကလုပ်ငန်းများကို နှိမ်နင်းရန် ၎င်း၏အခွင့်အာဏာကို အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲထားသည့် သတင်းတစ်ပုဒ်ကို သတင်းရင်းမြစ်တစ်ခုအား ကိုးကားဖော်ပြခဲ့သည်။

ပါကစ္စတန်သည် ခွဲထွက်ရေးသူပုန်များလက်မှမြို့ကို ရဟတ်ယာဉ်များနှင့် ဒရုန်းများအသုံးပြုကာ ပြန်လည်ရယူ

ဒေသ၏ အင်အားအကြီးဆုံးသူပုန်အဖွဲ့ဖြစ်သော ဘာလော့ချ်လွတ်မြောက်ရေးတပ်မတော် (BLA) ၏ တိုက်ခိုက်ရေးသမားများသည် ဘာလိုချ်စတန်တစ်ဝှမ်းရှိ ကျောင်းများ၊ ဘဏ်များ၊ ဈေးများနှင့် လုံခြုံရေးအဆောက်အအုံများကို လျှင်မြန်စွာဝင်ရောက်စီးနင်းခဲ့ပြီး လုံခြုံရေးအရာရှိ ၂၂ ဦးနှင့် အရပ်သား ၃၆ ဦးထက်မနည်း သေဆုံးခဲ့သည်။

ထိုင်းဈာပနတစ်ခုကို နိုင်ငံခြားသားများက လမ်းဘေးစားသောက်ဆိုင်ဟု အထင်မှားကာ ဝင်ထိုင်ခဲ့ကြ

လူမှုကွန်ရက်မှဗီဒီယိုတွင် ဈာပနဧည့်သည်များအတွက် ပြင်ဆင်ထားသောစားပွဲတွင် လူဖြူအမျိုးသားနှစ်ဦး ထိုင်နေသည်ကိုတွေ့ရပြီး ထိုင်းအမျိုးသမီးတစ်ဦးက ၎င်းတို့အား စားသောက်ဖွယ်ရာများ ပြင်ဆင်ပေးနေသည်ကို တွေ့ရသည်။

တိုက်ကြီးမြို့နယ်တွင် စားသောက်ဆိုင် မီးလောင်

“၁၂ ပေပတ်လည်အခန်းအတွင်းမှာ သွယ်တန်းထားတဲ့ လျှပ်စစ်ဝါယာကြိုးက ချို့ယွင်းပြီးတော့ အပူလွန်ကဲရာကနေ မီးပွားထွက်ပြီး အောက်ကဆိုဖာခုံပေါ်ကို မီးစကျပြီး စလောင်တာ။ ဆုံးရှုံးမှုတန်ဖိုးကတော့ တွက်နေတုန်းပါ။ လူထိခိုက်မှုတော့ မရှိပါဘူး။ တိုက်ကြီးမှာ ပထမလနဲ့ ဒီလဆိုရင် မီးလောင်တာနှစ်ကြိမ်ရှိပါပြီ။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ…

ဘိုးရင်းဂျက်လေယာဉ် ၁၀ စင်း မှာယူမှုကို အဲယားကမ္ဘောဒီးယား အတည်ပြု

ကမ္ဘောဒီးယားနှင့် ၎င်း၏အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်သော အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးသည် ဖနွမ်းပင်၏ လူ့အခွင့်အရေးမှတ်တမ်း၊ နိုင်ငံရေးလွတ်လပ်ခွင့်များနှင့်ပတ်သက်၍ စိုးရိမ်မှုများကြား ဘိုင်ဒင်အစိုးရလက်ထက်တွင် ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရမ့် ရာထူးတာဝန် ပြန်လည်ထမ်းဆောင်ပြီးနောက် တိုးတက်လာခဲ့သည်။

လှည်းကူးမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ် ငါးဦးသေဆုံး၊ ၂၈ ဦး ဒဏ်ရာရ

“အမှတ် (၂) လမ်းမှာ ကားနှစ်စီးက မျက်နှာက်ချင်းဆိုင်တိုက်ကြတာ။ ဖယ်ရီကားပေါ်မှာပါတဲ့ယာဉ်မောင်းတစ်ယောက်ရယ် အမျိုးသမီးလေးယောက်။ စုစုပေါင်း ငါးယောက်သေဆုံးတယ်။ ပဲခူးက အထည်ချုပ်ကသူတွေကို ဖယ်ရီကားကလာကြိုတာ။ သေဆုံးသူတွေကိုတော့ လှည်းကူးမှာပဲထားတယ်။” ဟု အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရုရှားရေနံတင်သွင်းမှု ရပ်တန့်ရန်အတွက် အိန္ဒိယရေနံချက်စက်ရုံများ အချိန်လိုအပ်ဟု သတင်းရင်းမြစ်များ ဆို

အိန္ဒိယနှင့် ကုန်သွယ်ရေးသဘောတူညီချက်သည် အိန္ဒိယကုန်စည်များအပေါ် အမေရိကန်၏ အခွန်ကောက်ခံမှုကို ၅၀% မှ ၁၈% အထိ လျှော့ချပေးမည်ဖြစ်ပြီး၊ အိန္ဒိယသည် ကုန်သွယ်ရေးအတားအဆီးများကိုလျှော့ချပြီး ရုရှားမှရေနံဝယ်ယူမှုကို ရပ်တန့်ပေးမည်ဖြစ်သည်။ အိန္ဒိယသည် အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံမှ ရေနံဝယ်ယူမည်ဖြစ်သည်။

ဖားကန့်မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး လက်နက်ကြီးထိမှန်ကာ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိ ဟုဆို

“လေကြောင်းတိုက်ခိုက်မှုကြောင့်တော့မဟုတ်ဘူး။ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ၃၁ ရက်နေ့မှာ ကလေးတစ်ယောက်ထိတယ်။ စာသင်ကျောင်းကိုကျတာ ကလေးနှစ်ယောက်၊ အဲနေ့ မနက်အစောပိုင်းမှာ အမျိုးသားတစ်ဦးထိတယ်။ ဒီနေ့မနက်က နှစ်နှစ်အရွယ်ကလေးနဲ့ မိသားစုသုံးယောက်ထိတယ်။ သေဆုံးသူလည်းရှိတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။