» သတင်း

အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ကျောင်းသားများ ပထမဆုံးအကြိမ် ပြုလုပ်

အီရန်နိုင်ငံရှိ တက္ကသိုလ်အများအပြားမှ ကျောင်းသားများသည် အစိုးရဆန့် ကျင်ရေးဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြပြီး ပြီးခဲ့သည့်လက အာဏာပိုင်များ၏ အသေအပျောက်များသော နှိမ်နင်းမှုနောက်ပိုင်း ဤကဲ့သို့သော ကြီးမားသည့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။

ပါကစ္စတန်က လေကြောင်းတိုက်ခိုက်ခြင်းကြောင့် အာဖဂန်နစ္စတန်တွင် လူဒါဇင်ပေါင်းများစွာ သေဆုံးဒဏ်ရာရ

ပါကစ္စတန်တွင် မကြာသေးမီက အသေခံဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အာဖဂန်အခြေစိုက် စစ်သွေးကြွအဖွဲ့များကို ပစ်မှတ်ထားသည့် နယ်စပ်ဒေသတလျှောက်ရှိ နေရာခုနစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အစ္စလာမာဘတ်က ပြောကြားသည်။

မည်သည့်နိုင်ငံမှ နျူကလီးယား သန့်စင်မှုအခွင့်အရေးကို ရုပ်သိမ်း၍မရ ကြောင်း အီရန်ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျီနီဗာတွင် ဆွေးနွေးပွဲများအပြီး စစ်ရေးအရအရေးယူမည်ဟု အရိပ်အမြွက်ပြောကြားပြီးနောက် အီရန်အဏုမြူစွမ်းအင်အကြီးအကဲ မိုဟာမက် အီစလာမီက မည်သည့်နိုင်ငံမှ အစ္စလာမ္မစ်သမ္မတနိုင်ငံအား နျူကလီးယားသန့်စင်မှုအခွင့်အရေးကို ရုပ်သိမ်း၍မရကြောင်း ပြောကြားခဲ့သည်။

ချားလ်စ်ဘုရင်၏ညီ အင်ဒရူးကို ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီး

အမေရိကန်အစိုးရ၏ မကြာသေးမီကထုတ်ပြန်ခဲ့သော မှတ်တမ်းများအရ မောင့်ဘက်တန်-ဝင်းဆာသည် ကွယ်လွန်သူ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်သားထံ အစိုးရ၏လျှို့ဝှက်စာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့သည်ဟူသော စွပ်စွဲချက်များကို Thames Valley ရဲတပ်ဖွဲ့အရာရှိများက ယခုလအစောပိုင်းတွင် စဉ်းစားနေကြောင်း ပြောကြားသည်။

ဝါးတရာစက်မှုဇုန်မှ အထည်ချုပ်စက်ရုံ မီးလောင်မှု Level (2) အဆင်သို့ရောက်ရှိနေ

“စက်ရုံထဲမှာ အထည်ပိတ်လိတ်တွေ လှိုက်ပြီးလောင်နေတာ။ ဂိုထောင်ထဲမှာ မီးခိုးတွေကအရမ်းထွက်တော့ မီးသတ်တပ်ဖွဲ့ကတော့ ခေါင်မိုးဖောက်နေတယ်။ စက်ရုံတွေကတော့ များသောအားဖြင့် လျှပ်စစ်ဝါယာရှော့ဖြစ်တာများတယ်။ စက်ရုံတစ်ခုလုံးတော့ကုန်တယ်။ Level (2) အဆင့်တော့ရောက်ပြီ။ အခုထိတော့ မီးမငြိမ်းသေးဘူး။ ရေလည်းပြတ်သွားလို့ ဆုံးရှုံးမှုကတော့ စက်ရုံတစ်ရုံလုံးပဲ။” ဟု…

ဗာတီကန်က ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်မည်မဟုတ်ကြောင်း ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟုခေါ်သော အစီအစဉ်တွင် ဗာတီကန်သည် ပါဝင်မည်မဟုတ်ကြောင်း ဗာတီကန်၏ ထိပ်တန်းသံတမန်အရာရှိ ကာဒီနယ် ပီထရိုပါရိုလင်က အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး အကျပ်အတည်းအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုများကို ကုလသမဂ္ဂမှ စီမံခန့်ခွဲသင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်အပေါ်မှီခိုမှုကို လျှော့ချရန် ကနေဒါက ကာကွယ်ရေးအစီအစဉ် စတင်

အန္တရာယ်များလာနေသော ကမ္ဘာကြီးတွင် ကနေဒါသည် မိမိကိုယ်ကိုယ်ကာကွယ်ရန် လုံလောက်စွာ မလုပ်ဆောင်ခဲ့ကြောင်းနှင့် အမေရိကန်၏ကာကွယ်မှုကို မှီခိုအားထားခြင်းသည် အသက်မဝင်တော့ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လွတ်လပ်သောအာရှအသံ (RFA) တရုတ်နိုင်ငံတွင် ပြန်လည်ထုတ်လွှင့်

ပြီးခဲ့သည့်နှစ်က ထရမ့်အစိုးရ၏ ရန်ပုံငွေထောက်ပံ့မှု လျှော့ချခံခဲ့ရသည့် လွတ်လပ်သောအာရှအသံဌာနခွဲသည် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းရန် ဖိအားပေးခံခဲ့ရပြီးနောက် လွတ် လပ်သောအာရှအသံ (RFA) သည် တရုတ်နိုင်ငံရှိ ပြည်သူများအတွက် ပြန်လည်ထုတ်လွှင့်ပြီဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ်က အင်္ဂါနေ့တွင် ပြောကြားသည်။

အမေရိကန် နိုင်ငံသားအခွင့်အရေးခေါင်းဆောင် ဂျက်စီဂျက်ဆင် ကွယ်လွန်

“ဒီည မင်းဘယ်နေရာမှာပဲရှိနေပါစေ မင်းအောင်မြင်နိုင်ပါတယ်။ ခေါင်းမော့ထားပြီး ရင်ဘတ်ကိုထုတ်ထားပါ။ မင်းအောင်မြင်နိုင်ပါတယ်။ တစ်ခါတလေ မှောင်နေပေမယ့် မနက်ခင်းရောက်လာလိမ့်မယ်။ မင်းအရှုံးမပေးပါနဲ့။ ဒုက္ခက စရိုက်ကိုမွေးမြူပေးပြီး စရိုက်က ယုံကြည်ခြင်းကိုလည်းမွေးမြူပါတယ်။ နောက်ဆုံးမှာတော့ ယုံကြည်ခြင်းက စိတ်ပျက်စရာမရှိပါဘူး” ဟု ဂျက်ဆင်က ထပ်လောင်းပြောကြားခဲ့သည်။

ရေနီမြို့ စက္ကူစက်ရုံဝန်းအတွင်းရှိ ဂိုဒေါင်တစ်လုံး မီးလောင်

“စက်ရုံဝန်းထဲမှာ ဂိုထောင်ရှိတယ်။ မီးဖိုကနေပြီတော့ စလောင်တာ။ နနွင်းတို့၊ ဝဥတို့ကို မီးဖိုမီးနဲ့ ပေါင်းခံတာ။ ပေါင်ခံရင်းနဲ့ မီးထိုးရတာ။ မီးထိုးရတော့ မီးဖိုးဘေးကနေ ဘေးအကာကို မီးကူးပြီးလောင်တာ။ ဆုံးရှုံးမှုကတော့ ခြောက်သိန်းလောက်ပဲရှိပါတယ်။ လူထိခိုက်မှုတော့မရှိပါဘူး။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက…