» သတင်း

အမေရိကန် နိုင်ငံသားအခွင့်အရေးခေါင်းဆောင် ဂျက်စီဂျက်ဆင် ကွယ်လွန်

“ဒီည မင်းဘယ်နေရာမှာပဲရှိနေပါစေ မင်းအောင်မြင်နိုင်ပါတယ်။ ခေါင်းမော့ထားပြီး ရင်ဘတ်ကိုထုတ်ထားပါ။ မင်းအောင်မြင်နိုင်ပါတယ်။ တစ်ခါတလေ မှောင်နေပေမယ့် မနက်ခင်းရောက်လာလိမ့်မယ်။ မင်းအရှုံးမပေးပါနဲ့။ ဒုက္ခက စရိုက်ကိုမွေးမြူပေးပြီး စရိုက်က ယုံကြည်ခြင်းကိုလည်းမွေးမြူပါတယ်။ နောက်ဆုံးမှာတော့ ယုံကြည်ခြင်းက စိတ်ပျက်စရာမရှိပါဘူး” ဟု ဂျက်ဆင်က ထပ်လောင်းပြောကြားခဲ့သည်။

ရေနီမြို့ စက္ကူစက်ရုံဝန်းအတွင်းရှိ ဂိုဒေါင်တစ်လုံး မီးလောင်

“စက်ရုံဝန်းထဲမှာ ဂိုထောင်ရှိတယ်။ မီးဖိုကနေပြီတော့ စလောင်တာ။ နနွင်းတို့၊ ဝဥတို့ကို မီးဖိုမီးနဲ့ ပေါင်းခံတာ။ ပေါင်ခံရင်းနဲ့ မီးထိုးရတာ။ မီးထိုးရတော့ မီးဖိုးဘေးကနေ ဘေးအကာကို မီးကူးပြီးလောင်တာ။ ဆုံးရှုံးမှုကတော့ ခြောက်သိန်းလောက်ပဲရှိပါတယ်။ လူထိခိုက်မှုတော့မရှိပါဘူး။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက…

ဖားကန့်တွင် မြေစာပုံပြိုကျကာ လူ ၂၀ ကျော်သေဆုံး ဟုဆို

“ကျောက်ရှာနေရင်းနဲ့ဖြစ်တာဆိုတော့ လူဦးရေက အတိအကျမသိနိုင်ဘူး။ တစ်ချို့ကတော့ ဒဏ်ရာရတာတွေလည်းများတယ်ပြောတယ်။ သေဆုံးတာများတယ်ပြောတယ်။ အ ယောက်၂၀ ကျော်လောက်ရှိတယ်လို့ပြောတယ်။ အခုကတိတိကျကျမသိရသေးဘူး။ ရှာဖွေရေးတွေတော့ လုပ်နေကြတုန်း။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အထွေထွေရွေးကောက်ပွဲကို ပယ်ဖျက်ပေးရန် ကျောင်းသားများက တရားရုံးတွင် တောင်းဆို

တက္ကသိုလ်ကျောင်းသားအဖွဲ့တစ်ဖွဲ့က ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲကို ပယ်ဖျက်ပေးရန် ဗဟိုအုပ်ချုပ်ရေးတရားရုံးသို့ တောင်းဆိုခဲ့ပြီး မဲစာရွက်များပေါ်ရှိ ဘားကုဒ်များနှင့် QR ကုဒ်များသည် မဲဆန္ဒရှင်များ၏ ရွေးချယ်မှုများကို တရားမဝင်ဖော်ထုတ်နိုင်သည်ဟုဆိုကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ပတွင် ဧရာမဆန္ဒပြပွဲများအပြီး တီဟီရန်တွင် အစိုးရဆန့်ကျင်ရေးကြွေးကြော်သံများ ထွက်ပေါ်လာ

ဆန္ဒပြလှုပ်ရှားမှုများကို ဖြိုခွင်းမှုအပြီးတွင် လမ်းပေါ်ဆန္ဒပြပွဲများ ငြိမ်သက်သွားသော်လည်း ပြီးခဲ့သည့်အပတ်က တီဟီရန်နှင့် အခြားမြို့များမှ ဒေသခံများသည် ၎င်းတို့၏ကိုယ်ပိုင်အိမ်များ၏ ဘေးကင်းရာနေရာများမှ ခေါင်းဆောင်များကိုဆန့်ကျင်သည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

ပခုက္ကူမြို့တွင် စက်သုံးဆီဆိုင်မီးလောင်၊ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ ဟုဆို

“ဆီအတင်အချလုပ်တဲ့ကားပေါ့နော် ကားပေါ်မှာဆီပေပါတွေပါတယ်။ ဆီပေပါကို ဂေါက်တံနဲ့လှည့်ဖွင့်တာ။ ဂေါက်တံနဲ့ဖွင့်တဲ့အချိန်မှာ မီးပွါးထွက်သွားတာ။ အဲ့ဒီကနေမီးစလောင်တာပါ။ အဲ့ဒီကအလုပ်သမားနှစ်ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ၁၈ သိန်းရှိပါတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မရမ်းကုန်းမြို့နယ်တွင် ကုန်မာဆိုင်မီးလောင်ကျွမ်း အမျိုးသမီးနှစ်ဦးသေဆုံး

“အပေါ်၊ အလယ်၊ အောက် သုံးနေရာလုံးကို သော့ခတ်ပိတ်ထားတာမျိုး။ ကျန်မိသားစုဝင် မောင်နှမတွေကလည်း အနီးအနားလမ်းတွေမှာ စျေးဆိုင်တွေဖွင့် ရောင်းချနေထိုင်ကြတာ။ ဆွေမျိုးမိတ်ဆွေတွေအနေနဲ့ အကြောက်အလန့်ကြီးပြီး။ အပြင်ကနေ သေ့ာခတ်တာမျိုးတွေရှိခဲ့ရင် ခုလိုအရေးအကြောင်းပေါ်လာရင် အသက်ပါဆုံးရှုံးသွားစေရတဲ့ ဖြစ်ရပ်မျိုးပါ။” ဟု အဆိုပါရပ်ကွက်တွင်နေသူတစ်ဦးက ယနေ့ခေတ်သို့…

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

“ဒဏ်ရာရတဲ့သူတွေက များပါတယ်။ ဒဏ်ရာရတဲ့ထဲမှာ ကလေးတွေလည်းပါတယ်။ အမျိုးသမီးတစ်ဦးတော့ ဆုံးသွားတယ်။ ဒဏ်ရာရတာ ၁၃ ယောက်နဲ့ သေတာတစ်ယောက်ပါ။ လာရာတူမောင်းလာတဲ့ကားက အရှေ့ကားကို အရှိန်မထိန်းနိုင်ပဲ တိုက်လိုက်ပုံရတယ်။ ကားတွေလည်း အတော်ပျက်စီးသွားတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့…

ထိုင်ဝမ်သမ္မတက ကျွန်း၏ကာကွယ်ရေးကို အားကောင်းစေမည်ဟု တရုတ်နှစ်သစ်ကူး သဝဏ်လွှာတွင် ကတိပြု

"ကျွန်ုပ်တို့သည် အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် လူမှုရေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့၏ အမျိုးသားကာကွယ်ရေးနှင့် အများပြည်သူလုံခြုံရေးလုပ်ငန်းများကို ဆက်လက်အားကောင်းစေမည်" ဟု ၎င်း၏လူမှုမီဒီယာများတွင် ဖော်ပြထားသော သဝဏ်လွှာတွင် ပြောကြားခဲ့သည်။

ဖားကန့်မြို့တွင် လက်နက်ကြီးကျည်ကျရောက်ခြင်းကြောင့် ခြောက်ဦးဒဏ်ရာရရှိ ဟုဆို

“လုံးခင်ကျေးရွာကို ကျတာ။ တရုတ်စာသင်ကျောင်း ကလေးအဆောင်အနီးမှာ အိမ်ခန်းငှားနေတဲ့ အဆောင်ပေါ်ကို လက်နက်ကြီးကျည်ကျတာ။ ထမင်းစားနေကြတဲ့ ကလေးလေးယောက်နဲ့ လူကြီးနှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။